ပုတ်သင်ညိုကဲ့သို့ အရောင်ပြောင်းနိုင်သော မော်တော်ကား

ပုတ်သင်ညိုကဲ့သို့ အရောင်ပြောင်းနိုင်သော မော်တော်ကား

ဂျာမနီနိုင်ငံအခြေစိုက် BMW မော်တော်ကား ကုမ္ပဏီဟာ ပုတ်သင်ညိုကဲ့သို့ အရောင်ပြောင်းနိုင်သော မော်တော်ယာဉ် အမျိုးအစားသစ်တစ်မျိုးကို အမေရိကန်နိုင်ငံ၌ ဇန်နဝါရီလက ကျင်းပခဲ့သည့် အီလက်ထရွန်နစ်ပစ္စည်းများပြပွဲ (၂၀၂၂)တွင် ထုတ်ဖော်ပြသခဲ့ပါတယ်။

အဆိုပါ BMW ကားသစ်ကို iX Flow လို့ အမည်‌ပေးထားပါတယ် ။ iX Flow ဟာ လျှပ်စစ် SUV ကားအမျိုးအစားဖြစ်ပြီ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် ကားဘော်ဒီကာလာ အရောင်ကို ပြောင်းလဲပေးနိုင်ပါတယ်။

လက်ရှိမှာ အဖြူ၊ အနက်နဲ့ အညိုရောင်တွေပဲ ပြောင်းပေးနိုင်ပါသေးတယ်။ ဒါပေမယ့် BMW က နောက်ပိုင်းမှာ အရောင်များစွာ ပြောင်းလဲနိုင်မယ်လို့ ပြောပါတယ်။

BMW မော်တော်ကားကုမ္ပဏီဟာ iX Flow ၏ အရောင်ပြောင်းနိုင်စွမ်းကို Electrophoresis ခေါ် နည်းပညာတစ်မျိုးကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်ပါတယ်။

Electrophoresis နည်းပညာဟာ လျှပ်စစ်စက်ကွင်းဖြင့် မော်လီကျူးများကို ခွဲထုတ်၍ မော်လီကျူးများ၏ စွမ်းအင်ပမာဏအပေါ်မူတည်၍ အရောင်ပြောင်းလဲပေးသော နည်းပညာ ဖြစ်ပါတယ်။

အနာဂတ်တွင်လည်း BMW ကားသစ်များ၏ အတွင်းပိုင်းကို အရောင်ပြောင်းနိုင်ရေးအတွက် Electrophoresis နည်းပညာကို အသုံးပြုရန် BMW မော်တော်ကားကုမ္ပဏီက ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

BMW မော်တော်ကားကုမ္ပဏီ၏ အဆိုအရ iX Flow ရဲ့ ကိုယ်ထည်မျက်နှာပြင်ပေါ်တွင် အရွယ်အစားအားဖြင့် လူ့ဆံခြည်မျှင်၏ အချင်းမျှသာရှိပြီး လျှပ်စစ်ဓာတ်ဖိုနှင့် ဓာတ်မဆောင် အဖြူ၊ အမည်း အရောင်မော်လီကျူးများပါရှိသည့် အလုံပိတ်ပြွန်ငယ်လေးများကို ဖုံးလွှမ်းပေးထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဒီကားဟာ  BMW ရဲ့ အရောင်းပြခန်းတွေမှာ မကြာခင် ရောက်လာမှာတော့ မဟုတ်သေးပါဘူး။ BMW က သုတေသန ပြုလုပ်နေတုန်းလို့ ပြောပါတယ်။ လက်ရှိမှာ အများအပြားထုတ်လုပ်ဖို့ မလွယ်သေးပေမဲ့လည်း BMW ရဲ့ iX Flow အယူအဆသစ်ကတော့ လက်ရှိမှာ လူကြိုက်များနေတာပဲ ဖြစ်တယ်။

Leave a Reply

Your email address will not be published.