သရုပ်ဆောင်ဘဝကနေ သမ္မတဖြစ်လာသူ

သရုပ်ဆောင်ဘဝကနေ သမ္မတဖြစ်လာသူ

၁၉၇၈ခုနှစ် ဇန္နဝါရီလ၂၅ ရက်မှာ ယူကရိန်းသမ္မတဖြစ်လာမယ့် ဇီလင်စကီးကို ယူကရိန်းနိုင်ငံရဲ့ kryvyy မြို့လေးမှာ ဂျူးလူမျိုးမိဘနှစ်ပါးက မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ငယ်ဘဝ ပါတ်ဝန်းကျင်မှာ ရုရှားစကားပြောသူအများစုရှိပေမဲ့သူ ကတော့ရုရှား ယူကရိန်းဘာသာစကား နှစ်မျိုးလုံးပြောတတ်ခဲ့ပါတယ်။

သူဟာရုပ်သံမှာ သမ္မတအဖြစ် သရုပ်ဆောင်ခဲ့ရာက သမ္မတဖြစ်လာသူ ဆိုတာသိသူနည်းမယ်ထင်ပါတယ်။သူ့ ဇနီးကတော့ အိုလန်နာဇီလင်စကာဖြစ်ပြီး ကလေးနှစ်ယောက်ရှိပါတယ်။

ဇီလင်စကီးဟာ ကိဗ်ယက်မြို့က အမျိုးသားစီးပွားရေးတက္ကသိုလ်ကို တက်ရာက်ခဲ့ပြီးဥပဒေပညာရပ်နဲ့ ၂ဝဝဝခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။

သရုပ်ဆောင်ဖို့ ဝါသနာကြီးတဲ့သူဟာ kvartal 95 ဆိုတဲ့အဖွဲ့နဲ့ ဟာသရုပ်သံ ဇာတ်လမ်းများ စတင်ရိုက်ကူးထုပ်လုပ်ခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ သူရိုက်ကူးတင်ဆက်ခဲ့တဲ့ ပြည်သူ့အစေခံ ဇာတ်လမ်းမှာ သူကိုယ်တိုင် သမ္မတနေရာက သရုပ်ဆောင်ရာကနေ လူကြိုက်များပြီး အဲ့ဒီနံမည်နဲ့ပဲ နိုင်ငံရေးပါတီထောင်ပြီး နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတော့တယ်။

သူ့ပါတီရဲ့ ဝါဒကတော့ အကျင့်ပျက်ချစားမှုများကို ထိရောက်စွာတိုက်ဖျက်ရေး ပဲဖြစ်ပါတယ်။၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ ဇီလင်စကီးနဲ့ သူ့ပါတီဟာ မဲ အရေအတွက်၇၃ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ ပြီး၂၀၁၉ ခုနှစ် မေလမှာတော့ သူဟာသမ္မတ အဖြစ်ကျမ်းသစ္စာကျိမ်ဆိုနိုင်ခဲ့ပါတယ်။

သူတို့အစိုးရအဖွဲ့ရဲ့ အစောပိုင်းကာလတွေဟာ ရုရှားလိုလားသူ အစုအဖွဲ့တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရင်း ခက်ခဲတဲ့ကာလတွေဖြစ်ခဲ့ပါတယ်။တိုင်းပြည်အတွက်သူ ဟာ နေတိုးအဖွဲ့ထဲ ဝင်ရောက်ဖို့ကြိုးစားခဲ့သလို အီးယူအဖွဲ့ထံကိုလဲ ချဉ်းကပ်နေပါတယ်။ ဒါဟာရုရှားနဲ့ ပူတင်အတွက် အမျက်သင့်စရာဖြစ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ ဖေဖေါ်ဝါရီလ၂၄ ရက်မှာတော့ ရုရှားဟာ အားလုံးသိတဲ့အတိုင်း ယူ ကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီရက်ကစလို့ ဇီလင်စကီးဟာ ယူကရိန်းပြည်သူများနဲ့အတူ ကျူးကျော်လာသူ ရုရှားတို့ကို ရွတ်ရွတ်ချွံချွံခုခံ တွန်းလှန်လျက်ရှိပါတယ်။

ဇီလင်စကီးနဲ့ သူ့မိသားစုဟာ ရုရှားတို့ရဲ့ နံပါတ်(၁)ပစ်မှတ်ဖြစ်တဲ့အကြောင်း၊ သူ ကိုယ်တိုင်သိရှိဖွင့်ဟခဲ့ပေမယ့် ဒီယူကရိန်း သမ္မတလေးဟာ ကြောက်ရွံ့ပုံတစက်မှမပြပါဘူး။

သူ့ရဲ့ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ ရဲရင့်တဲ့ နှစ်လုံးသားတို့နဲ့အတူ ယူကရိန်းပြည်သူများကို အောင်ပွဲစီသို့ ဦးဆောင်ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မိပါကြောင်းတင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *