မျက်လှည့်ပြလိုက်သလို လူတွေကို ဖုံးကွယ်ပေးမယ့် “ကိုယ်ပျောက်ဒိုင်းကာ”

မျက်လှည့်ပြလိုက်သလို လူတွေကို ဖုံးကွယ်ပေးမယ့် “ကိုယ်ပျောက်ဒိုင်းကာ”

လန်ဒန်အခြေစိုက်ကုမ္ပဏီတစ်ခုကတော့ ကိုယ်ပျောက်ဒိုင်းကာ တစ်မျိုးကို တီထွင်ဖန်တီးလိုက်ပါတယ်။ ဒီဒိုင်းကာကို အသုံးပြုပြီး သူငယ်ချင်း မိတ်ဆွေတွေကို အံ့အားသင့်အောင် ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ရန်သူတွေ မမြင်အောင်အောင်လည်း ပြုလုပ်လို့ရပါတယ်။

ကိုယ်ပျောက်ဒိုင်းကာတွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အင်တာနက်မှာ ရေပန်းစားခဲ့ပါတယ်။ လူတိုင်းဟာ ကိုယ်ပျောက်ဒိုင်းကာကို တီထွင်ချင်ခဲ့ကြပါတယ်။ သိပ္ပံဇာတ်လမ်းများနှင့် လက်တွေ့ဘဝကြား ကွာဟနေမှုကို ကျဉ်းမြောင်းစေချင်ခဲ့ကြပါတယ်။

ဒါပေမယ့် ကုမ္ပဏီအများစုဟာ စစ်လက်နက်ဆိုင်ရာ နည်းပညာပစ္စည်းများကိုသာဆန်းသစ်‌အောင် ထုတ်လုပ်ဖို့ အာရုံစိုက်ခဲ့ကြပြီး အရပ်ဘက်သုံး နည်းပညာဘက်မှာ စိတ်အားထက်သန်မှု နည်းခဲ့ကြပါတယ်။

ဒါ‌ပေမယ့် လန်ဒန်အခြေစိုက် Invisibility Shield Co. က ကိုယ်ပျောက်ဒိုင်းကာ တီထွင်မယ့် စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ၂ နှစ်နီးပါးကြာပြီးသည့်အခါမှာတော့ အဆိုပါ ကုမ္ပဏီဟာ ကြီးမားပြီး ပေါ့ပါးတဲ့ ကိုယ်ပျောက်ဒိုင်းကာကို တီထွင်နိုင်ခဲ့ပါတယ်။

ဒီဒိုင်းကာကို မှန်ဘီလူးပေါင်းများစွာကို အသုံးပြုပြီး ဖန်တီးထားတာပါ။ ဒိုင်းကာနောက်မှာရှိတဲ့ အရာဝတ္ထုများမှ ထွက်လာတဲ့အလင်းများကို လမ်းကြောင်းလွှဲစေခြင်းဖြင့် ဒိုင်းကာရှေ့မှာရှိတဲ့ လူကမမြင်‌ရအောင် လုပ်ဆောင်ထားတာဖြစ်ပါတယ်။

နောက်ခံအဖြစ် သစ်ရွက်တွေ၊မြက်တွေ၊သဲတွေစတဲ့ တသတ်မတ်ထဲရှိတဲ့ အရောင်တွေဆိုရင်တော့ ဒီကိုယ်ပျောက်ဒိုင်းကာဟာ အကောင်းဆုံး ကိုယ်ရောင်ဖျောက်ပေးနိုင်သလို နံရံတွေ၊ ဆေးရောင်စုံ မျဉ်းကြောင်းတွေကို နောက်ခံအဖြစ်ထားထားရင်လည်း အကောင်းဆုံး ကိုယ်ဖျောက်ပေးနိုင်ပါတယ်။

ဒီကုမ္ပဏီဟာ ကိုယ်ပျောက်ဒိုင်းကာတွေကို အရွယ်အစားနှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ အကြီးစား ဒိုင်းကာကတော့ အလျား ၃ ပေ ၊အနံ ၂ ပေရှိပြီး အရွယ်ရောက်ပြီးသား လူတစ်ယောက် နှစ်ယောက်လောက် ဒီဒိုင်းကာနောက်မှာ ပုန်းနေလို့ရပါတယ်။

အသေးစား ကိုယ်ပျောက်ဒိုင်းကာကတော့ အလျား ၁၂ လက်မနဲ့ အနံ ၈ လက်မရှိပါတယ်။ အကြီးစား ကိုယ်ပျောက်ဒိုင်းကာကတော့ ၃၉၄ ဖြစ်ပြီး အသေးစားဒိုင်းကာကတော့ ၆၅ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။

အသုံးပြုဖို့အတွက် ပါဝါအရင်းအမြစ်မလိုအပ်ပါဘူး၊အလေးချိန်ကလည်း ၉ ပေါင်သာရှိပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။ အထူ ၂ လက်မရှိတာကြောင့် ထောင်ထားလို့လည်း ရပါတယ်။

အဆိုပါ ကိုယ်ပျောက်ဒိုင်ကာကို ဝယ်ယူပြီးတဲ့နောက် မသုံးတော့ပါကလည်း ဒိုင်းကာပစ္စည်းတစ်ခုလုံးကို စွန့်ပစ်ပစ္စည်းအဖြစ် ပြန်လည် အသုံးပြုလို့ပါတယ်။

ကုမ္ပဏီဟာ ဒိုင်းကာတွေကို မှာယူတဲ့သူတွေဆီပို့ ဆောင်ပေးဖို့လည်း ကာဗွန်လျော့ချရေး ပြုလုပ်နေတဲ့အဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်နေပြီး ယခုနှစ် ဒီဇင်ဘာလမှာ ပို့ဆောင်ပေးနိုင်မယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published.