သမိုင်းတစ်လျောက် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့၊ ပျက်ကျခဲ့ရတဲ့ လေယာဉ် ၁၀ စင်း အကြောင်း

သမိုင်းတစ်လျောက် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့၊ ပျက်ကျခဲ့ရတဲ့ လေယာဉ် ၁၀ စင်း အကြောင်း

၁၀။ Amelia Earhart

အမေရိကန် စွန့်ဦးလေယာဉ်မှုး Amelia Earhart က အတ္တလန္တိတ် သမုဒ္ဒရာကို တစ်ဦးတည်း ဖြတ်ကျော်ခဲတဲ့ ပထမဆုံး အမျိုးသမီးအဖြစ် ကျော်ကြားပြီး ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းက Howland ကျွန်းနားမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။

၁၉၃၇ ဇူလိုင်လ ၂ ရက်နေ့မှာ သူမနဲ့ သူမရဲ့လမ်းပြ Fred Noonan တို့က ကမ္ဘာကို တစ်ပတ်ပတ်မယ့် ခရီးစဉ် စတင်ပြီး ၂၉ ရက် အကြာမှာ ပျောက်ဆုံး သွားခဲ့တာပါ။တစ်ချို့တွေက သူမကို သမ္မတ Franklin D Roosevelt ရဲ့စပိုင် တစ်ယောက် ဖြစ်တာကြောင့် ဂျပန်တွေက ဖမ်းဆီးသွားတာလို့ ကောလဟာလတွေ ထွက်ခဲ့ပါတယ်။

တချို့ကတော့ သူမက ကျွန်းပေါ်မှာ လေယာဉ် ပျက်ကျပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ နောက်၂ နှစ် အကြာမှာ သူမကို သေဆုံးသွားပြီလို့ သတ်မှတ် ခဲ့ပါတယ်။

၉။ အင်္ဂလိပ် ရေလက်ကြားမှာ ပျောက်ဆုံးသွားခဲ့တဲ့ Glenn Miller

Glenn Miller က ဂန္ဓ၀င် Big band တေးဂီတပညာရှင် တစ်ယောက်ဖြစ်ပြီးတော့ ဒီဇင်ဘာ ၁၅၊ ၁၉၄၄မှာ စစ်သားတွေကို ဖျော်ဖြေဖို့အတွက် UK ကနေ ပြင်သစ်ကို ထွက်လာခဲ့ပါတယ်။

သူရဲ့လေယာဉ်က Clapham ကနေ ထွက်လာခဲ့ပြီး English Channel အင်္ဂလိပ် ရေလက်ကြားကို အဖြတ်မှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ထင်ကြေး ၃ ခု ထွက်လာခဲ့ပါတယ်။

ပထမတစ်ခုက Royal Air Force ရဲ့ ဗုံးထိမှန် ခဲ့တာပါတဲ့။ ဒုတိယက friendly fire ပါတဲ့။ ရန်သူနဲ့ မှားယွင်းပြီး အချင်းချင်း ပစ်ခတ် ခံထိတာပါတဲ့။ နောက်ဆုံး ကတော့ Glenn Miller ကပြင်သစ်ကို ရောက်ခဲ့ပြီး နှလုံးတိုက်ခိုက်ခံရပြီး ကွယ်လွန်ခဲ့ပေမယ့် အမေရိကန် စစ်တပ်က ဒီသတင်းကို ဖုံးထား ခဲ့တာပါလို့ ဆိုပါတယ်။

၈။ နာမည်ကျော် Bermuda Triangle နဲ့ Flight 19

၁၉၄၅ ဒီဇင်ဘာလ ၅ ရက်နေ့မှာ လေယာဉ် ၆ စီးက ဘာမြူဒါတြိဂံဒေသမှာ ရုတ်တရက် ပျောက်ဆုံးသွားပြီး လျို့ဝှက်တဲ့ ဘာမြူဒါ ပုံပြင်ကို စအသက် သွင်းခဲ့ပါတယ်။

အတွေ့အကြုံ ရင့်ကျက်နေတဲ့ လေယာဉ် ညွှန်မှုး Charles Taylor ဦးဆောင်တဲ့ Navy Avenger လေယာဉ် ၅ စီးက လေ့ကျင့်ရေးအတွက် Fort Lauderdale, Florida ကနေ ထွက်လာ ခဲ့ပါတယ်။

ဒါပေမယ့် နောက်တစ်နာရီခွဲအကြာမှာ လေယာဉ်မှုးတွေက သူတို့ ဦးတည်ချက် ပျောက်နေပြီး၊ သူတို့အောက်က မြေပြင် အနေအထားကို စိမ်းနေတယ်လို့ သတင်းပို့ ခဲ့ကြပါတယ်။

Taylorက သူရဲ့ သံလိုက်အိမ်မြှောင်ကလည်း အလုပ် မလုပ်ဘူးလို့ စခန်းကို လှမ်းသတင်း ပို့ခဲ့ပါတယ်။ စခန်းက လမ်းညွှန်ချက်ပေးဖို့ ကြိုးစားခဲ့ပေမယ့် လေယာဉ် တွေက ဆင်းသက်ဖို့ နေရာရှာမရဘဲ နောက်ဆုံးမှာ ပင်လယ်ထဲကို ထိုးကျခဲ့ပြီး လူအားလုံး ၁၄ ယောက် သေဆုံးခဲ့ပါတယ်။

ကယ်ဆယ်ရေးအတွက် လေယာဉ်တစ်စီး ထပ်မံလွှတ်ခဲ့ပေမယ့် အဲ့လေယာဉ် ကပါ အစရှာ မရဘဲ ပျောက်ဆုံး သွားခဲ့ရ ပါတယ်။

၇။ Star Dust နဲ့လျို့ဝှက် ကုတ်နံပတ်

၁၉၄၇ မှာ British South American Airways ရဲ့လေယာဉ် Star Dust က အာဂျင်တီးနားနိုင်ငံ Buenos Aires ကနေ ချီလီနိုင်ငံ Santiago ကိုအသွား၊ Andes mountains တွေကို ဖြတ်အကျော်မှာ ပျောက်ဆုံး သွားခဲ့ပါတယ်။

ဒါပေမယ့် မပျောက်ဆုံးခင်မှာ radio operator က “STENDEC” ဆိုတဲ့ cryptic morse code message ကို နှစ်ကြိမ်တိုင်တိုင် ပြောပြီး နောက်ဆုံး ပေးခဲ့ပါတယ်။ လေယာဉ် ဘယ်လို ပျောက်ဆုံး သွားတာလဲ။ ဒီကုတ်က ဘာကို ဆိုလိုတာလဲ ဆိုတာကို နှစ်ပေါင်းများစွာ လူတွေက ဖော်ထုတ်ဖို့ ကြိုးစား ခဲ့ကြပါတယ်။

UFOတွေ၊ အဖျက် သမား တွေကြောင့်၊ ခရီးသည် တစ်ယောက်မှာ သယ်လာတဲ့ လျို့ဝှက်စာတွေကို ဖျောက်ချင်လို့ ဖျက်ချတာ စတဲ့ ထင်ကြေးတွေ ထွက်ပေါ် လာခဲ့ပါတယ်။

နောက်နှစ်ပေါင်း ၅၀ အထိ ရှာမတွေ့ ခဲ့ကြဘဲ ၁၉၉၈ မှ အာဂျင်တီးနား တောင်တက်သမား ၂ ယောက်က Mount Tupungato မှာအင်ဂျင် အပျက်အစီး တွေနဲ့ အ၀တ်စတွေ ရှာဖွေ တွေ့ရှိခဲ့ပြီး လူအလောင်း တွေပါ တူးဖော် တွေ့ရှိခဲ့ ရပါတယ်။ “STENDEC” ရဲ့အဓိပ္ပါယ် ကတော့ ခုထိ ပဟေဋ္ဌိ ဖြစ်နေဆဲပါ။

၆။ Bermuda Triangle မှာပျောက်ဆုံး ခဲ့တဲ့ Star Tiger

British South American Airways ရဲ့ Star Tiger လေယာဉ်က ၁၉၄၈၊ ဇန်နဝါရီလမှာ Santa Maria ကနေ Bermuda ကို ပျံသန်းရင်း ထပ်မံပျောက်ဆုံး ခဲ့ရပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၂၅ ဦး ပါ၀င်ခဲ့ပြီး ဒုတိယကမ္ဘာစစ်က Air Marshal သူရဲကောင်း Sir Arthur Con ingham လည်း အပါအ၀င်ပါ။ လေထန်နေပြီး ရာသီဥတု ဆိုးတာကြောင့် Lancastrian plane နောက်ကနေ ခပ်နိမ့်နိမ့်ပဲ ပျံသန်း လိုက်ခဲ့ပါတယ်။

ဒါပေမယ့် ရှေ့က လေယာဉ်က ချောချောမွေ့မွေ့ ရောက်သွားခဲ့ပြီး Star Tiger ကတော့ ပျောက်ချင်းမလှ ပျောက်သွား ခဲ့ရပါတယ်။ ဖြစ်နိုင်ချေက လေထန်နေတာကြောင့် ပင်လယ်ထဲ ထိုးကျခဲ့ တာလို့ ဆိုပါတယ်။

၅။ Flight 191

Flight 191 ကတော့ အမေရိကန် လေယာဉ် သမိုင်းတလျောက်မှာ လူအသေအပျောက် အများဆုံး ဖြစ်ရပ်ဆိုး တစ်ခုပါ။ ၁၉၇၉ ခုနှစ် မေလ ၂၅ ရက်မှာ ချီကာဂိုက O’Hare International Airport ကနေ ထွက်ခွာပြီး မိနစ်ပိုင်းမှာပဲ ပျက်ကျခဲ့ပြီး ခရီးသည်ပေါင်း ၂၅၈ ယောက်နဲ့ လေယာဉ် အမှုထမ်း ၁၃ယောက်အပြင် မြေပြင်မှာ ရှိနေတဲ့ လူ၂ယောက်၊ စုစုပေါင်း ၂၇၃ဦး သေဆုံး ခဲ့ပါတယ်။

လေယာဉ် စပျံတက်ဖို့ အရှိန်ယူ နေစဉ်မှာပဲ လေယာဉ်ရဲ့ အင်ဂျင်နံပတ် ၁ pylon မှာမီးခိုး ထွက်နေတာကို တွေ့ရှိခဲ့ ပါတယ်။ အင်ဂျင်မှာ ပြဿနာရှိတာကို တွေ့ရှိပြီး နောက်မှာ Flight 191 ကိုလေဆိပ်ကို ပြန်လာဖို့ အကြောင်းကြား ခဲ့ပေမယ့် ဘာတုန့် ပြန်မှုမှ မလာတော့ပါဘူး။

ပုံမှန်အားဖြင့် လေယာဉ်ရဲ့ အင်ဂျင်တစ်လုံးက အလုပ်မလုပ်တော့တဲ့အခါ ကျန်တဲ့ ၂လုံးနဲ့ ထိန်းသွားလို့ ရပေမယ့် DC-10 လေယာဉ် အမျိုးအစားက separate mechanism မဟုတ်ဘဲ system ထဲက hydraulic pressure မှာပဲ မှီခိုပြီး အလုပ်လုပ်တာကြောင့် ပျက်ကျ ခဲ့ရပါတယ်။

maintenance ပိုင်းမှာ လစ်ဟာချက် တွေရှိတာကြောင့် ပျက်ကျ ခဲ့ရတာလို့ စစ်ဆေးတွေ့ရှိခဲ့ အပြီးမှာ အမေရိကန် အစိုးရက American Airlines ကိုဒေါ်လာ ငါးသိန်း ဒဏ်ရိုက်ခဲ့ ပါတယ်။

နောက်ထပ် 191 ဖြစ်ရပ် ဆိုးတွေ၊ ၁၉၆၇မှာ X-15 Flight 191 ပျက်ကျခဲ့မှုနဲ့ ၂၀၁၂မှာ JetBlue Airways flight 191 ရဲ့လေယာဉ်မှုး ရုတ်တရက် နှလုံးထဖောက်ခဲ့တာကြောင့် ခရီးသည်တွေက လေယာဉ်ကို မောင်းပြီး ဆင်းသက်ခဲ့ရတာတွေကြောင့် 191 ကို လူတွေက အယူသီးပြီး မစီးရဲ ကြတာတွေကြောင့် 191 flight တချို့ကို နားခဲ့ရပါတယ်။

၄။ Star Ariel လျို့ဝှက်စွာ ပျောက်ဆုံးမှု

British South American Airways ရဲ့နောက်ထပ် လေယာဉ်တစ်စီး Star Ariel က ၁၉၄၉ခုနှစ်မှာ Bermuda ကနေ Jamaica ကိုအသွားမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ Star Tiger လိုပါပဲ။ ရာသီဥတုက ကောင်းမွန်နေပေမယ့် communication problems တစ်ချို့ ရှိခဲ့ပြီး ခရီးသည် ယောက် ၂၀နဲ့အတူ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။

၃။ flight 571 အဖြစ်ဆိုး

ခရီးသည်ပေါင်း ၄၅ယောက် တင်ဆောင်ထားတဲ့ Uruguayan Air Force လေယာဉ်က ဆိုးရွားတဲ့ ရာသီဥတုကြောင့် Andes တောင်တန်းမှာ ပျက်ကျခဲ့ပါတယ်။ အဲ့အထဲမှာ Montevideo က Rugby အသင်းလည်း ပါဝင်ပါတယ်။

လေယာဉ်ပျက်ကျကျချင်း ၁၂ယောက် သေဆုံးခဲ့ပြီး ၆ယောက် ကတော့ နောက်ရက်တွေမှာ သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ၁၆ ယောက်ကတော့ လေယာဉ်အပျက်အစီးမှာ မှီခိုနေခဲ့ရပြီး သေဆုံးသွားတဲ့သူတွေရဲ့ အလောင်းတွေကို စားသောက် နေထိုင်ခဲ့ရပါတယ်။

သူတို့ကို လေယာဉ်ပျက်ကျပြီး ၇၂ ရက် ကြာပြီးတဲ့အထိ ရှာမတွေ့ ခဲ့ကြဘဲ အဲ့ထဲ က လူ၂ယောက်က တောင်တန်းတွေကို ဖြတ်ကျော်ပြီး အကူအညီ ရှာဖွေခဲ့ပါတယ်။ လူတစ်ယောက်နဲ့ တွေ့ပြီး အာဏာပိုင်တွေကို အကူအညီ တောင်းပြီး ကယ်ဆယ်ခံ ခဲ့ရပါတယ်။ သူတို့ အကြောင်းကို Alive (1993) ရုပ်ရှင်မှာ ကြည့်ရှု နိုင်ပါတယ်။

၂။ EgyptAir flight 990

၁၉၉၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ EgyptAir flight 990 လေယာဉ်က New York မြို့ JFK လေဆိပ်ကနေ Cairo ကိုအသွား အတ္တလန္တိတ်သမုဒ္ဒရာမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၂၁၇ ယောက် သေဆုံးခဲ့ပါတယ်။

ဒီခရီးစဉ်ရဲ့ လက်ထောက်လေယာဉ်မှုး Gamil el-Batouty ကိုလိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ EgyptAir ကအကြီးပိုင်း အရာရှိတစ်ယောက်ဖြစ်တဲ့ Hatem Rushdy ကစွပ်စွဲ ထားခဲ့ပြီး သူကိုယ်တိုင်လည်း ဒီလေကြောင်းနဲ့ လိုက်လာခဲ့ပါတယ်။

Hatem Rushdy က Gamil el Batouty ကို ဒီခရီးစဉ်က မင်းအတွက် နောက်ဆုံး ခရီးပဲလို့ ဆိုခဲ့ပြီး Gamil el-Batouty ကမင်းအတွက်လည်း နောက်ဆုံး ခရီးပဲလို့ ပြန်တုန့်ပြန် ခဲ့ပါတယ်။

နောက်တော့ လေယာဉ်မှူးက သန့်စင်ခန်းကို ခဏအသွားမှာ Gamil el-Batouty ရဲ့ “I rely on God” လို့ရေရွတ်သံကို အသံသွင်းစက်ကတဆင့် ကြားခဲ့ပါတယ်။ အဲ့အချိန်မှာ သူက လေယာဉ်ကို autopilot ပြောင်းပြီး လေယာဉ်က အောက်ဆိုက် ဆင်းနေပါပြီ။ ကတ်ပတိန်က အ မြန်ပြန်သွားပြီး လေယာဉ်ကို ပြန်ထောင် မတ်ဖို့ ဆွဲတင် ခဲ့ပေမယ့် အချိန်မမှီတော့ပါဘူး။

၁။ Air France flight 447

၂၀၀၉ ခုနှစ်မှာ Air France ရဲ့ Airbus A330 လေယာဉ်က Rio ကနေ Paris ကိုအသွား၊ ခရီးသည် ၂၈၈ ယောက်ကို သယ်ဆောင်လာပြီး အတ္တလန္တိတ်သမုဒ္ဒရာမှာ ပျက်ကျခဲ့ပြီး လူအားလုံး သေဆုံး ခဲ့ပါတယ်။

ဘာကြောင့် ပျက်ကျခဲ့သလဲ ဆိုတာကို ၃ နှစ်ကြာ စုံစမ်းစစ်ဆေးခဲ့ရပြီး လေယာဉ် ပေါ်က black box ကိုရှာတာတင် အချိန် ၂ နှစ် ပေးခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးသူ တွေက ယာဉ်ပေါ်က pitot tube လို့ခေါ်တဲ့ speed sensor က ပျက်သွားတာကြောင့်လို့ ရှာဖွေတွေ့ရှိခဲ့ ပါတယ်။

လေယာဉ်က မုန်တိုင်းထန်နေတဲ့ အချိန်မှာ ပျံသန်းနေခဲ့ရပြီး pitot tube ကရေခဲနှင်းတွေနဲ့ တစ်ပြီး အလုပ် မလုပ်တော့ တာကြောင့် auto-pilot နဲ့မောင်းလို့ မရဘဲ လေယာဉ်မှူးတွေကိုယ်တိုင် ထိန်းချုပ်မောင်းနှင် ခဲ့ရပါတယ်။

ဒါပေမယ့် pitot tube လိုအဓိကကျတဲ့ စက်ပစ္စည်းတစ်ခု အလုပ်မလုပ် တော့တာ ဟာ အခြေအနေကို ထိန်းချုပ်ရ ခက်ခဲသွားစေခဲ့ပြီး ပြဿနာရဲ့ အတိမ်အနက်ကို ခန့်မှန်းရ ခက်ခဲသွားစေခဲ့ပါတယ်။

လေယာဉ်မှူးတွေက ယာဉ်ကို ရေနဲ့ စထိတော့မှ ရေထဲ ပျက်ကျပြီဆိုတာကို သိခဲ့ကြပြီး အကူအညီတောင်းတာမျိုး distress signal တွေတောင် မလုပ်ခဲ့ရပါ ဘူး။

ပျက်ကျပြီး ပင်လယ်ထဲမှာ အလောင်း ၅ဝ ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၁၁ မေမှာ black box နဲ့အတူ အလောင်း ၁၀၄ လောင်းကို ထပ်မံတွေ့ရှိခဲ့ပြီး ၇၄လောင်းကတော့ ပျောက်ဆုံးနေဆဲပါ။

Ref:Myanmar Youth Club Media
Credit To: Myanmar CNN

Leave a Reply

Your email address will not be published.