ကြောက်စရာအကောင်းဆုံးဖြစ်လာမည့် အမေရိကန်တို့ရဲ့ B-21 ဗုံကြဲလေယာဉ်
မျိုးဆက်သစ် B-21 Raider ဗုံးကြဲလေယာဉ်ကို ၂၀၃၀ ပြည့်နှစ်တွေမှာ ရှေ့တန်းစစ်မျက်နှာရှိတဲ့ အမေရိကန်လေတပ်ရဲ့ B-1B Lancer နဲ့ B-2 Sprit ဗုံးကြဲလေ ယာဉ်တွေနေရာမှာအစားထိုးမယ်လို့ မျှော်လင့်ရပါတယ်။
ရှေ့ပြေးပုံစံမှာ ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်မတိုင်မီ လေယာဉ်ရဲ့ ပထမဆုံးပျံသန်းမှုကို စတင်နိုင်ပါတယ်။B-21 Raider ဗုံးကြဲလေယာဉ်ဟာ B-2 ဗုံးကြဲလေယာဉ်လို တောင်ပံပုံစံမျိုးကို အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ B-2 ဗုံးကြဲလေယာဉ်မှာတွေ့ ရတဲ့ ပြဿနာကြီးတွေဖြစ်တဲ့ အလွန်မြင့်မားတဲ့ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်တွေ၊ အရမ်းအနုစိတ်တဲ့လေယာဉ်ကိုယ်ထည်၊ စီးနင်းတိုက်ခိုက်နိုင်မှုစွမ်းရည်နည်းပါးမှု၊ ထုတ်လုပ်မှုနဲ့ စစ်ဆင်မှုကုန်ကျစရိတ်အလွန်အမင်းများပြားမှု စတဲ့ပြဿနာတွေကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ထင်ရပါတယ်။
အခုဗုံးကြဲလေယာဉ်ဟာ ယခင်ဗုံးကြဲလေယာဉ်တွေလို ကမ္ဘာ့တိုက်ကြီးတွေအကြား မဟာဗျူဟာဒုံးကျည်တွေအတွက်ရည်ရွယ် ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် အပေါ့စား F-35 တိုက်လေယာဉ်တွေ မှာသယ်ဆောင်တဲ့ B61 နည်းဗျူဟာမြောက်နျူကလီးယားဗုံးတွေထက် ပိုမိုကြီးမားတဲ့ မဟာဗျူဟာမြောက်နျူကလီးယား ဒုံးကျည်ထိပ်ဖူးတွေကို သယ်ဆောင်နိုင်မှာဖြစ်သလို ရန်သူ့မြို့တော်တွေနဲ့ နျူကလီးယား စက်ရုံတွေကို ကာကွယ်ထားတဲ့လေကြောင်းပိုင်နက်နယ်မြေကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ဒီဇိုင်းရေးဆွဲသွားမှာဖြစ်ပါတယ်။
B-21 Raider ဗုံးကြဲလေယာဉ်တွေဟာ အရင်အနောက်အုပ်စု ဗုံးကြဲလေယာဉ်တွေထက် ပိုမိုသာလွန်ပြီး ပိုမိုမြင့်မားတဲ့ အမြင့် ကနေ စစ်ဆင်ပျံသန်းနိုင်ဖို့ ရည်ရွယ်တည်ဆောက်လျက်ရှိသလို ထောက်လှမ်းမှုအလွန်ခက်ခဲစေပြီး ရေဒါကနေရှောင်ရှားနိုင်တဲ့ ကိုယ်ပျောက်ဒီဇိုင်းနဲ့ ခေတ်မီ အီလက်ထရွန်းနစ်စစ်ဆင်ရေးစနစ် တွေကို အသုံးပြုလုပ်ဆောင်သွားဖို့အတွက်လဲ ဒီဇိုင်းရေးဆွဲလျက် ရှိပါတယ်။
B-21 ဗုံးကြဲလေယာဉ်အနေနဲ့ ၎င်းရဲ့ ဗုံးကြဲနိုင်မှုအခန်းကဏ္ဍအပြင် အခြားအခန်းကဏ္ဍအများအပြားကို အပြည့်အဝဖြည့် ဆည်းပေးနိုင်ပြီး ဘက်စုံအသုံးပြုနိုင်မယ်လို့မျှော်လင့်ရပါတယ်။
ထွက်ပေါ်လာမဲ့ AIM-260 လို တာဝေးပစ်ဝေဟင်မှဝေဟင်ပစ်ဒုံး ကျည်တွေကို ထည့်သွင်းတပ်ဆင်နိုင်ဖို့ရည်ရွယ်သလို အခြေခံကျတဲ့ ခုခံကာကွယ်မှုထက်ကျော်လွန်ပြီး အခြားအခန်းကဏ္ဍများစွာကို ဆောင်ရွက်နိုင်ဖွယ်ရှိပါတယ်။
ဗုံးကြဲလေယာဉ်တစ်စင်းစီမှာ ဒုံးကျည်များစွာကို သယ်ဆောင်နိုင်သလို အားကောင်းပြီး အလွန် ကြီးမားတဲ့အာရုံခံကိရိယာတွေကို အသုံးချပြီး အကွာအဝေးအတိုင်း အတာ အလွန်ဝေးတဲ့နေရာတွေက ရန်သူ့တိုက်လေယာဉ်တွေ၊ AEW ဂျက်လေယာဉ်တွေဆီသယ်လေယာဉ်တွေနဲ့ အခြားလေ ယာဉ်အမျိုးမျိုးတွေကို စောင့်ကြပ်စစ်ဆေးနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် E-3 နဲ့ E-2 လို AWACS နဲ့ AEW လေယာဉ်တွေရဲ့ အလားအလာနဲ့ပတ်သက်ပြီး မေးခွန်းတွေမြင့်တက်နေစဉ် B-21 ဗုံးကြဲလေယာဉ်ဟာ ၎င်းရဲ့ အာရုံခံကိရိယာနဲ့ အချက်အလက်ချိတ် ဆက်မှုကိုအသုံးပြုပြီး ပစ်မှတ်သတင်းအချက်အလက် တွေနဲ့ ထောက်လှမ်းရေးသတင်းအချက် အလက်တွေကို အခြားတိုက်လေယာဉ်တွေဆီ ပေးပို့ပေးကာ အကူအညီပေးနိုင်မယ်လို့ဆိုပါတယ်။
B-21 မှာအသုံးပြုမဲ့ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) နဲ့ အလွန်မြင့်မားတဲ့ ကွန်ပျူတာစွမ်းအားတွေ ၎င်းလေယာဉ်ရဲ့အာရုံခံကိရိယာတွေကတစ်ဆင့်ရရှိတဲ့ ဒေတာအချက်အလက်တွေကို စိစစ်တွက်ချက်ကာ ဖြစ်နိုင်ခြေရှိတဲ့ခြိမ်း ခြောက်မှုတွေကို အလျင်အမြန်ခွဲခြမ်းစိတ်ဖြာဆောင်ရွက်သွားနိုင် မှာဖြစ်ပါတယ်။
B-21 ရဲ့ ဒီဇိုင်းဟာ စစ်အေးတိုက်ပွဲနှောင်းပိုင်းက High Altitude Penetrator Senior Ice ဒီဇိုင်းနဲ့ ဆင်တူသလို ဆိုဗီယက်အာရုံခံကိရိယာတွေရဲ့ စွမ်းဆောင်ရည်မြင့်တက်လာမှု ကို စိုးရိမ်ပူပန်တာကြောင့် B-2 Spirit ရဲ့ ဒီဇိုင်းကိုလဲ လွှမ်းမိုးနိုင် လိမ့်မယ်လို့ ကနဦးကမျှော်လင့်ထားခဲ့ပါတယ်။
တိုးတက်လာတဲ့ ဆိုဗီယက်တို့ရဲ့ အာရုံခံကိရိယာတွေကို အခုထိစိုးရိမ်နေဆဲဖြစ်တာ မို့လို့ အမေရိကန်လေတပ်အနေနဲ့ အနိမ့်ပျံစစ်ဆင်ရေးတွေအတွက်အဓိကထားပြီး ယခင်ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဒီဇိုင်းဟောင်း ကို ပြန်လည်ဒီဇိုင်းရေးဆွဲဖို့ ဦးတည်စေခဲ့ပါတယ်။
လေထဲမှာတာရှည်ပျံသန်းနိုင်မှုဟာ ပိုမိုရှည်လျားတဲ့အကွာ အဝေးနဲ့ ပိုမိုမြန်တဲ့အမြန်နှုန်းကိုခွင့်ပြုပေးပြီး B-21 လေယာဉ်ဟာ Supersonic အမြန်နှုန်းနဲ့ ပျံသန်းနိုင်မှာဖြစ်ပါတယ်။ ပိုမိုမြင့်မား တဲ့အမြင့်ကနေပျံသန်းနိုင်တာမို့လို့ B-21 Raider လေယာဉ်ဟာ မြေပြင်ပစ်မှတ်တွေကို ပိုမိုမြင်တွေ့ နိုင်မှာဖြစ်ပါတယ်။
F-22 တိုက် လေယာဉ်ဟာ လက်ရှိမှာတော့ F-35 တိုက်လေယာဉ်တွေထက် ပိုမိုမြင့်မားတဲ့ အမြင့်ကနေပျံသန်းနိုင်တာမို့လို့ ပစ်မှတ်တွေကို ပိုမိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ အနာဂတ်မှာ ခရုဇ်ဒုံးကျည်တွေနဲ့ လေဆာရောင်ခြည်စွမ်းအင်သုံးလက်နက်တွေတပ်ဆင်လာနိုင်ခဲ့ပါက
၎င်း B-21 ဗုံးကြဲလေယာဉ်ဟာ အကွာအဝေးအတော်ဝေးဝေးထိ ထောက်လှမ်းနိုင်တဲ့ အာရုံခံကိရိယာများကိုအသုံ ပြုကာ မြေပြင်ပစ်မှတ်တွေကို ပိုမိုမြင်တွေ့လာနိုင်တာမို့ ကြီး မားတဲ့အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပါတယ်။
အနိမ့်ပျံထိုးဖောက်ပျံသန်းမှုတွေက ကုန်ကျစရိတ်အလွန်များပြားပြီး လေယာဉ်ပြုပြင်ထိန်းသိမ်းမှုလိုအပ်ချက်တွေ ပိုမိုမြင့်မားလာတာ ကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ လေယာဉ်တည်ဆောက်မှုကုန်ကျ စရိတ်ပိုမိုသက်သာစေမဲ့ အမြင့်ပျံစစ်ဆင်မှုတွေအပေါ် အာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ပိုမိုမြင့်မားတဲ့အမြင့်မှာ စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်မှုက B-21 ရဲ့ချောင်းမြောင်းတိုက်ခိုက်နိုင်မှုစွမ်းဆောင်ရည်တွေကိုးမြှင့် စေပြီး လောင်စာဆီသုံးစွဲမှုကို သိသိသာသာလျှော့ချပေးပါလိမ့်မယ်။
လေယာဉ်ကိုယ်ထည်ဟာ B-2ထက်ပိုမိုသေးငယ်ပေမဲ့ B- 2 ထက်ပိုမိုမြင့်မားတဲ့ အကွာအဝေးအတိုင်းအတာတစ်ခုရရှိမှာ ဖြစ်ပါတယ်။ လေထဲမှာကြာကြာပျံသန်းနိုင်မှုက အခြားတိုက်ကြီး တွေရှိ ပစ်မှတ်တွေဆီကိုရောက်ရှိနိုင်ရုံသာမက သင့်လျော်တဲ့အာရုံခံ ကိရိယာတွေနဲ့ ဒေတာအချက်အလက်ချိတ်ဆက်မှုတွေကို အသုံးပြု လုပ်ဆောင်ပြီး လုပ်ငန်းတာဝန်တွေကို အထောက်အပံ့ပေးသွား နိုင်မှာဖြစ်ပါတယ်။
ဆိုလိုတာကတော့ B-21 လေယာဉ်တွေရဲ့ တစ်ခုတည်းသောထိုးဖောက်တိုက်ခိုက်နိုင်မှု ရပ်တည်နိုင်မှုစွမ်းအားနည်းပါးတဲ့ လေ ယာဉ်အမျိုးမျိုးရဲ့ ဘက်စုံထိုးဖောက်တိုက် ခိုက်မှုတွေကို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
B-21 Raider ဟာ အမေရိကန်ရဲ့စံချိန် စံညွှန်းသတ်မှတ်ချက်အတိုင်း အခြားလေယာဉ်တွေကိုထောက်ပံ့ ဖို့အတွက် ထိရောက်တဲ့စစ်မြေပြင်ဆက်သွယ်ရေးသင်္ကေတတွေ ပေးပို့နိုင်ရုံမက ဂြိုဟ်တုတွေနဲ့ အခြားအရေးပါတဲ့အရင်းအမြစ်တွေအပြင် အာရုံခံကိရိယာတွေကနေရရှိတဲ့ ဒေတာအချက်အလက် တွေကို စနစ်တကျစိစစ်ဖော်ထုတ်ပေးနိုင်ပါတယ်။
အဲဒီလိုစွမ်းဆောင်နိုင်မှုတွေကြောင့် B-21 ဗုံးကြဲလေယာဉ် ဟာ အနောက်အုပ်စုရဲ့ ဘက်စုံအသုံးပြုနိုင်တဲ့ ကြောက်စရာ အကောင်းဆုံးတိုက်လေယာဉ်ဖြစ်လာပါလိမ့်မယ်။
လက်ရှိဆဋ္ဌမမျိုးဆက် F-X တိုက်လေယာဉ်ဟာ အမေရိကန်လေတပ်အတွက် တည်ဆောက်နေဆဲဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲအပြီး တီထွင် ထုတ်လုပ်ခဲ့တဲ့ B-2 လေယာဉ်နဲ့မတူဘဲ B-21 ဗုံးကြဲလေယာဉ်ဟာ သက်တူရွယ်တူအဆင့်ပြိုင်ဘက်တွေနဲ့ ပြိုင်ဆိုင်မှုကြီးထွား လာချိန်မှာ စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အဲဒီအချိန် ရောက်ရင် အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံးစီးပွားရေးသာမက နည်းပညာဆိုင်ရာမူပိုင်ခွင့်အသစ်တွေကို သူ့ရဲ့ အကြီးမားဆုံးမှတ် တမ်းမှာ စာရင်းသွင်းနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ရုရှားရဲ့ ဆဋ္ဌမမျိုးဆက် MiG-41 ကြားဖြတ်တိုက်လေယာဉ်နဲ့ S-500 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကစပြီး တရုတ် Quantum လေကြောင်းရန်ကာကွယ်ရေးရေဒါတွေအထိ ခေတ်မီဆန်းပြားတဲ့ ကာကွယ်ရေးစနစ်အမျိုးမျိုးထွက်ပေါ်လာမယ်လို့ ယူဆရတဲ့ အတွက်ကြောင့် ရလဒ်အနေနဲ့ လေယာဉ်တွေကို တတ်နိုင်သလောက် ထိရောက်မှုရှိအောင်ပြုလုပ်ဖို့ ဖိအားများစွာရှိပါလိမ့်မယ်။
မင်းသစ်ဆွေ(သုတေသန)