ယူဂာရိန်း ပြည်သူများကို တတပ်တအား ကူညီပေးနေတဲ့ Virgin Atlantic Airline

ယူဂာရိန်းပြည်သူတွေကို တတပ်တအား ပါဝင်ကူညီပေးနေတဲ့ Virgin Atlantic Airline

ရုရှားနဲ့ ယူဂာရိန်းစစ်ပွဲဟာ တစ်လပြည့်ခဲ့ပြီး ဖြစ်ပါတယ်။ ရုရှားကလဲ အစွမ်းထက်လက်နက်များနဲ့ သာလွန်အင်အားသုံးပြီး ယူကရိန်းကို သိမ်းပိုက်ဖို့ ကြိုးစားနေသလို ယူကရိန်းကလဲ ကြံ့ကြံ့ခံ တွန်းလှန်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ရဲ့ဆိုကျိုးကို ခံစားရတာကတော့ အရပ်သားပြည်သူတွေပါ။ သက်ကြီးရွယ်အို ကလေးသူငယ်ပါမကျန် ပြေးလွှားပုန်းရှောင်နေရပါတယ်။ ဘယ်က ကျရောက်လာမှန်းမသိနိုင်တဲ့ လက်နက်တွေ ပေါက်ကွဲမှုကြောင့်လဲ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးဆုံးရှုံး ကြရပါတယ်။

ဒါကို မကြည့်ရက်တော့တဲ့ ကမ္ဘာ့ပြည်သူများဟာ စစ်ဒဏ်ခံ ပြည်သူများကို ကူညီနေကြပါပြီ။ ဒီထဲကမှ Virgin Atlantic Airline ရဲ့ကူညီမှုလေးကို ဖေါ်ပြချင်ပါတယ်။

Virgin Atlantic Air line မှ လေယာဉ်များဟာ JFK လေဆိပ်မှ ရောက်ရှိလာတဲ့ ကယ်ဆယ်ရေးပစ္စည်းများကို လန်ဒန် ဟိသရိုး လေဆိပ်မှာတင်ဆောင်ပြီး ဘရပ်ဆဲ မြို့ကိုပျံသန်းပါမယ် ။

အဲဒီကတဆင့် ပိုလန်နိုင်ငံကို ပို့ဆောင်မှာဖြစ်ပါတယ်။ Virgin Atlantic Airline ကို Convoy Hope ကုမ္ပဏီ Airlink, inc. တို့က ပူးပေါင်းအားဖြည့်ပေးမှာ ဖြစ်ပါတယ်။

၂၇ တန်ခန့်ရှိတဲ့ ဆေးပစ္စည်းတွေထဲမှာ ယူကရိန်းပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထာမှုဆိုင်ရာ ပစ္စည်းတွေ ပါဝင်ပါတယ်။ hygiene ပိုးသတ်ဆေးများ၊ ကလေးသူငယ်များအတွက် အဟာရ စားသောက်ဖွယ်များအပြင် မီးစက်တွေ၊ ဆိုလာပါဝါ မီးအိမ်‌တွေ၊ ရေသန့်ကရိယာတွေလဲ ပါဝင်ပါတယ်။

Verging Air Foundation အနေနဲ့လဲ ယူရိုငွေ ၁၂၅,၀၀၀ ကို လှူဒါန်းထားပါသေးတယ်။ UNHCR ,The UN Refugee Agency ကိုလဲ ယူရိုငွေ ၅၀,၀၀၀ မတည်ထည့်ဝင်ထားပြီး fundraiser များကို ဖိတ်ခေါ်နေပါတယ်။

မည်သည့် အလှူရှင်ကိုမဆို ကြိုဆိုပြီး Virgin Air ရဲ့ လူစွမ်းအားနဲ့ လေယာဉ်များကိုသုံးစွဲကူညီသွားမှာဖြစ်ကြောင်းကိုလဲ Virgin Air ရဲ့ CEO ဖြစ်တဲ့ Mr. Shai Weiss က ပြောကြားခဲ့ပါတယ်။

အိုင်စတိုင်းကပြောဖူးပါတယ် စတုထ္ထကမ္ဘာစစ်ဆိုတာရှိခဲ့ရင် လူတွေဟာ တုတ်တွေခဲတွေနဲ့ တိုက်ခိုက်ရလိမ့်မယ်လို့ပါ။ ဘာကြောင့်ဆိုတော့ တတိယကမ္ဘာစစ်မှာကတည်းက အလုံးစုံပျက်ဆီးကုန်မှာဖြစ်လို့ပါ။

ဒါကြောင့်လဲ ကမ္ဘာ့ခေါင်းဆောင်တွေ တာဝန်ရှိသူတွေဟာ ယူကရိန်းစစ်ပွဲမှသည်တတိယကမ္ဘာစစ်အထိ မရောက်ဖို့ကြီုးစားနေကြတာဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းသော်၎င်း အဖွဲ့အစည်းအနေနဲ့သော်၎င်း မိမိ တတ်စွမ်းရာနေရာက ပါဝင်နေကြတဲ့အထဲကမှ Virgin Atlantic Airline ရဲ့တတပ်တအား ပါဝင်ကူညီမှုကို လှိုက်လှဲစွာ ချီးကျူးပါကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.