ရာဇဝင်ထဲက ဟာကျူလီ

ရာဇဝင်ထဲက ဟာကျူလီ

ဟာကျူလီဆိုတာ ခွန်အားကြီးမားလွန်းတဲ့ သူရဲကောင်းတဦးပါ။ သူ့ရဲ့အကြောင်းကလဲ စိတ်ဝင်စားစရာတွေ အပြည့်ပါ။ ရှေးဟောင်းကျမ်းစာတွေထဲက သူ့အကြောင်းကို လက်လှမ်းမှီသလောက် ဖေါ်ပြလိုက်ပါတယ်။

သူဟာ အဇ္ဇရီယယ်လူမျိုးက ပေါက်ဖွားလာပါတယ်။ အဇ္ဇရီယယ် ဆိုတာ ဣသရေလ လို့လဲခေါ်ကြတဲ့ အစ္စရေးလူမျိုးတွေပါ။

သူ့ကို ဆမ္မဆန် (Samson)လို့လဲ ခေါ်ပါတယ်။ အဲ့ဒီအချိန်က အဇ္ဇရီယယ်လူမျိုးတွေဟာ ဖိလစ်စတင်း(Philistines)လူမျိုးတွေရဲ့ လက်အောက်မှာ ဖိနှိပ်ခံနေရပါတယ်။

ဆမ္မဆန်ဟာ သူ့လူမျိုးတွေကို ဖိလစ်စတင်းတွေလက်အောက်က လွတ်မြောက်အောင် ကြိုးစားခဲ့ပါတယ်။ သူက အဇ္ဇရီယယ်လူမျိုးဖြစ်ပေမဲ့ ဖိလစ်စတင်း အမျိုးသမီး တယောက်နဲ့ ဖူးစာဆုံခဲ့ပါတယ်။

သူ့ရဲ့ကောင်မလေး အိမ်ကိုအသွား လမ်းမှာသူ့ကို ရန်ပြုတဲ့ ခြင်္သေ့တစ်ကောင်ကိုလက်ချည်းသက်သက်နဲ့ သုတ်သင်နိုင်ခဲ့ပါတယ်။

ဖိလစ်စတင်းတွေကိုမုန်းတဲ့သူဟာ မြေခွေးအကောင်သုံးရာကို ဖမ်းဆီးပြီး သူတိုအမြီး‌တွေမှာ မီးတုတ်ချည်ပြီး ဖိလစ်စတင်းတွေရဲ့ လယ်ကွင်းထဲ မောင်းသွင်းလို့လယ်ကွက်တွေ မီးလောင်ပျက်ဆီး ကုန်ပါတယ်။

ဖိလစ်စတင်းတွေကလဲ သူမရှိချိန် သူ့ဇနီးနဲ့ အိမ်သားအားလုံးကို သဝာ်ပြီးလက်စားချေ ကြပါတယ်။ ဒေါသကြီးတဲ့ ဆမ္မဆန်ကလဲ မြည်းမေးရိုးတချောင်းထဲနဲ့ဖိလစ်စတင်းတစ်ထောင်ကို ရိုက်သဝာ်ခဲ့ပါတယ်တဲ့။

ဆမ္မဆန်ဟာ အဲ့နောက်ပိုင်း တစ်ကိုယ်တည်း လူပျိုကြီးလုပ်နေရင်း ဖိလစ်စတင်းပျိုဖြူတစ်ယောက်နဲ့ ရည်ငံပြန်ပါတယ်။ ဒီတယောက်ကတော့ သူ့ကိုသစ္စာမရှိပါဘူး။

သူ့ရဲ့ခွန်အားဟာ ဆံပင်မှာရှိတာကို သိသွားတဲ့ ဒလိုင်လာ(Delilah) ဆိုတဲ့သူမက ဆမ္မဆန်အိပ်နေချိန်မှာ ဆံပင်တွေကို ရိတ်ပစ်လိုက်ပါတယ်။

ခွန်အားမဲ့သွားတဲ့ ဆမ္မဆန်ကို ဖိလစ်စတင်းတွေက ဝိုင်းဖမ်းပြီး မျက်လုံးနှစ်လုံးစလုံးထိုးဖေါက်ကာ ထောင်ထဲထည့်ထားကြပါတယ်။

ဖိလစ်စတင်းတွေရဲ့ ဒေးဂုန်နတ်ပွဲမှာ ဆမ္မဆန်ကိုပါ ခေါ်လာပြီး ဘုရားကျောင်းထဲမှာ ဖိလစ်စတင်းတွေ ပွဲခံနေတုံး ဆံပင်တွေပြန်ရှည်လာပြီဖြစ်တဲ့ ဆမ္မဆန်ဟာ သူ့မှီထားတဲ့ဘုရားကျောင်း တိုင်နှစ်ခုကို အားကုန်တွန်းလှဲလိုက်ပါတော့တယ်။ သူနဲ့အတူ ဖိလစ်စတင်းလူမျိုး တော်တော်များများသေဆုံးသွားကြပါတယ်။

သူ့အကြောင်းနဲ့ ဒလိုင်လာရဲ့ သစ္စာမဲ့မှုအကြောင်းတွေကို နှောင်းစာဆိုတွေက ကဗျာအဖြစ် ရေးဖွဲ့ခဲ့ကြပါတယ်။ ရုပ်ရှင်တွေ၊ ပြဇာတ်တွေလည်း ထုတ်လုပ်ပြသခဲ့ကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.