ကမ္ဘာ့အပျင်းဆုံး တိရစ္ဆာန် (၅) မျိုး
ကျွန်တော်တို့ရဲ့ လူနေမှုဘဝမှာတော့ အလုပ် တာဝန်တွေနဲ့ ပြည့်နှက်နေတဲ့ကြားက ဆေးဆေးအနားယူနိုင်မယ့်နေ့ရက်တစ်ရက်ကို မျှော် လင့်နေတတ်ကြပါတယ်။ အချို့ ပုဂ္ဂိုလ်တွေအတွက်ကျ ပြန်တော့လည်း အချိန်တွေဟာ ပိုလျှံလွန်းကြပါတယ်။
ဒီလိုပါပဲ တိရစ္ဆာန်တွေရဲ့ လောကမှာလည်း အချိန်နာရီပေါင်းများစွာ အလုပ်လုပ်ကိုင်နေကြတဲ့ ပုရွက်ဆိတ်လို တိရစ္ဆာန်များရှိသလို တစ်နေ့တာအတွက် ဘဝကို ပျင်းရိစွာဖြတ်သန်းနေကြတဲ့တိရစ္ဆာန်တွေလည်း ရှိကြပါတယ်။
အဲဒါကြောင့် ဗဟုသုတရရှိစေရန်အတွက် ကမ္ဘာ့အပျင်းဆုံးတိရစ္ဆာန် (၅)ကောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၅။ စပါးအုံးမြွေ (Python)
လှုပ်ရှားမှုနှေးကွေးတဲ့ သတ္တဝါတွေထဲ မှာတော့ စပါးအုံးမြွေ (Python) တွေ လည်း ပါဝင်ကြပြီး သူတို့တွေဟာ တစ်နေ့ ကို ၁၈ နာရီ အထက်အိပ်စက်တဲ့ မြွေကြီး မျိုးတွေလည်း ဖြစ်ပါတယ်။
စပါးအုံးမြွေ တွေဟာ အစားအစာကို တစ်ကြိမ်တစ်ခါ ဝါးမျိုလိုက်တာနဲ့ ရက်သတ္တ ပတ်များစွာ မလှုပ်မရှားဘဲ ရှင်သန်နေနိုင်ကြပါတယ်။ ယင်းအချိန်မှာတော့ သူတို့ဟာ မူလကထက်ပိုပြီး အိပ်စက်လေ့ရှိကြပြန်ပါတယ်။
စပါးအုံးမြွေတွေရဲ့ အရေခွံမလဲချိန်ကာလတွေမှာ ကိုယ်ခံစွမ်းအား ပိုမို အသုံးချဖို့ လိုအပ်လေ့ရှိတာကြောင့် တစ်ခါတစ်ရံ ရက်သတ္တတစ်ပတ်ကြာတဲ့ အထိ အိပ်စက်နားနေလေ့ရှိပါတယ်။ စပါးအုံးမြွေတွေရဲ့ သက် တမ်းကတော့ နှစ်ပေါင်း ၃ဝ အထိ ရှင်သန်နေထိုင် ကြပါတယ်။
၄။ ရေမြင်း (Hippopotamus)
ပျင်းရိတဲ့တိရစ္ဆာန်တွေအနက် ရေမြင်းတွေဟာ ထိပ်တန်းနေရာကနေပါဝင်နေပြီး တစ်နေ့ကို ၁၆ နာရီ ကနေ နာရီ ၂ဝ အကြား အိပ်စက်လေ့ရှိပါတယ်။
ကုန်း မြေပေါ်မှာ နေပူဆာလှုံလေ့ရှိတဲ့ရေမြင်းအုပ်စုတွေကို မကြာခဏမြင်တွေ့ ရမှာဖြစ်ပြီး ယင်းအချိန်မှာလည်း တစ်ရေးတစ်မော အိပ်စက်နားနေလေ့ရှိပါတယ်။
ဒီလိုအုပ်စုလိုက်နေပူဆာလှုံတဲ့သဏ္ဌာန်အိပ်စက်လေ့ ရှိတာဟာ ရေမြင်းတွေအတွက်တော့ နောက်ထပ် ရေ ထဲမှာ ဆက်လက်အိပ်စက်ဖို့ လာရောက်အသက်ရှူ တာဖြစ်ပါတယ်။
ရေမြင်းတွေရဲ့ ခန္ဓာကိုယ်အတွင်းက Hipposudoric Acid (အနီရောင်ခြယ်ပစ္စည်း)၊ Norhipposudoric Acid (လိမ္မော်ရောင်ခြယ်ပစ္စည်း)တွေကြောင့် နေရဲ့ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူထားနိုင်ပြီး အချိန် အကြာကြီး နေရောင်ဒဏ်ကိုခံနိုင်ကြပါတယ်။
ရေမြင်းအများစုရဲ့အစာရှာချိန်ဟာ ညဘက်အချိန်ဖြစ်ပြီး အိပ်စက်ချိန်ပြီးတဲ့ ၅ နာရီ လောက် အချိန်ဖြစ်ပါတယ်။ နို့တိုက်သတ္တဝါတွေအနက်မှာ ရေမြင်းတွေရဲ့ ထူးခြားချက်က တော့ သူတို့ဟာ ကုန်းပေါ်မှာ လည်း ခရီးဝေးသွားနိုင်တဲ့အပြင် လျင်မြန်စွာလည်း ပြေးနိုင်သူ တွေ ဖြစ်ကြပါတယ်။
အရွယ် ရောက်ပြီး အထီးတွေရဲ့ ခန္ဓာ ကိုယ်အလေးချိန်က ၁၅ဝဝ- ၁၈၀၀ ကီလိုဂရမ်အထိရှိပြီး အရွယ်ရောက်အမတွေကတော့ ၁၃၀၀-၁၅၀၀ ကီလိုဂရမ်အထိရှိပါတယ်။ နေထိုင်မှု သက်တမ်းကတော့ နှစ် ၄ဝ မှ ၅ဝ အထိ ရှင်သန်နေထိုင် ကြပါတယ်။
၃။ အိုပေါ့ဆမ် (Opossum)
Opssum ဆိုတာကတော့ အမေရိကန်နဲ့ဩစတြေးလျတို့မှာတွေ့ရတဲ့ အပင်နေတိရစ္ဆာန်တစ်မျိုး ဖြစ်ပါတယ်။ Opossum တွေဟာလည်း ကမ္ဘာပေါ်မှာ အပျင်းဆုံးတိရစ္ဆာန်တွေအနက် တစ်မျိုးအပါအဝင် ဖြစ်ပြီး တစ်နေ့ကို ၁၈ နာရီကနေ နာရီ ၂၀ အကြား အိပ်စက်ကြသူတွေဖြစ်ပါတယ်။
Opossum တွေဟာ ရွေ့လျားမှုလည်း အတော်နှေးကွေးကြပြီး နေရာ တစ်နေရာ (သစ်ပင်ပေါ်)တည်းမှာပဲ ကာလကြာ အထိုင်ချနေထိုင်ပြီး မဖြစ်မနေ အခြေအနေသို့ရောက် မှသာ နေရာပြောင်းလေ့ရှိပါတယ်။
၂။ စလော့ (Sloth)
အနောက်နိုင်ငံတွေမှာတော့ အလွန်ပျင်းရှိတဲ့သူကို Sloth တွေနဲ့ ခိုင်းနှိုင်းလေ့ရှိကြပါတယ်။ Sloth တွေဟာ တစ်နေ့ကို နာရီ ၂၀ ထက်မက အိပ်စက် အနားယူလေ့ရှိကြပါတယ်။
မျောက်လို့ခေါ်ကြပေမယ့် နှေးကွေးစွာလှုပ်ရှားကြတဲ့မျိုးစိတ်တွေ ဖြစ်ပါတယ်။ Sloth တွေဟာ တောင်အမေရိကတိုက်က အပူပိုင်း မိုးသစ်တောတွေထဲမှာနေထိုင်လေ့ရှိကြပြီး တစ်နေကုန် အကိုင်း ၃ ကိုင်းလောက်ပဲ ကူးသန်းနေထိုင်လေ့ရှိပါ တယ်။
ဒါတောင် မဖြစ်မနေရွေ့လျားရမယ့်အကြောင်း ရင်းပေါ်မှသာ ကူးသန်းကြတာပါ။ အိပ်ရာကနေ နိုးထ တဲ့နာရီအနည်းငယ်လောက်မှာလည်း သူတို့ဟာ နီးစပ်ရာအစာကိုသာ ရှာဖွေစား သောက်ပြီး နားနေလေ့ ရှိကြပါတယ်။
Sloth တွေရဲ့ ခန္ဓာကိုယ် အလျားဟာ ၆ဝ မှ ၈၀ စင်တီမီတာ (၂၄ မှ ၃၁ လက်မ) အထိ ရှည်လျားပြီး ခန္ဓာကိုယ်အလေးချိန်ကတော့ ၃ ဒသမ ၆ မှ ၇ ဒသမ ၇ ကီလိုဂရမ် (၇ ဒသမ ၉ မှ ၁၇ ပေါင်)အထိ လေးပါ တယ်။
အမြီးကတော့ ၅ မှ ၆ စင်တီမီတာ (၂ မှ ၂ ဒသမ ၄ လက်မ) အထိရှည်ပြီး သက်တမ်းကတော့ နှစ် ၂ဝ မှ ၃ဝ အထိ ရှင်သန်နေထိုင်ကြပါတယ်။
၁။ ကိုလာဝက်ဝံ (Koala)
ကမ္ဘာပေါ်မှာ အပျင်းတကာ့အပျင်းဆုံးတိရစ္ဆာန် ကတော့ ကိုလာဝက်ဝံလို့သိကြတဲ့ အပင်နေ ကွာလား ကောင်ဖြစ်ပါတယ်။ သူတို့ဟာ ဝဖိုင့်တဲ့ခန္ဓာကိုယ် တိုတုတ်တဲ့ခြေထောက်၊ ထူထဲတဲ့အမွေးနုပါရှိပြီး အမြီးတော့ မရှိကြပါဘူး။
ကိုလာဝက်ဝံတွေဟာ တစ်နေ့ကို ၂ နာရီကနေ ၆ နာရီအထိသာ အိပ်ရာကနေ နိုးထ လေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာ အချိန်မရွေးအိပ်စက် ကြပါတယ်။
သူတို့အိပ်ပျော်နေချိန်တွေဟာ ခန္ဓာကိုယ် တွင်း အစာချေဖျက်မှုအားအကောင်းဆုံး အချိန်တွေ ဖြစ်ပြီး ယူကလစ်ပင်ရဲ့အရွက်ကို အလွန်ကြိုက်နှစ်သက် တာကြောင့် ပါးစောင်မှာ ငုံထားလေ့ရှိပါတယ်။
ကိုလာဝက်ဝံတွေ အဓိကစားသုံးတဲ့ ယူကလစ် ရွက်ကြောင့် အဆိပ်အတောက်တွေ ပြေစေတဲ့အပြင် စားသုံးလိုက်တဲ့အစာတွေကို လျင်မြန်စွာချေဖျက်တာမို့ သူတို့ရဲ့ တစ်နေ့တာအလုပ်ဟာ အိပ်လိုက်စားလိုက် ပုံစံသာဖြစ်ပါတယ်။
လေပြင်းမုန်တိုင်းတိုက်ခတ်ချိန်မှာတောင် အပင်အောက်ကိုဆင်းလေ့မရှိဘဲ ခိုင်မာတဲ့ ခြေသည်းတို့နဲ့ ကုပ်တွယ်ထားလေ့ရှိတဲ့ ကိုလာဝက်ဝံ တွေရဲ့ မူရင်းဒေသကတော့ ဩစတြေးလျတိုက်ဖြစ်ပါ တယ်။
ယခုအချိန်မှာတော့ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ တိရစ္ဆာန်စာရင်းမှာပါဝင်နေတဲ့ မျိုးစိတ်တွေ ဖြစ်တာကြောင့် နိုင်ငံအလိုက်စီမံချက်တွေချမှတ် ပြီး ထိန်းသိမ်းစောင့်ရှောက်နေရတဲ့ မျိုးစိတ်တွေအဖြစ် တည်ရှိနေပါတယ်။
Koala တွေရဲ့ ခန္ဓာကိုယ်အလျား ဟာ ၆၀ မှ ၈၅ စင်တီမီတာ (၂၄ မှ ၃၃ လက်မ) အထိ ရှိပြီး အလေးချိန်ကတော့ ၉ ပေါင်မှ ၃၃ ပေါင်အထိ ရှိပါတယ်။ ၁၃ နှစ်မှ ၁၈ နှစ်အထိ သက်တမ်းရှည် နေထိုင်ကြပါတယ်။
ကောင်းစစ်ဟန်