ဟစ်တလာရဲ့ လူမတည်းခိုခဲ့ရတဲ့ ဟိုတယ်ကြီးအကြောင်း

ဟစ်တလာရဲ့ လူမတည်းခိုခဲ့ရတဲ့ ဟိုတယ်ကြီးအကြောင်း

ဟစ်၊တလာနဲ့ သူ့ရဲ့ နာ၊ဇီအဖွဲ့ဝင်တွေဟာ ၁၉၃၆ ခုနှစ်မှာ Proraလို့ အမည်ပေးထားတဲ့ ဟိုတယ် ကြီးတစ်ခုကို စတင်ဆောက်လုပ်စေခဲ့ပါတယ်။

ဒီဟိုတယ်ကြီးဟာ ဂျာမနီဘော်လ်တစ်ပင်လယ်ထဲက ကျွန်းတစ်ကျွန်းဖြစ်တဲ့ Rugen ကျွန်းရဲ့ အဖြူရောင်သံ ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အိပ်ခန်းပေါင်း ၁၀ဝ၀ဝ ပါဝင်ပြီး ကမ္ဘာ့ အကြီးဆုံးဟိုတယ်လို့တောင် ဆိုနိုင်ပါတယ်။ဒီဟိုတယ်ကြီးကို တည်ဆောက်ခဲ့တာ နှစ် ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ဒီနေ့အထိ ဘယ်သူမှ နေထိုင်တည်းခိုခြင်း မပြုခဲ့ရပါဘူး။

ဒီဟိုတယ်ကြီးကို ၁၉၃၆ ခုနှစ်မှ ၁၉၃၉ ခုနှစ်အတွင်း တည်ဆောက်ခဲ့ပါတယ်။ နာ၊ဇီတွေ ပိုလန်ကို မကျူးကျော်ခင် ၃ နှစ်အလိုမှာ နာ၊ဇီခေါင်းဆောင် အာဏာရှင်ကြီး ဟစ်၊တလာရဲ့ အမိန့်နဲ့ ဆောက်လုပ်ခဲ့ တာဖြစ်ပါတယ်။

ဟိုတယ်အဆောက်အအုံပုံစံအားလုံး ကို တစ်ပုံစံတည်းယူထားပြီး အရှည် ၂ ဒသမ ၈ မိုင် ရှိကာ ကမ်းခြေကနေ ပေ ၄၈ဝ အကွာအဝေးမှာတည်ရှိ ပါတယ်။

ဒီအဆောက်အအုံကို ဆောက်လုပ်ဖို့ အလုပ် သမား ၉၀၀၀ အသုံးပြုခဲ့ရပြီး ၃ နှစ်ကြာတည်ဆောက်ခဲ့ရပါတယ်။

နာ၊ဇီတို့ရဲ့ ရေရှည်စီမံကိန်း အတွက် ရည်ရွယ်ထားတာမို့ အပန်းဖြေစခန်း၊ ရုပ်ရှင် ရုံ၊ ပွဲတော်ခန်းမ၊ ရေကူးကန်တွေသာမက ဇိမ်ခံ သင်္ဘောကြီးတွေ ရပ်နားသွားလာနိုင်တဲ့ ဆိပ်ခံဗော တံတားကြီးတွေပါ ထည့်သွင်းတည်ဆောက်ဖို့ စီစဉ် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟိုတယ်ကြီးကို ဦးဆောင်တည်ဆောက်သူက ခေါင်းဆောင်ကြီး ဟစ်၊တလာရဲ့ ဗိသုကာပညာရှင် Albert Speer ဖြစ်ပါတယ်။ အိပ်ခန်း ၁၀၀၀၀ ရှိတဲ့ ဒီဟိုတယ်ကြီးမှာ လူပေါင်း ၂၀၀၀၀ တစ်ပြိုင်နက် တည်းခိုနိုင်ဖို့ လုံလောက်ပါတယ်။

အခန်းတစ်ခန်း စီဟာ အလျား ၁၆ ပေ၊ အနံ ၈ ပေကျယ်ဝန်းပြီး အိပ်ရာ ၂ ခု၊ အဝတ်ဗီရို ၁ ခု၊ ရေချိုးကန် ၁ ကန်ပါဝင်ပါတယ်။ အိမ်သာနဲ့ရေချိုးခန်းတွေကိုတော့ အထပ်တိုင်းမှာ တည်ဆောက်ထားပြီး မျှဝေသုံးစနစ်နဲ့သုံးစွဲဖို့ စီစဉ် ဆောင်ရွက်ခဲ့ကြပါတယ်။

ဟိုတယ်ကြီးကို အတန်းလိုက်တည်ဆောက်တဲ့ရည်ရွယ်ချက်ကတော့ အိပ်ခန်းတိုင်းမှာ တည်းခိုနေထိုင် မဲ့ လူတွေအားလုံး ပင်လယ်ပြင်မြင်ကွင်းကိုမြင်တွေ့ ခံစားနိုင်စေဖို့ပါ။

ဝမ်းနည်းစရာကောင်းတာကတော့ ဂျာမနီတို့ရဲ့ ဒီဟိုတယ်ကြီး တည်ဆောက်ပြီးစီးခါနီး အချိန်မှာ ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာခဲ့တာကြောင့် ဟစ်၊တလာဟာ ဟိုတယ်ဆောက်လုပ်ရေးအလုပ်သမား တွေကို ပြန်လည်ခေါ်ယူပြီး လက်နက်စက်ရုံတည်ဆောက် ရေးလုပ်ငန်းတွေမှာ အသုံးပြုခဲ့ပါတယ်။

ဒုတိယကမ္ဘာ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ဂျာမနီတို့ စစ်ရှုံးသွား တဲ့အတွက် ဟစ်၊တလာရဲ့ Prora ဟိုတယ်အစီအစဉ် စီမံကိန်းလဲ အလိုလိုရပ်တန့်သွားခဲ့ရပါတယ်။

ဒီလိုနဲ့ Prora ဟိုတယ်ဟာ အကြီးအကျယ်တည်ဆောက်ခဲ့ပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ တည်းခိုခွင့်မရလိုက်တဲ့ စွန့်ပစ်နေရာတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။

‌ခရက်ဒစ်-စစ်ဦး

Leave a Reply

Your email address will not be published.