၁ောာလုံးပြိုင်ပွဲကြောင့် ဖြစ်ရတဲ့စစ်ပွဲ

၁ောာလုံးပွဲကြောင့် ဖြစ်ရတဲ့စစ်ပွဲ

ဘောလုံးပြိုင်ပွဲကြောင့် နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားအပါအ၀င် စုစုပေါင်း(၃၀၀၀)နီးပါး ဆုံးပါး၊ပျောက်ဆုံး သွားခဲ့ရပါတယ်။

ဒီဖြစ်စဉ်ပာာ သမိုင်းမှာ အမှန်တကယ်ရှိခဲ့ပြီး ၁ောာလုံးပြိုင်ပွဲတစ်ပွဲရဲ့ ပြိုင်ဆိုင်မှုက နှစ်နိုင်ငံအကြား စစ်ဖြစ်ပွားဖို့ အကြောင်းအရင်း ဖြစ်စေခဲ့ပါတယ်။ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အယ်လ်ဆာဗေးဒိုးနဲ့ ဟွန်းဒူးရပ်စ်တို့ ယှဉ်ပြိုင်မူက စတင်ပြီး စစ်ပွဲဖြစ်သွားခဲ့တာပါ။

ဒီစစ်ပွဲကို Soccer War လို့ ခေါ်ခဲ့ကြပြီး စစ်ပွဲက ၁၉၆၉ ဇူလိုင် (၁၄) မှာ စတင်ပြီး ဇူလိုင် (၁၈)မှာ အပစ်ရပ်ဖို့ သဘောတူညီသွားတာမို့ စစ်ပွဲကြာချိန်ကို အစွဲပြုပြီး 100 Hour War လို့လည်း ခေါ်ခဲ့ကြပါတယ်။

၁၉၇၀ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အယ်လ်ဆာဗေးဒိုးနဲ့ ဟွန်းဒူးရပ်စ်တို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပထမအကျော့ ဟွန်းဒူးရပ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားရာ နှစ်ဖက်ပရိသတ်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဟွန်းဒူးရပ်စ်က (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

ဒီနောက် ဒုတိယအကျော့ကို အယ်လ်ဆာဗေးဒိုးမှာ ယှဉ်ပြိုင်ခဲ့ရာ အယ်လ်ဆာဗေဒိုးက(၃-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက နှစ်ကျော့ပေါင်း ရလဒ်ကို ထည့်သွင်းမတွက်ချက်ဘဲ အပြန်အလှန်အနိုင်ရမူကြောင့် ကြားကွင်းမှာ ဆက်လက်ကစားစေခဲ့ပါတယ်။

ဒီနောက် မက္ကဆီကိုနိုင်ငံမှာ ကစားခဲ့ရာ အယ်လ်ဆာဗေးဒိုးက ဟွန်းဒူးရပ်စ်ကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၁၉၇၀ ကမ္ဘာ့ဖလားကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

ဟွန်းဒူးရပ်စ်ဟာ အယ်လ်ဆာဗေးဒိုးရဲ့ နိုင်ပွဲအပေါ် မကျေမနပ်ဖြစ်ကာ ပြသနာစတင်ရှာခဲ့ပါတယ်။ဟွန်းဒူးရပ်စ်နိုင်ငံမှာ အယ်လ်ဆာဗေးဒိုးနိုင်ငံသား အများအပြား ၀င်ရောက်နေထိုင်နေကြပါတယ်။

ဟွန်းဒူးရပ်စ် အစိုးရဟာ အယ်လ်ဆာဗေးဒိုး နိုင်ငံသားတွေကို အကြောင်းမဲ့ အပြစ်ရှာကာ ကွပ်မျက်ခြင်း၊ ဖမ်းဆီးခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် အယ်လ်ဆာဗေးဒိုးဟာ ဟွန်းဒူးရပ်စ်ကို စစ်ရေးအရ တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အယ်လ်ဆာဗေးဒိုးပာာ ခရီးသည်တင်လေယာဉ်တွေမှာ ဗုံးတွေတပ်ဆင်ပြီး ဟွန်းဒူးရပ်စ်ကို ဗုံးကြဲကာ စစ်ပွဲကို စတင်ခဲ့ပါတယ်။ ဟွန်းဒူးရပ်စ်ကလည်း လေယာဉ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ဒီနောက် အယ်လ်ဆာဗေးဒိုးစစ်တပ်ဟာ ဟွန်းဒူးရပ်စ်နိုင်ငံအတွင်း ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နှစ်နိုင်ငံကြား တိုက်ပွဲပြင်းထန် လာခဲ့တာကြောင့် ၀င်ရောက်ဖျန်ဖြေမှု ပြုလုပ်ခဲ့ရကာ စစ်ဖြစ်ပြီး နာရီပေါင်း(၁၀၀)အကြာမှာ အပစ်ရပ် သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

The Nyang News
Credit- Sooth

Leave a Reply

Your email address will not be published.