လူသားတို့ ပျက်သုဥ်းနိုင်တဲ့အချက်များ

လူသားတို့ ပျက်သုဥ်းနိုင်တဲ့အချက်များ

ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ လူသားတွေကို ဘယ်လိုအချက်တွေက မျိုးသုဉ်းစေနိုင်သလဲလို့ ပညာရှင်တွေတွေးဆခဲ့ကြပါတယ်။ အောက်ဖေါ်ပြပါ အချက်ရှစ်ချက်ကတော့ ပညာရှင်အများစု သဘောတူညီကြတဲ့ အချက်တွေပါ။

( ၁ ) ရာသီဥတုပြောင်းလဲခြင်း

ကမ္ဘာ့ရာသီဥတုဟာ တဖြည်းဖြည်းပြောင်းလဲလာနေသလို မမျှော်လင့်တဲ့အချက်တွေကြောင့်လဲ ရုတ်ချည်းပြောင်းလဲနိုင်တယ်ဆိုတာ သတိချပ်ရမှာပါ။( ဥပမာ- ငလျှင် ၊မီးတောင်ပေါက်ကွဲမှု )

( ၂ ) ဥက္ကာခဲ

ကမ္ဘာပေါ်ကို အာကာသက အမှုံအမွှားတွေ နေ့စဉ်ကျရောက်နေပါတယ်။ ပမာဏထုထည်ကြီးမားတဲ့ ဥက္ကာခဲသာ ကမ္ဘာပေါ်ကျရောက်ခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာမဲ့အကျိုးဆက်က မတွေးဝံ့စရာပါ။

( ၃ ) ဂြိုလ်သားတွေရဲ့တိုက်ခိုက်မှု

တခြားဂြိုလ်ကမ္ဘာတွေရှိတယ်ဆိုတာလက်ခံရင် တခြားကမ္ဘာက သက်ရှိတွေဆိုတာလဲဖြစ်နိုင်ပါတယ်။

( ၄ ) နျူကလီးယားစစ်ပွဲ

ကမ္ဘာပေါ်မှာ နျူလက်နက်တွေအပြိုင်အဆိုင် ထုတ်လုပ်ကိုင်ဆောင်ပြီး ပစ်မယ်ခတ်မယ်တကဲကဲလုပ်နေကြပေမဲ့ ပညာရှင်တွေအမြင်ကတော့ အသိဉာဏ်ရှိ လူသာတွေမို့ဖြစ်နိုင်‌ခြေ နဲပါတယ်တဲ့။

( ၅ ) synthetic biology

ဒါကတော့ clone လို့ လူသိများတဲ့ နည်းပညာပါ။မှန်ကန်စွာ အသုံးမချနိုင်ရင်တော့အန္တရာယ်ပါတဲ့

( ၆ ) global pandemic

ဖြစ်နိုင်ခြေများတာကလက်တွေ့ပါ COVID ကြောင့် အားလုံးဒုက္ခများနေကြရ။

( ၇ ) မီးတောင်ပေါက်ကွဲမှု

မီးတောင်ပေါက်ရင် ငလျင်နဲ့ ဆူနာမီကိုအဖေါ်ခေါ်ပြီး ရာသီဥတုကို ပြောင်းလဲစေပါတယ်။

( ၈ ) AI ( artificial intelligence )

အသိဉာဏ်တုဟာ တဟုန်ထိုးတိုးတက်လာနေပါတယ်။ ပြန်လည်ထိမ်းချုပ်နိုင်စွမ်းမရှိတဲ့တနေ့ ဘာတွေဖြစ်မလဲဆိုတာ မတွေးရဲစရာမို့ ပညာရှင်များက ဒီအချက်ကိုပါ ထည့်သွင်းခဲ့ကြပါတယ်။

ဖတ်ရှု့ပေးတာ ကျေးဇူးပါ။

Leave a Reply

Your email address will not be published. Required fields are marked *