အမေရိကန်နှင့်ရုရှားတို့၏ စွမ်းရည်မြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စင်းကို နှိုင်းယှဉ်လေ့လာခြင်း

အမေရိကန်နှင့်ရုရှားတို့၏ စွမ်းရည်မြင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စင်းကို နှိုင်းယှဉ်လေ့လာခြင်း

ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည်နှင့်ခြိမ်းခြောက်မှု အမြင့်မားဆုံး စစ်သုံးတိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်းမှာ ရုရှား‌လေတပ်သုံး Kamov Ka-52 Alligator နှင့် အမေရိကန် လေတပ်သုံး Boeing AH-64 Apache Guardian တို့ဖြစ်သည်။

Boeing AH-64 Apache Guardian (အမေရိကန်)

AH-64 Apache သည် ၁၉၈၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ထုတ်လုပ်ခဲ့သည့် တာဘိုင်အင်ဂျင်နှစ်လုံးတပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းဖြစ်သည်။ ထုတ်လုပ်သည့် ကုမ္ပဏီများမှာ Hughes Helicopters၊ McDonnell Douglad နှင့် Boeing တို့ဖြစ်သည်။

ထုတ်လုပ်မှုကို ၁၉၇၉ ခုနှစ် တွင်စတင်ခဲ့ပြီး ယခုတိုင် ထုတ်လုပ်နေဆဲဖြစ်ကာ လက်ရှိ ၂၁၂၁ ခုနှစ်တွင် ရဟတ်ယာဉ်အစင်း ၂၄ဝဝ ကျော် တည်ဆောက်နေကြောင်း သိရှိရသည်။

ရဟတ်ယာဉ်တွင် အဖွဲသားသား ၂ ဦးပါဝင်ပြီး ၎င်းတို့သည် လက်နက်များတပ်ဆင် ထားသည့် ရဟတ်ယာဉ်ကို ပျံသန်းမောင်းနှင်မှုနှင့် ပစ်ခတ်မှုပြု လုပ်မည်ဖြစ်သည်။ ရဟတ်ယာဉ်တွင် အသုံးပြုသည့်အင်ဂျင်မှာ General Electric T700 Turboshift အင်ဂျင် ၂ လုံးဖြစ်သည်။

အင်ဂျင်မျိုးကွဲများစွာထုတ်လုပ်ထားသောကြောင့် အခြားနိုင်ငံများတွင် British Rolls-Royce ကဲ့သို့ မတူညီသောအင်ဂျင်များ အသုံးပြုကြသည်ကို တွေ့ရသည်။

ယေဘူယျအားဖြင့် AH-64 သည် စစ်သုံးရဟတ်ယာဉ်များ ထုတ်လုပ်မှုကို နောက်တစ်ဆင့်သို့ တက်လှမ်းစေနိုင်ခဲ့သည်။ လေသူရဲဆောင်း ဦးထုပ်တွင် တပ်ဆင်ထားသည့် ပုံရိပ်ဖော် Display နှင့် အတူ လေသူရဲများသည် သတင်းအချက်အလက်များကို မျက်မြင်တွေ့ မြင်နိုင်မည်ဖြစ်သည်။

ပစ်ခတ်နေစဉ် လေသူရဲ၏ ဦးခေါင်းလှုပ်ရှားမှုအတိုင်း လိုက်နာလုပ်ဆောင်ရန်အတွက် လေသူရဲရဲ့ဦးထုပ်နှင့် အော်တိုစက်အမြောက်ကို ချိတ်ဆက်ပေးသည့်စနစ်လည်းပါရှိသည်။ ပစ်ခတ်မှုထိန်းသိမ်းရေးနှင့်ပစ်မှတ် ချိန်ရွယ်မှုစနစ်များသည် ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးဖြစ်သည်။

အခြားစနစ်များနှင့် အာရုံခံကိရိယာများမှာ ပစ်မှတ်ဖမ်းယူမှုနှင့် သတ်မှတ်မှုစနစ်၊ လေသူရဲညကြည့်နစ်၊ Passive အနီအောက် ရောင်ခြည်အာရုံခံစနစ်နှင့် လေသူရဲခေါင်းဆောင်းနှင့်ပုံရိပ်ပြသမှုစနစ် (IHADSS) တို့ဖြစ်သည်။ Apache ရဟတ်ယာဉ်များသည် အကွာအဝေး ၃၁ မိုင်အတွင်းတွင် ပစ်မှတ်အရေအတွက် ၂၅၆ ခု အထိ ခြေရာခံနိုင်စွမ်းရှိသည်။

Apache ရဟတ်ယာဉ်သည် အနီးကပ်တိုက်ခိုက်မှုပြုလုပ်နိုင်သည့် စွမ်းရည်ရှိပြီး ၎င်းတွင် ၃၀ မီလီမီတာ M230E1 Chain Gun တစ်လက်ကို တပ်ဆင်ထားသည်။ စံပြုဒုံးလက်နက် တပ်ဆင်မှုအနေဖြင့် AGM-114 တင့်ဖျက်ဒုံးကျည်နှင့် Hydra 70 အထွေထွေသုံး ပဲ့ထိန်းနဲ့ ၇ဝ မီလီမီတာဒုံးကျည်များကို တပ်ဆင်နိုင်သည်။

ရဟတ်ယာဉ် ၁၈ စင်းပါဝင်သည့် Apache တပ်ရင်း တစ်ရင်းသည် Hellfie ဒုံးကျည် ၂၈၈ စင်းအထိသယ်ဆောင်နိုင် သည်။ ထို့ကြောင့် တင့်ကား ၂၈၈ စီးအထိ ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟုဆိုနိုင်သည်။

အခြားဒုံးကျည်များအဖြစ် Stingen AIM-9 Sidewinder ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များနှင့် AGM-122 Sidearm ရေဒါဖျက် ဒုံးကျည်များကို တပ်ဆင်နိုင်သည်။ မကြာမီ နှစ်များအတွင်း AH-64 ရဟတ်ယာဉ်များတွင် MBDA Brimstome သံဂျပ်ကာဖျက်ဒုံးကြည်နှင့် Spike NLOS ဒုံးကျည်များ တပ်ဆင်လာသည်ကို တွေ့ရသည်။ ထို့ပြင် Apache ရဟတ်ယာဉ်တွင် လေဆာလက်နက်ငယ်ကို တပ်ဆင်၍ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့သည်။

Kamov Ka-52 Alligator (ရုရှား)

Ka-52 Alligator သည် ရုရှားလုပ် Kamov Ka-50’Blak shark’ ၏ တစ်ယောက်ထိုင် မျိုးခွဲတိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်းဖြစ်သည်။ ၎င်းသည် Resuce Ejection စနစ်ပါရှိသည့် ပထမဆုံးရဟက်ယာဉ်ဖြစ်သည်။

Kamov ကုမ္ပဏီသည် ကင်းထောက်ခြင်း၊ ထောက်ပံ့ခြင်း၊ အဖွဲ့လိုက်တိုက်ခိုက်ခြင်းနှင့် အခြား လုပ်ငန်းတာဝန်များဆောင်ရွက်နိုင်ရန် အထူးဒီဇိုင်းထုတ်ထားသည့် နှစ်ယောက်ထိုင်ရဟတ်ယာဉ် Ka-52 Alligator ကို အဆိုပြုခဲ့သည်။

ရာသီမရွေးအသုံးပြုနိုင်သည့် Ka-52 ရဟတ်ယာဉ်တွင် VK-2500 အင်ဂျင်တစ်လုံးတပ်ဆင်ထားပြီး ထုတ်လုပ်မှုကို ၁၉၉၆ ခုနှစ်၊ နှစ်လယ်တွင်စတင်ခဲ့သည်။ လက်ရှိ ရုရှားကြည်း တပ်တွင် Ka-52 ရဟတ်ယာဉ် ၁၅၅ စင်းအထိ အသုံးပြုလျက်ရှိသည်ဟု ခန့်မှန်းရသည်။

၎င်း၏ Coaxial Contra-Rotation ၂ ခုကြောင့် ရဟတ်ယာဉ်သည် လေထဲတွင် လျင်မြန်စွာနှင့် လိုက်လျောညီထွေ ပျံသန်းနိုင်သည်။ ၎င်း၏ သံချပ်ကာကိုယ် ထည်သည် ပြောင်းအချင်း ၂၃ မီလီမီခဲယမ်းကျည်များအား ကာကွယ်နိုင်သည်။

ရဟတ်ယာဉ်၏ အတောင်ပံတွင် လက်နက်တပ်ဆင်နိုင်သည့်နေရာ ၆ ခုရှိပြီး ခေတ်မီဒုံးကျည်များကို တပ်ဆင်နိုင်သည်။ ထို့ကြောင့် Alligator သည် သမားရိုးကျ တိုက်ခိုက်ရေး ရတတ်ယာဉ်တစ်စင်းထက် အကြီးစားနှင့် အဖျက်စွမ်းအားမြင့်လက်နက်များကို တပ်ဆင်သယ် ဆောင်နိုင်မည်ဖြစ်သည်။ဥပမာ-Kh-31 ခရုဒုံး ကျည်သည် သင်္ဘောများကို မိုင် ၈၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်စွမ်း ရှိသည်။

Ka-52 တွင် ၃၀ မီလီမီတာ စက်အမြောက်တစ်လက် တပ်ဆင်ထားသည်။Vikhr တင့်ဖျက်ဒုံးကျည် ၁၂ တောင့်အထိ သယ်ဆောင်နိုင်ပြီး မိုင် ၂၀ အကွာအဝေးအတွင်းရှိ အချင်း ၉၅၁ နှင့် ၁၀၀ မီလီမီတာရှိ သံချပ်ကာကိုယ်ထည်ကို ထိုး‌ဖောက်ပစ်ခတ်နိုင်သည်။အခြားတပ်ဆင်နိုင်သောလက်နက်များမှာ ပဲ့ထိန်းဒုံးကျည်များ၊ သို့မဟုတ် Igla-5 ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များဖြစ်သည်။

ရဟတ်ယာဉ်နှစ်မျိုးစလုံးကို လေ့လာကြည့်လျှင် ၎င်းတို့ သည် သက်ဆိုင်ရာနယ်ပယ်များတွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လာသော အကောင်းဆုံးရဟတ်ယာဉ်များဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။

သွင်ပြင်လက္ခဏာရပ်အသစ်များ နှင့် အသုံးပြုထားသေ ာခေတ်မီနည်းပညာများကြောင့် တိုက်ခိုက် ရေးရဟတ်ယာဉ်များ၏ ထိရောက်မှုနှင့် ယုံကြည်စိတ်ချရမှုတွင် စံပြုခဲ့ရသည့် ရဟတ်ယာဉ်များဖြစ်သည်။

AH-64 သည် အမေရိကန်ကြည်းတပ်၏ န္တဝင်မြောက် အကောင်းဆုံးတိုက် တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းဖြစ်သကဲ့သို့ Ka-52 သည်လည်း စစ်အေးတိုက်ပွဲနောက်ပိုင်း ရုရှားတို့အတွက် အားအထားရဆုံး တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းဖြစ်သည်။

နှိုင်းယှဉ်သုံးသပ်ရလျှင် အမေရိကန်၏ Apache ရဟတ်ယာဉ်သည် ရုရှား၏ Alligator ထက် အနည်းငယ်မျှ သာလွန်သည်ဟုဆိုနိုင်သည်။ Ka-52 တွင် ရဟတ်ယာဉ်အုပ်စုတစ်ခုအတွက် ဝေဟင်ကွပ်ကဲရေးဌာနအဖြစ် လုပ်ဆောင်နိုင်သည့် အဆင့်မြင့်စနစ်များ အပြည့်အစုံပါရှိသည်။

သို့ဖြစ်၍ ၎င်းသည် ပစ်မှတ်များကို ထောက်လှမ်းသိရှိပြီး တိုက်ခိုက်မှုများကို ညှိနှိုင်းဆောင် ရွက်ပေးနိုင်သည်။ တစ်ဖက်တွင်လည်း နောက်ဆုံးပေါ်အဆင့်မြှင့်တင်ပြုလုပ်ထားသည့် AH-64 ရဟတ်ယာဉ်သည် အကောင်းဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းဖြစ်ကြောင်းကို စစ်မြေပြင် အသီးသီးတွင် သက်သေပြခဲ့ပြီးဖြစ်ပါသည်။

Credit_Author:အောင်ထက်၊ သုတကမ္ဘာ

Leave a Reply

Your email address will not be published.