ရုရှား ယူကရိန်း နောက်ဆုံးရသတင်းများ
– ယူကရိန်းနိုင်ငံအနောက်ပိုင်းက မြေအောက်လက်နက်သို လှောင်ရာဂိုဒေါင်တခုကို Hypersonic missile သုံး တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဖက်ကပြောကြားပါတယ်။ ဒီအသံထက်မြန်တဲ့ဒုံးကျည်များဟာ ကြားဖြတ် ဖျက်ဆီးဖို့ခက်ခဲပါတယ်။ အပစ်ခံရတဲ့Deliatyn ကျေးရွာဟာ ယူကရိန်းနဲ့ ရိုမေးနီးယားနယ်စပ်မှာ တည်ရှိပါတယ်။
– ရုရှား ယူကရိန်းစစ်ပွဲ ပြင်းထန်လာမှုကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ ၆.၅။ သန်းခန့်ရှိနေပြီလို့ ကုလကပြောပါတယ်။
– တရုပ်သမ္မတ ရှီက ရုရှား ယူကရိန်းစစ်ပွဲကို ဘယ်သူမှစိတ်မဝင်စားဘူး ( no one interest in war. ) လို့ ကန်သမ္မတ ဘိုင်ဒန်ကိုပြောလိုက်ပါတယ်။
– စစ်ပွဲစတင်ချိန်မှစလို့ အနဲဆုံး ယူကရိန်း နိုင်သား ၈၁၆ ဦး သေဆုံး (သို့ ) သဝာ်ဖြတ်ခံရပြီး ဖြစ်တယ်လို့ ကုလကပြောပါတယ်။
– ယူကရိန်း အစိုးရ ပြောကြားချက်အရ မြို့တော်Kyiv, Kharkiv နဲ့ Kramatorsk မြို့တွေမှာ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာကြောင်းပြောပါတယ်။
– ယူကရိန်းအနောက်ပိုင်မြို့တော် Lviv လေဆိပ်မှာရှိတဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံတခုဟာ ရုရှားဒုံးကျည်ထိမှန် ပျက်ဆီးခဲ့ကြောင်း မြိုတော်ဝန် Andriy Sadovy ကပြောကြားပါတယ်။
– ယူကရိန်းနိုင်ငံလေကြောင်းမှ Boing 737 လေယာဉ်များဟာ အိမ်နီးချင်းနိုင်ငံများမှာ တကွဲတပြားရပ်နားထားရပြီး wetlease လို့ခေါ်တဲ့ လေယာဉ်၊လေယာဉ်မှုးနဲ့ လေယာဉ်အင်ဂျင်နီယာများအတူတကွ ပူးတွဲငှားရမ်းလိုပါက ဆက်သွယ်ငှားရမ်းနိုင်ကြောင်း ကြေညာထားပါတယ်။