အသက်လုပြေးခဲ့ရဘူးတဲ့ ကာနယ်ဆလေဒင်

အသက်လုပြေးခဲ့ရဘူးတဲ့ ကာနယ်ဆလေဒင်

ကာနယ်ဆလေဒင်ဆိုတာနဲ့ မြန်မာပြည်ကို သိမ်းပိုက် သီပေါမင်းနဲ့မိဖုရားကို ခေါ်ဆောင်သွားသူ ပတ္တမြားငမေါက်နဲ့ နန်းစဉ်ရတနာတွေ ပျောက်ဆုံးမှုနဲ့ ပါတ်သက်သူလို့ သိကြမှာပါ။

သူ့အမည်အပြည့်အစုံက Edword Bosc Sladen ပါ။မြန်မာနိုင်ငံကိုသူရောက်စက လက်ဖတင်နင်လို့ခေါ်တဲ့ ဗိုလ်အဆင့်ပါ။ နောက်တဖြည်းဖြည်း ရာထူးတိုးရာက ကာနယ်ခေါ် ဗိုလ်မှူးကြီးရာထူးအထိ ရောက်ခဲ့တဲ့အပြင် ဆာ ဘွဲ့ပါချီးမြှင့်ခံခဲ့ရပါတယ်။

သူဟာ မော်လမြိုင်၊ ပဲခူးမြို့တွေမှာ အမှုထမ်းခဲ့ပြီး မင်တုန်းမင်းလက်ထက်မှာ မန္တလေးမြို့ အင်္ဂလိပ်အရေးပိုင်အဖြစ် ၁၈၆၄ မှ ၁၈၆၉ ထိတာဝန်ယူခဲ့ပါတယ်။ဆလေဒင်ဟာ မင်းတုန်းမင်းနဲ့ရင်းနှီးအောင်ပေါင်းသင်းနိုင်ခဲ့ပါတယ်။

ဆလေဒင်ဟာ နန်းတွင်းရေးသာမက မြန်မာမှု ထုံးတမ်းစဉ်လာတွေကိုပါ ကောင်းစွာနားလည်သူ ဖြစ်ပါတယ်။ မန္တလေးမှာရှိနေစဉ်အတွင်း မြင်းကွန်း မြင်းခုံတိုင် အရေးတော်ပုံ ဖြစ်ခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ ဆလေဒင်ဟာ မင်းတုန်းမင်းရဲ့ နွေရာသီစံနန်းတော်မှာ ပိတ်မိနေခဲ့လို့ အသက်ဘေးကလွတ်အောင် မနဲပြေးခဲ့ရပါတယ်။

မြင်းကွန်း မြင်းခုံင်တိုင်အရေးမှာ ဖမ်းဆီးခံထားရတဲ့ ပန်းတိမ်းမင်းသားအပါအဝင် မင်းညီမင်းသား အတော်များများကို ကွပ်မျက်ဖို့ မင်တုန်းမင်းက အမိန့်ချတဲ့အခါ ဆလေဒင်ဟာ မင်းတုန်းမင်းထံ အပြေးအလွှား သွားရောက်ပြီး မင်းသားတွေကိုလွှတ်ပေးဖို့ အသနားခံခဲ့ပါတယ်။

မင်းတုန်းမင်းကလဲ လွှတ်စေအမိန့်ထုတ်ခဲ့ပေမဲ့ နောက်ကျသွားလို့ ဆလေဒင်ရဲ့ကြိုးပမ်းမှုဟာ အချည်းနှီးဖြစ်ခဲ့ရပေမဲ့ သူ့စေတနာကိုတော့ လေးစားရမှာပါ။

၁၈၆၉ ခုနှစ်မှာတော့ ရန်ကုန်မြို့ ဝန်ရှင်တော်မင်းကြီး လက်ဖတင်နင်ဂျင်နရယ် ဖိုက်က သူ့ကိုမန္တလေးကနေ ရန်ကုန်ကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။

နောက်ပိုင်းမှာတော့အားလုံးသိကြသလိုပဲ ဆလေဒင်နဲ့ ဗိုလ်ချုပ်ပရင်ဒါဂတ် တို့ဟာမန္တလေးကိုသိမ်းပိုက်ပြီး အရှင်နှစ်ပါးကို ဆောင်ယူသွားပါတယ်။

ဒီအကြောင်းကတော့ လူသိနည်းတဲ့ ဆလေဒင်ပြေးခဲ့ရဘူးတဲ့ အကြောင်းပါ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *