ကမ္ဘာပေါ်က ထူထူးခြားခြား ကျောက်မျက်ရတနာ ပြတိုက်များအကြောင်း
ကျောက်မျက်ရတနာများပြသခြင်းသည် ထူးခြားမှုတစ်ရပ်ဖြစ်ကာ ဘုရင်နှင့်ဘုရင်မများပိုင်ဆိုင်ခဲ့သည့် သို့မဟုတ် ပိုင်ဆိုင်ဆဲဖြစ်သည့် တန်ဖိုးအလွန်ကြီးမားသော ကျောက်မျက်ရတနာများကို ကြည့်ရှုရခြင်းသည် မြင်ရသူကိုစိတ်ပျော်ရွှင်မှုရရှိစေနိုင်သကဲ့သို့ အားကျမှုကိုလည်းဖြစ်စေနိုင်သည်။
အချို့သောကျောက်မျက် ရတနာပြတိုက်များသည် စိန်အရိုင်းတုံးများနှင့် အဖိုးတန်ကျောက်များကို မြေကြီးမှထုတ်ယူပြီးနောက် ဘုရင့်သရဖူ၊ သို့မဟုတ် အမျိုးသမီးများ၏လည်တိုင်သို့ရောက်လာသည်အထိ ပြုပြင်ပြောင်းလဲခဲ့မှုများကို ပြသကြသည်။
ထူးထူးခြားခြားကျောက်မျက်ရတနာပြတိုက်များတွင် လူတစ်ဦး၊ အဖွဲ့ အစည်းတစ်ခုနိုင်ငံတစ်ခု သို့မဟုတ် ဘုရင်တစ်ပါးက ပိုင်ဆိုင်သောကျောက်မျက်ရတနာများကိုစုဆောင်းပြသသည့်ကျောက်မျက်ပြတိုက် များကိုဖော်ပြထားရာ မိမိတွင် ကိုယ်ပိုင်ကျောက်မျက်ရတနာများစုဆောင်းထားပြီး ယင်းတို့ကိုတန်ဖိုးဖြတ်ခြင်း၊ ရောင်းချခြင်းများပြုလုပ်လိုပါက အွန်လိုင်းတွင် ရောင်းချနိုင်သည့်နေရာများရှိပေသည်။
Victoria and Albert Museum (London, England)
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင်တည်ရှိသည့် V& A (Victoria and Albert) သည် ကမ္ဘာပေါ်တွင် ကျောက်မျက်အနုလက်ရာနှင့် ဒီဇိုင်းများပြသထားသည့် အကြီးဆုံးသောရတနာပြတိုက်ဖြစ်သည်။
ပြတိုက်တွင် ကျောက်မျက်ရတနာအမျိုးပေါင်း ၆၀၀၀ ကျော်ပြသထားကာ V & A သည် ကျောက်မျက်အချောထည်များ ကို အများဆုံးစုဆောင်းပြသထားသည့် ပြတိုက်များအနက် တစ်ခုဖြစ်သည်။
ယင်းကျောက်မျက်ရတနာများတွင် ရှေးဟောင်းအီဂျစ်ခေတ်လက်ရာများမှသည် မျက် မှောက်ခေတ် ကမ္ဘာ့ထင်ရှားသောကျောက်မျက်ရတနာ လုပ်ငန်းများက ပြုလုပ်သည့်လက်ရာများအထိ ပါဝင်သည်။
အချို့သော အတုမရှိသည့်ရတနာများအဖြစ် Catherine the Great အတွက်ပြုလုပ်ခဲ့သည့် စိန်အဆင်တန်ဆာ တစ်ချိန်က Marie Antoinette ပိုင်ဆိုင်ခဲ့သောလည်ဆွဲ ချိတ်များ၊ နပိုလီယံက သူ၏မွေးစားသမီးကို ပေးခဲ့သော မြလည်ဆွဲအပါအဝင် ကျောက်မျက်များစွာကို ပြသထား သည်။
V&A ကို ဝင်ကြေးမကောက်ခံဘဲ အခမဲ့ပြသထား သည်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မျှော်စင်၌ တည်ရှိသည့် Jewel House သည်လည်း ကျောက်မျက်ရတနာပြတိုက် တစ်ခုဖြစ်၍ ယင်းနေရာတွင် ဗြိတိသျှဘုရင်စနစ်သုံးသရဖူ ကျောက်မျက်များကို ထိန်းသိမ်းပြသထားသည်။ သို့သော် Jewel House သည် V&A ပြတိုက်၏ အစိတ်အပိုင်း တစ်ခုမဟုတ်ချေ။
Iranian Crown Jewels (Tehran, Iran)
အီရန်နိုင်ငံ၊ တီဟီရန်မြို့ မှ ကျောက်မျက်ပြတိုက်သည် အီရန်နိုင်ငံ ဗဟိုဘဏ်အတွင်း၌ တည်ရှိသည်။ ယင်းပြတိုက်သည် အစိုးရပိုင်ကျောက်မျက်ရတနာများကိုခင်းကျင်း ပြသသည့်ပြတိုက်များအနက် အကြီးဆုံးဖြစ်သည်။
ပြတိုက်ရှိ ကျောက်မျက်ရတနာများသည် အီရန်ဘုရင် များက ၁၆ ရာစုမှစ၍စုဆောင်းခဲ့သည့် ပစ္စည်းများ ဖြစ်ကြပြီး ၁၉၃၇ ခုနှစ်တွင် ယင်းတို့ကို အစိုးရက ပိုင်ဆိုင်ခဲ့သည်။
အံ့ဖွယ်ကောင်းလောက်အောင် စုဆောင်းထားနိုင်ခဲ့သည့် ရတနာများတွင် သရဖူများ၊ ဦးဆောက်ပန်းများ၊ ပလ္လင်များပါရှိကာ ယင်းတို့အားလုံးသည် အထူးဂရုစိုက်၍ လက်ရာပြောင်မြောက် စွာပြုလုပ်ထားသည့်ပစ္စည်းများ၊ ရတနာများစီခြယ် ထားသည့် ဓားများနှင့် ဝိုင်းများ၊ ကျောက်များစီခြယ် ထားသည့် အဖိုးတန်သတ္တုပန်းကန်များဖြစ်ကြသည်။
ပြတိုက်တွင် ပြသထားသည့် ကျောက်များ၊ တစ်မူ ထူးခြားသော များစွာသောပစ္စည်းများသည် မယုံနိုင် လောက်အောင် အဖိုးထိုက်ကြသည်။
Imperial Treasury (Vienna, Austria)
ဩစတြီးယားနိုင်ငံ၊ Hofburg နန်းတော်တွင် တည်ရှိသည့် The Imperial Treasury တွင် ရာစုနှစ်ပေါင်းများစွာက စုဆောင်းထားခဲ့သော ရတနာအများအပြားကိုထိန်းသိမ်းထားသည်။
ယင်းပစ္စည်းများ တွင် ဩစတြီးယားမှ မင်းမိဖုရားများ၏အဆောင်အယောင် တောင်ဝှေး၊ ရောမအင်ပါယာမှ ဘုရင့်သရဖူ အပါအဝင် အဖိုးထိုက်ရတနာများစွာပါရှိသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြကျောက်တစ်လုံးကိုလည်း ပြတိုက်၌ ပြသထားသည်။
Kremlin Armory (Moscow, Russia)
ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Kremlin Armory ပြတိုက်ကို ၁၈၀၈ ခုနှစ်တွင်တည်ထောင်ခဲ့ကာ မော်စကို မြို့၏ သက်တမ်းအရှည်ကြာဆုံး တိုက်တစ်ခုဖြစ်သည်။
ပြတိုက်တွင် ကျောက်များနှင့်ရတနာများကို အခြား ပြတိုက်များ မနှိုင်းယှဉ်နိုင်အောင် စုဆောင်းထားနိုင်ခဲ့သည့် စိန်ရန်ပုံငွေအဖွဲ့ (inod Fund) နှင့် သဘာဝကျောက်မျက်အရိုင်းတုံးများ တည်ရှိသည်။
ပြတိုက်တွင်ပြသထားသည့်ပစ္စည်းအချို့တွင် ၁၈၉၁သမ ၆၂ ကရက် ရှိသည့် ထင်ရှားသော Orlov စိန်တုံးကြီးနှင့် ရုရှားဘုရင့်သရဖူ၊ ဆင်စွယ်ပလ္လင်နှင့် ကျောက်မျက်ရတနာ ၁၀ လုံးပါဝင်သည်။
Swarovski Crystal Worlds(Wattens, Austria)
ဩစတြီးယားနိုင်ငံ၊ ဝက်တန်တွင် တည်ရှိသည့် Crystal Worlds ပြတိုက်သည် ခရီးသွား Swarovski များအား ဩစတြီးယားနိုင်ငံ၏ဆွဲဆောင်မှုအရှိဆုံး နေရာတစ်ခုဖြစ်သည်။
တစ်ခါတစ်ရံတွင် ပျော်ပွဲရွှင်ပွဲ များကျင်းပသည့် ဥယျာဉ်တစ်ခုအဖြစ်ဖော်ပြလေ့ရှိ သည့် ယင်းပြတိုက်ကို ၁၉၉၅ ခုနှစ်က ကမ္ဘာကျော်Swarovski Crystal ကုမ္ပဏီ နှစ် ၁၀၀ ပြည့်အထိမ်း အမှတ်အဖြစ် ဖွင့်လှစ်ခဲ့သည်။
၇ ၁သမ ၅ ဟက်တာ ဧကကျယ်ဝန်းသည့် ပန်းခြံအတွင်း၌ ဆွဲဆောင်မှု များစွာကိုပြုလုပ်ထားကာ ရင်သပ်ရှုမောဖွယ်ကုမ္ပဏီ အကြောင်းကိုပြသမည့်ခန်းဆောင်များကို ဂရုတစိုက် ဒီဇိုင်းထုတ်ခဲ့သည်။ ယင်းတို့အနက် ဝင်ပေါက်တွင် ပြုလုပ်ထားသည့် ရေတံခွန်သည် အထင်ရှားဆုံးဖြစ် သည်။
H. Stern Workshop Tour(Rio de Janeiro, Brazil)
စည်းစိမ်ကျောက်မျက်ရတနာကုမ္ပဏီတစ်ခုဖြစ် သည့် H. Stern သည် ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင်တည်ရှိ၍ ၁၉၄၉ ခုနှစ်တွင် လုပ်ငန်းများတော် ဆောင်ရွက်ခဲ့သည်။
ကုမ္ပဏီရုံးချုပ်နှင့် ကျောက်မျက် ရတနာများထုတ်လုပ်သည့်အလုပ်သည် ရီရိုဒီဂျ နေးမြို့တွင် ယနေ့တိုင်တည်ရှိနေသည်။
ယင်းအလုပ်ရုံသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်သည် ယင်းမြို့၏ ထင်ရှားသော ဆွဲဆောင်မှုတစ်ခုဖြစ်ကာ သွားရောက် လည်ပတ်သူများကို အသင့်ဝတ်နိုင်သည့်ကျောက်မျက် ရတနာလက်ဝတ်တန်ဆာများ ဖန်တီးထုတ်လုပ်ပုံ အဆင့်အားလုံးကို ပြသမည်ဖြစ်သည်။
ကျောက်မျက် ဗေဒဓာတ်ခွဲခန်းမှ ကျောက်အရိုင်းတုံးများ၊ လက်မှု အတတ်ပညာများ ကျောက်မျက်ရတနာဒီဇိုင်းများနှင့် နောက်ဆုံးထွက်ရှိလာသည့် ကျောက်မျက်ရတနာများ ကို ခမ်းနားသောပြခန်းများတွင် ပြသထားသည်။
Regalia of Sweden ( Stockholm, Sweden)
ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်၊ မြို့ရှိ တော်ဝင်နန်းတော်အောက်တွင် တည်ရှိသည့် Regalia of Sweden သည် ဆွီဝင်နိုင်ငံ၏နန်းသုံးတော်ဝင် ပစ္စည်းများကိုပြသသည့် ပြတိုက်တစ်ခု ဖြစ်သည်။
ပြတိုက်တွင် ပြသထားသော ပစ္စည်းအများအပြားသည် သက်တမ်း ရာနှင့်ချီ၍ ရှိနေပြီဖြစ်သည်။
ယင်းတို့ တွင် ဘုရင့်တော်ဝင်သရဖူ၊ အနောက် တိုင်းမှ မင်းမိဖုရားများ၏ အဆောင်အယောင် တောင်ဝှေး၊ ဘုရင်၊ ဘုရင်မ များ အဆောင်အယောင်အဖြစ်ကိုင် ဆောင်သည့် ကျောက်စီဘောလုံးများ (Orbs) နှင့် အခြားအသုံးအဆောင် များကို သတ္တုနှင့်ကျောက်များစီခြယ် ပြုလုပ်ထားသည်။
Gold Museum (Bogota, Colombia)
ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့တွင် ဖွင့်လှစ်ထားသည့် ရွှေပြတိုက် (Museo del Oro) တွင် စပိန်အင်ပါ ယာဟောင်း ခေတ်မတိုင်မီက ရွှေ ပစ္စည်းလက်ရာများကို အဓိကပြသ ထားသည်။
ပြတိုက်တွင် ရွှေထည် ပစ္စည်းပေါင်း ၅၅၀၀၀ ကိုစုဆောင်း ထားပြီး ၆၀၀၀ ကျော်ကိုပြသထားရာ ယင်းတို့အများစုသည် ကျောက်မျက် ရတနာများပါရှိသည့် လက်ရာများဖြစ်ကြသည်။
ပြတိုက်တွင် ပြသထားသည့် အထင်ရှားဆုံးလက်ရာသည် ရတနာပစ္စည်းတစ်ခုမဟုတ်ဘဲ ကိုလံဘီယာနိုင်ငံမှ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်သည့် Musica တို့၏ ဖောင် (EI Dorado raft) ဖြစ်သည်။
ကိုလံဘီယာမပေါ်ထွန်းမီကလက်ရာဖြစ်သည့် ယင်းဖောင်ကို ရွှေဖြင့် ပြုလုပ်ထားကာ အလျား ၄ လက်မနှင့် ၇ ဒသမ ၆ လက်မအရွယ်ရှိသည်။
Harry Oppenheimer Diamond Museum (Ramat Gan, Israel)
အစ္စရေးနိုင်ငံမှ Harry Orpenheimer စိန်ပြတိုက်ကို ၁၉၈၆ ခုနှစ်က အစ္စရေးနိုင်ငံမြို့တော် တဲလ်အဗစ်အနီးရှိ ရမက်ဂန်ခရိုင်၊ စိန်အရောင်းအဝယ်ဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။
ပြတိုက်တွင် စိန်အရိုင်း တုံးများ ၊သွေးပြီးစိန်များနှင့် အလွန်ရှားပါးသည့် ကျောက်များအပါအဝင် အခြားကျောက်မျက်များကို ပြသ ထားသည်။
ယင်းကျောက်များထုတ်လုပ်ခဲ့သည့် မတူညီသောထုတ်လုပ်မှုနည်းစဉ်များသမိုင်းကြောင်းနှင့် ကျောက်သွေးပုံအဆင့်ဆင့် စိန်များအရောင်တင်ပုံ၊ စက်မှုလုပ်ငန်းများတွင် စိန်များကိုအသုံးပြုပုံ စသည်တို့ကို ပြသထားသည်။
Diamond Museum Amsterdam ၊အမ်စထာဒမ်စိန်ပြတိုက် (Amsterdam, Netherlands)
နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့လယ်တွင် ၂၀၀၇ ခုနှစ်ထဖွင့်လှစ်ခဲ့သည့် အမ်စထာဒမ်စိန်ပြတိုက် (Diamond Museum Amsterdam) သည် စိန်ထည်ပစ္စည်းများကို အဓိကပြသသည့်ပြတိုက်ဖြစ်သည်။
ပြတိုက်တွင် ကြီးမားများပြားသည့် ကျောက်မျက်ရတနာများကိုစုဆောင်းထား၍ စိန်များ၏နောက်ခံနှင့် စိန် ထုတ်လုပ်မှုသမိုင်းကို ကျယ်ပြန့်စွာပြသထားသည်။
ပြသထားသည့်စိန်များအနက် Katana စိန်တုံး၊ Rembrandt စိန်တုံးနှင့် မျောက်ဝံတစ်ကောင်၏ ဦးခွံတို့သည် အထင်ရှားဆုံးဖြစ်ပေသည်။
မြင့်ဇော်
သုတအလင်း
Ref:10 Incredible Jewelry Museums And Exhibits