ကမ္ဘာ့အလျှို့ဝှက်ဆုံး အဆင့်မြင့်‌ သေနတ်များ

ယနေ့ခေတ် ကမ္ဘာ့အလျှို့ဝှက်ဆုံး အဆင့်မြင့်‌ 6သနဝာ်များအကြောင်း

ယနေ့ခေတ်မှာ စစ်လက်နက်ပစ္စည်းတွေဟာ နှစ်စဉ်နှစ်တိုင်း အဆင့်မြင့်လာပြီး နိုင်ငံတိုင်းဟာ အခြားနိုင်ငံတွေထက် သာလွန်အောင် ကြိုးစားနေကြပါတယ်။ဒါကြောင့် စစ်ဘက်တပ်ဖွဲ့ဝင်တွေရဲ့ လက်ထဲမှာ အံ့အားသင့် ကြောက်မက်ဖွယ်တီထွင်မှုတွေဟာ များသထက်များလာခဲ့ပါတယ်။

၁။ Phasr ရိုင်ဖယ်

နံပါတ် (၁) ကတော့ Phasr ရိုင်ဖယ် ဖြစ်ပါတယ်။ အဆင့်မြင့်ဆုံးလက်နက်အချို့ဟာ ရန်သူတွေကို အပြတ်နှိမ်နင်းဖို့မဟုတ်ဘဲ ဆန်းသစ်တဲ့နည်းတွေနဲ့ မသန်မစွမ်းဖြစ်အောင် လုပ်နိုင်တဲ့နေရာမှာ အသုံးပြုကြပါတယ်။

ဒီရိုင်ဖယ်ကတော့ ရန်သူတွေကို ထိထိရောက်ရောက် တိုက်ခိုက်ရာမှာ အလွန်အသုံးဝင်ပြီး ကုလသမဂ္ဂကတောင် ပိတ်ပင်ခံထားရတဲ့ လက်နက်မျိုး ဖြစ်ပါတယ်။

ဒီလက်နက် ထိမှန်ခဲ့မယ်ဆိုရင် မျက်လုံးကို တစ်သက်လုံး ဂာန်းသွားစေမှာမဟုတ်ဘဲ ခဏတာသာမျက်လုံးဂာန်းသွားစေမဲ့ Two Wave လေဆာကို တပ်ဆင်အသုံးထားပါတယ်။

အဲဒီလက်နက်ကို စစ်ဘက်တပ်ဖွဲ့ဝင်တွေအပြင် ရဲတပ်ဖွဲ့ဝင်တွေပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီရိုင်ဖယ်ကို အမေရိကန်လေတပ်ရဲ့ စွမ်းအင်သုသေသတနအဖွဲ့က တီထွင်ထုတ် လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

၂။ Cornershot ရိုင်ဖယ်

နံပါတ် (၂) ကတော့ Cornershot ရိုင်ဖယ် ဖြစ်ပါတယ်။ ဒီရိုင်ဖယ်ဟာ ရန်သူအဝိုင်းခံထားရပြီး ပိတ်မိနေတဲ့အချိန်မှာ ရန်သူက မိမိကို‌ ‌‌6သနဝာ် ချိန်ရွယ်ထားမှု သိရှိနိုင်ဖို့အတွက် ကောင်းစွာဖြေရှင်းပေးနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီရိုင်ဖယ်ရဲ့အလယ်မှာ ၆၀ ဒီဂရီကွေးလို့ရတဲ့ ပတ္တာတစ်ခုနဲ့ ကင်မရာတို့ပါဝင်နေတဲ့အတွက် ရန်သူ့လှုပ်ရှားနေမှုကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ‌ေ သနဝာ် လှံစွပ်ထိပ်မှာတပ်ထားတဲ့ ဓာတ်မီးကတော့ ကင်မရာရဲ့မြင်ကွင်းကို ရှင်းလင်းပေးပါတယ်။

ရိုင်ဖယ်မှာပါဝင်တဲ့ အပစ်လုတ်နဲ့ လက်ကိုင်ကွင်းတွေဟာ မိမိတို့ပုန်းအောင်းနေတဲ့ နံရံရဲ့နောက်ကွယ်မှာ လုံခြုံစွာတည်ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီ‌ေ သနဝာ်မှာ ၄ဝ မီလီမီတာ လက်ပစ်ဗုံးနဲ့ လောင်ချာတွေတပ်ဆင် အသုံးပြုနိုင်ပါတယ်။

ဒီလက်နက်ကို အမေရိကန်နိုင်ငံ၊ Cornerer-shop Holding ကုမ္ပဏီက အစ္စရေးနိုင်ငံအတွက် တီထွင်ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

၃။ AA12 Atchisson ချေမှုန်းရေးရိုင်ဖယ်

နံပါတ် (၃) ကတော့ AA12 Atchisson ချေမှုန်းရေးရိုင်ဖယ်ပဲဖြစ်ပါတယ်။ ၎င်းရိုင်ဖယ်ဟာ ပုံမှန်ထက် နောက်ကန်အားကို ၁၀ ရာခိုင်နှုန်းသာ ထားရှိထုတ်လုပ်ထားတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ ပစ်ခတ်အသုံးနိုင်ပါတယ်။

အတွဲလိုက်ပစ်ခတ်မယ်ဆိုရင် ကျည် ၅ တောင့် ဆက်တိုက်ပစ်ခတ်နိုင်ပြီး သာမန်ကျည်ဆန်အပြင် လက်ပစ်ဗုံးတွေလဲ ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။ ဒီရိုင်ဖယ်ကိုတော့ အမေရိကန် Maxwell Atchisson အင်ဂျင် နီယာကုမှုဏီကထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်မိနစ်ကို ကျည်အတောင့် ၃၀၀ အထိ ပစ်ခတ်နိုင်ကာ မီတာ ၂၀၀ အထိ ထိရောက်စွာပစ်ခတ်နိုင်စွမ်းရှိပါတယ်။

၄။ Armatix Digital Revolver ပစ္စတို6သနဝာ်

နံပါတ် (၄) ကတော့ Armatix Digital Revolver ပစ္စတိုဖြစ်ပါတယ်။ ဒီပစ္စတိုဟာ ပိုင်ရှင်က အသုံးပြုမှသာ အလုပ်လုပ်တဲ့ သေနတ်မျိုးဖြစ်ပါတယ်။

ဒီသေနဝာ်ဟာ လက်ဗွေရာနဲ့ဖွင့်နိုင်တဲ့ လက်ပတ်နာရီဝတ်ဆင်ထားတဲ့သူကသာ ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပစ္စတိုကို ပိုင်ရှင်မဟုတ်တဲ့သူကလွဲပြီး အခြားဘယ်သူမှ ပစ်ခတ်နိုင်မှာမဟုတ်ပါဘူး။

ပိုင်ရှင်ကိုပြန်ပြီး ပစ်ခတ်လို့လဲမရနိုင်ပါဘူး၊ ဒီပစ္စတိုနဲ့ တွဲဖက်အသုံးပြုတဲ့ လက်ပတ်နာရီဟာ ‌6သနဝာ်ရဲ့အားမာဏနဲ့ အချိန်တစ်ခုအတွင်း ဘယ်လောက်အထိပစ်နိုင်တာကိုလဲ ပြသပေးနိုင်ပါတယ်။

ဒီနာရီမှာ‌တော့ အချိန်ကန့်သက်မှုစနစ်လဲပါဝင်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ကျော်ပြီးဆိုတာနဲ့ ပစ်ခတ်လို့မရအောင် ပြုလုပ်ထားနိုင်တဲ့စနစ်ကို ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ ပစ်မှတ်ကိုသာ ပစ်ခတ်နိုင်ပြီး အခြားသတ်မှတ်ထားခြင်း မရှိတဲ့ပစ်မှတ်တွေကို မပစ်ခတ်နိုင်အောင်ပြုလုပ်နိုင်တဲ့စနစ်ကိုလဲ ထည့်သွင်းထားပါတယ်။

ဒီပစ္စတိုက ၇၅ ပေ(၆၉ မီတာ)အထိ ထိရောက်စွာပစ်ခတ်နိုင်စွမ်းရှိပါတယ်။ ကျည်ဆန် ၁၀ တောင့်အထိ ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။ တီထွင်ထုတ်လုပ်တဲ့နိုင်ငံကတော့ ဂျာမနီနိုင်ငံ ဖြစ်ပါတယ်။

Credit-Author;ကျော်လင်းအောင်(သုတေသန)

Leave a Reply

Your email address will not be published.