ရုရှားစစ်တပ်ကို အခက်တွေ့စေတဲ့ ယူကရိန်းကွန်မန်ဒိုတပ်ဖွဲ့များအကြောင်း

ရုရှားစစ်သားများကို အမှည့်ခြွေ ခြွေကာ သုဝာ်သင်နေတဲ့ ယူဂာရိန်းကွန်မန်ဒိုများအကြောင်း တစေ့တစောင်း

ယူဂာရိန်းစစ်ပွဲဟာ သုံးလနီးပါးရှိလာချိန်အထိ ရုရှားကလည်း သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေသလို ယူကရိန်းကလည်း ကြံကြံခံကာ ခုခံတိုက်ခိုက်နေပါတယ်။ သို့သော် ရုရှားဟာ ယူဂာရိန်းရဲ့ မြို့တော် ကိယဗ်ကို မသိမ်းပိုက်နိုင်သေးပါဘူး။

ရှရှားစစ်ယာဉ်တန်းရှည်ကြီးဟာလည်း မြို့တော်ကိယဗ်အပြင်မှာ ရပ်တန့်နေပြီး ရှေ့မတိုးနိုင်ပဲ အခက်တွေ့နေပါတယ်။ ရှရှားရဲ့ ကျူးကျော်စစ်ကို အဓိကအခက်တွေ့စေရတဲ့ အကြောင်းတစ်ခုကတော့ ယူဂာရိန်းစစ်တပ်ရဲ့ ကွန်မန်ဒိုအထူးစစ်ဆင်ရေးတပ်ဖွဲ့များရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ဖြစ်ပါတယ်။

ယူဂာရိန်းကွန်မန်ဒိုတပ်ဖွဲ့များအကြောင်း

ယူကရိန်းစစ်တပ်ဟာ အထူးစစ်ဆင် ရေးစစ်ဌာနချုပ်(SOCOM)ဆိုပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့များကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်း ဒွန်ဘာဒေသရှိ ရုရှားလက်ဝေခံ ခွဲထွက်ရေးသမားများနှင့်တိုက်ခိုက်ရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့တာကြောင့် ကွန်မန်ဒိုတပ်ဖွဲ့များကို စတင်ဖွဲ့စည်းခြင်းဖြစ်ပါတယ်။

ခွဲထွက်ရေးသမားများကိုပင် အနိုင်မတိုက်နိုင်ဘဲ ဒိုးနတ်နှင့်လူဟန့်ပြည်နယ်မှ နယ်မြေအများအပြားကို လက်လွှတ်ခဲ့ရတဲ့ ယူကရိန်းဟာ ၂ဝ၁၅နှင့် ၂ဝ၂၁ပြည့်နှစ်ကြားမှာ ကာကွယ်ရေးဘတ်ဂျက်ကို နှစ်ဆတိုးမြှင့်ခဲ့ပြီး စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ ဖြည့်တင်းခဲ့ပါတယ်။

နောက်ပြီး တပ်သားများကိုလည်း ပိုမိုကောင်းမွန်စွာထားရှိကာ စနစ်တကျ လေ့ကျင့်သင်ကြားစေခဲ့ပါတယ်။ ယူကရိန်းစစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲမှုများကို အမေရိကန်အပါအဝင် ဗြိတိန်၊ကနေဒါစတဲ့ နိုင်ငံများက ကူညီခဲ့ကြပါတယ်။

ယူကရိန်းအထူးစစ်ဆင်ရေးဌာနချုပ်မှာ ကွန်မန်ဒိုတပ်ရင်း ၇ ခု ရှိပါတယ်။ အဆိုပါတပ်ရင်း ၇ ခုမှာ စုစုပေါင်းတပ်သားအင်အား ၂၀၀၀ ခန့်ရှိပါတယ်။ အဓိကအားဖြင့် ကြည်းတပ် ကွန်မန်ဒိုနှင့် ရေတပ်ကွန်မန်ဒိုဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ဝင် မဟုတ်သော်လည်း ယူဂာရိန်း ကွန်မန်ဒိုတပ်ဖွဲ့များဟာ နေတိုးတပ်ဖွဲ့များနှင့် အကြိမ်ကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ဖူးတာကြောင့် အတွေ့အကြုံကောင်း များစွာရရှိထားပါတယ်။

အမေရိကန်တပ်ဖွဲ့များနှင့်လည်း မကြာမကြာ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တွင် ယူဂာရိန်းရဲ့ အမှတ် ၁၄၀ ကွန်မန်ဒိုတပ်ဖွဲ့ဟာဆို နေတိုးအဖွဲ့ရဲ့ အရည်အချင်းပိုင်းဆိုင်ရာ နေတိုးအဖွဲ့ရဲ့ တရားဝင်အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ ဒါဟာ နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံများထဲမှာ ပထမဆုံး အသိအမှတ်ပြုခြင်းခံရခြင်းလည်း ဖြစ်ပါတယ်။

ယူကရိန်းကွန်မန်ဒိုတပ်ဖွဲ့များဟာ အစောပိုင်းတွင် နိုင်ငံအရှေ့ပိုင်းမှ ပြောက်ကျားသူပုန်များနှင့် ကာလရှည် ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာကြောင့်လည်း သူပုန်များ၏ ပြောက်ကျား ဗျူဟာများကို ကျွမ်းကျင်လာခဲ့ပါတယ်။

ယခုရှရှားက ကျူးကျော်တိုက်ခိုက်လာတဲ့အခါတွင်လည်း ယူဂာရိန်းကွန်မန်ဒိုများဟာ ပြောက်ကျား နည်းဗျူဟာဖြင့် ပြန်လည်ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

ယူကရိန်းရဲ့ မြို့တော်ကိယဗ်ကို ရုရှားစစ်တပ် မသိမ်းပိုက်နိုင်သေးခြင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့များကို မကျော်လွှားနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။ ကိယဗ်မြို့ ဆင်ခြေဖုံးဒေသ တိုက်ပွဲများမှာ ယူကရိန်းကွန်မန်ဒိုတပ်ဖွဲ့များကြောင့် ရုရှားခြေမြန်တပ်ဖွဲ့များ များစွာအထိနာနေရတယ်လို့လည်း သိရပါတယ်။

နောက်ပြီး ယူဂာရိန်းကွန်မန်ဒိုများဟာ ကိုယ့်မြေ၊ကိုယ့်ရေမှာ တိုက်ခိုက်ရတာကြောင့်လည်း နယ်မြေကျွမ်းကျင်ပါတယ်။ နေ့ညမရွေး တိုက်ပွဲဝင်နိုင်ပါတယ်။ စနစ်တကျ အချိတ်အဆက်မိမိ တိုက်ခိုက်နိုင်ပါတယ်။

ရန်သူ့နယ်မြေထဲမှာ ယောင်ချာချာဖြစ်နေကြတဲ့ ရုရှားစစ်သားများကို ယူဂာရိန်းကွန်မန်ဒိုများက အမှည့်ခြွေ ခြွေကာ တိုက်ခိုက်သုတ်သင်နေတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published.