ရုရှား သံချပ်ကာကားတွေကို ဒုက္ခအကြီးအကျယ်ပေးဦးမယ့် switchblade ကာမီကာဇေ ဒရုန်း
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယူအက်စ်ဒေါ်လာသန်း ၈၀၀ တန်စစ်ရေးအကူအညီတွေ ယူကရိန်းကို ပို့လိုက်ပါပြီ။ စိတ်ဝင်စားစရာကတော့ ဒီအကူအညီတွေထဲမှာ switchblade လို့အမည်ရတဲ့ ကာမီကာဇေ (အသေခံ) ဒရုန်း ၁၀၀ ပါနေတာကိုပါ။
Switchblade drone ဆိုတာ ဘာလဲ၊ ဘယ်လောက်ထိရောက်မှုရှိလဲ ကြည့်ရအောင်၊
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီယားအခြေစိုက် AeroViroment ကုမ္ပဏီက Switchblade ဒရုန်းတွေကို အမေရိကန်စစ်တပ်အတွက် ဒေါ်လာ ၂၀.၃ သန်းတန် ကန်ထရိုက်စာချုပ်နဲ့ ချုပ်ဆိုထုပ်လုပ်ခဲ့တာပါ။
အမေရိကန် စစ်တပ်က Switchblade ဒရုန်းတွေကို အာဖဂန်စစ်ပွဲအတွင်း စမ်းသပ် အသုံးပြုခဲ့ပြီး ရလာဒ်ကောင်းတွေလည်း ရရှိခဲ့ပါတယ်။ ဒီ ဒရုန်းဟာ အလေးချိန်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူပါတယ်။ ကျောပိုးအိပ်အတွင်း ထည့်ယူသယ်ဆောင်သွားရုံပါပဲ။
တပ်ဆင်ထားတဲ့ ကင်မရာကလဲကြည်လင်ပြတ်သားတဲ့ ပုံရိပ်များကို ပစ်မှတ်ထိမှန်ပျက်ဆီးချိန်အထိ ပြန်လည်ပေးပို့နေမှာဖြစ်လို့ လက်ဖြောင့်သေနတ်သမားတယောက်ထက် ပိုတိကျနေမှာပါ။
ဒီ ဒရုန်းဟာလေထဲမှာ မိနစ်သုံးဆယ်လောက် ပျံဝဲစောင့်ကြည့်နေနိုင်ပြီး ပစ်မှတ်ကိုတွေ့ရှိအတည်ပြုပြီးတာနဲ့တပြိုင်နက် ပစ်မှတ်အပေါ် လျှင်မြန်တဲ့ အမြန်နှုန်းနဲ့တိုက်ရိုက်ထိုးစိုက် ဖေါက်ခွဲပစ်မှာပါဖြစ်ပါတယ်။ ဒါကြောင့်လဲ ကာမိကာဇေဒရုန်းလို့ လူသိများပါတယ်။
အရှည် ၂ ပေခန့်သာရှိပြီး အကွာအဝေး ၁၀ ကီလိုမီတာ(၆. ၂) မိုင်အထိပျံသန်းနိုင်ပြီး ဖျက်အားပြင်း ထိပ်ဖူးတပ်ဆင်ထားပါတယ်။မြေပြင်၊ ရေပြင်ကနေ လွှတ်တင်နိုင်ပြီး လိုအပ်ရင်ဝေဟင်ကနေပါ ဖြန့်ကျက်နိုင်ပါတယ်။
Switchblade ဒရုန်းတွေကို ဗားရှင်းနှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Switchblade 600 နဲ့ Switchblade 300 ဖြစ်ပါတယ်။ Switchblade 600 ကတော့ ပေါင် ၅၀ အလေးချိန်ရှိပြီး တင့်ဖျက်လက်နက် တပ်ဆင်ထားပါတယ်။ မိနစ် ၄၀လောက် ပျံဝဲနိုင်ပြီး ပစ်မှတ်ကိုတွေ့ရှိအတည်ပြုပြီးတာနဲ့တပြိုင်နက် တစ်နာရီ ၁၁၅ မိုင်အမြန်နှုန်းနဲ့ ထိုးစိုက်ဖေါက်ခွဲပစ်မှာ ပါဖြစ်ပါတယ်။
Switchblade 300 ကတော့ အလေးချိန် ၅.၅ ပေါင်သာရှိပြီး လူသားပစ်မှတ် အတွက် တီထွင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဗားရှင်းကတော့ ပစ်မှတ်ပေါ်မှာ ၁၅ မိနစ်လောက်ပျံဝဲနိုင်ပြီး ပစ်မှတ်ကိုအတည်ပြုပြီးတာနဲ့တပြိုင်နက် တစ်နာရီ ၁၀၀ မိုင် အမြန်နှုန်းနဲ့ ထိုးစိုက်ဖေါက်ခွဲပစ်မှာပါ ဖြစ်ပါတယ်။
အမေရိကန်လုပ် ပုခုံးထမ်း Javlein တင့်ဖျက်လောင်ချာ၊ တူရကီလုပ် Bayraktar TB-2 ဒရုန်းတွေကြောင့် ရှရှားတင့်ကားအများအပြား ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလက်နက်တွေဟာ ယူကရိန်းစစ်တပ်အတွက် ရှရှားစစ်ယာဉ်တန်းတွေကို ချေမှုန်းရာမှာ အလွန်အသုံးဝင်ကြောင်း သက်သေပြထားပြီးဖြစ်ပါတယ်။
အမေရိကန်က ယခုပေးပို့လိုက်တဲ့ switchblade လို့အမည်ရတဲ့ ကာမီကာဇေ (အသေခံ) ဒရုန်းတွေဟာ ရှရှားတင့်ကားတွေနဲ့ ရှရှားဗိုလ်ချုပ်ကြီးတွေအတွက် အိမ်မက်ဆိုးဖြစ်လာဦးမှာ ဖြစ်ပါတယ်။
ဒီလိုအစွမ်ထက်လှတဲ့လက်နက်များနဲ့ ယူကရိန်း ရုရှားစစ်မြေပြင်ဟာ စိတ်ဝင်စားစရာကောင်နေပါပြီလို့။