သေးငယ်‌တဲ့တိုက်ခန်းမှာတောင် အသုံးပြုနိုင်သည့် နျူကလီးယားဗုံးခို အခန်းငယ်

သေးငယ်‌တဲ့တိုက်ခန်းမှာတောင် အသုံးပြုနိုင်သည့် နျူကလီးယားဗုံးခို အခန်းငယ်

သန်းကြွယ်သူဌေးတွေဟာ နျူကလီးယားဗုံးဒဏ်ကနေကာကွယ်ဖို့ ကြိုတင်ပြင်ဆင်သည့်အနေနဲ့ ဇိမ်ခံအဆင့်မြင့်နည်းပညာများမြင့် မြေအောက်ဘန်ကာများ ဆောက်လုပ်ထားကြသည်ကို သင် ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။

သို့သော် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ WNIshelter ကုမ္ပဏီက သေးငယ်သော တိုက်ခန်းအတွင်းမှာပဲ တပ်ဆင်အသုံးပြုနိုင်တဲ့ နျူကလီးယားဗုံးဒဏ်ခံနိုင်သည့် ဗုံးခိုအခန်းငယ်တွေကို ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။

လက်ရှိ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲ အခြေအနေကနေ နျူကလီးယားစစ်ပွဲအထိ ဖြစ်လာနိုင်မလားဆိုပြီး စိုးရိမ်မှုတွေကြီးထွားလာတာကို အသုံချပြီး ဗုံးခိုအခန်းတွေကို ကြော်ငြာရောင်းချလာတာ ဖြစ်ပါတယ်။

WNIshelter ကုမ္ပဏီကထုတ်တဲ့ ဒီ နျူကလီးယားဗုံးဒဏ်ခံနိုင်တဲ့ ဗုံးခိုအခန်းငယ်ကို နေအိမ်တိုက်ခန်းတွေနဲ့ သေးငယ်တဲ့အိမ်တွေမှာတောင် အတွင်းပိုင်းမှာတင် လွယ်ကူစွာနဲ့ တပ်ဆင်အသုံးပြုနိုင်ပါတယ်။

ဗုံးခိုကတုတ်ကျင်း သီးသန့်တူးနေစရာမလိုပဲ နေအိမ်အတွင်းပိုင်းမှာတင် သက်သောင့်သက်သာရှိစွာနဲ့ နျူကလီးယားဗုံးဒဏ်ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ဗုံးခိုအခန်းငယ်တွေဟာ ရေကြီးမှုဘေး၊ငလျင်ဘေးနှင့်သဘာဝဘေးအန္တရာယ်တွေအတွက်သာမက ရေဒီယို သတ္တိကြွမှု အန္တရာယ်တွေနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေအထိ ကောင်းစွာ ဒဏ်ခံအကွာအကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၎င်း ဗုံးခိုအခန်းငယ်ထဲမှာ ကိုယ်ပိုင်လေသန့်စက်စနစ်ပါရှိပါတယ်။တစ်ဦးဆံ့ကနေ ခုနှစ်ဦးဆံ့အထိ အခန်းအမျိုးမျိုးကို ထုတ်လုပ်ထားပြီး စိတ်ကြိုက်ရွေးချယ်မှာယူနိုင်တယ်လို့ သိရပါတယ်။

ကုမ္ပဏီ ဝက်ဘ်ဆိုဒ်မှာ ကြော်ငြာထားတာကတော့ ၎င်းနျူကလီးယားဗုံးခိုအခန်းတွေဟာ မြောက်ကိုရီးယားရဲ့ အသံထက်မြန်ပြီး တားဆီးရန်ခက်ခဲတဲ့ နောက်ဆုံးထုတ် “Zigzag” ဒုံးကျည်အန္တရာယ်ကနေတောင် ကာကွယ်နိုင်တယ်လို့ ရေးသားထားပါတယ်။

ပြင်ပလေဖိအားဒဏ်နဲ့ ရေဒီယို သတ္တိကြွဒြပ်ပေါင်းတွေ ဝင်ရောက်မှုကနေ ကာကွယ်ဟန့်တားနိုင်ပြီး Rainbow 72R လေစစ်ထုတ်လုပ်ရေးစနစ်က အန္တရာယ်ရှိတဲ့အရာအမျိုးမျိုးကနေ ၉၉.၉၉၅ ရာခိုင်နှုန်း စစ်ထုတ်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခြင်း၊ ရေဒီယိုသတ္တိကြွပစ္စည်းတွေ ၊ဇိဝနဲ့ဓါတုလက်နက်အဓိကကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီ ရည်ရွယ်ချက်တွေအတွက် အသုံးမပြုရသေးသည့်တိုင် သင့်ရဲ့ ကိုယ်ပိုင်နေရာလေးအဖြစ် သီးသန့်အသုံးချနိုင်ပါတယ်လို့ WNIshelter က ဆိုပါတယ်။

နျူကလီးယားစစ်ပွဲ၊တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် နျူကလီးယားဗုံးဒဏ်ခံနိုင်တဲ့ ဗုံးခိုအခန်းငယ်တွေဟာ ရောင်းကောင်းလာဦးမှာ ဖြစ်ပါတယ်။

သင်လည်း စိုးရိမ်ပါက ဝယ်ယူထားနိုင်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.