ဘယ်နိုင်ငံကရေဟာ သောက်သုံးဖို့ စိတ်အချရဆုံးလဲ။

ဘယ်နိုင်ငံကရေဟာ သောက်သုံးဖို့ စိတ်အချရဆုံးလဲ။

မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့ အဖြစ် ကုလအဖွဲ့ကြီးက သတ်မှတ်ပြီး ကမ္ဘာပေါ်က လူဦးရေသန်း ၂၀၀၀ ဟာ စိတ်မချတဲ့ တနည်းအားဖြင့် မသန့်ရှင်းတဲ့ရေကိုသုံးစွဲနေရကြောင်း သတိပေးလိုက်ပါတယ်။

ဒီနှစ်အတွက် ဆောင်ပုဒ်နဲ့ရည်ရွယ်ချက်ကတော့ “မြေအောက်ရေ မမြင်သောအရာမှသည် မြင်နိုင်သောအရာ” ဖြစ်ပါတယ်။

မြေအောက်ရေဆိုတာကတော့ မြေလွှာအောက်က မြောက်များစွာသော ရေချိုများကို ဆိုလိုပါတယ်။ လတ်ဆတ်ပြီး အရင်းအမြစ်ပမာဏ များပြားပါတယ်။ စိတ်ချရပြီး အဆင်သင့်သုံးစွဲနိုင်တဲ့ရေဟာ လူတို့ရဲ့ကျန်းမာရေးအတွက်အရေးကြီးပါတယ်။

မသန့်ရှင်းတဲ့ရေဟာ ရောဂါမျိုးစုံနဲ့ ဆက်နွယ်နေပါတယ်။ ဥပမာ – ကာလဝမ်းရောဂါ၊ ပင်လယ်အူနာ၊ ဝမ်းကိုက်ရောဂါ၊ ပိုလီယိုနဲ့ တိုက်ဖွိုက်လိုရောဂါမျိုးတွေပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ( WHO ) ရဲ့အဆိုအရ ၂၀၁၉ တနှစ်အတွင်းမှာ လူဦးရေ ၁.၅ သန်းဟာ ပင်လယ်အူနာလို ဝမ်းပျက်ရောဂါကြောင့် သေဆုံးခဲ့ပါတယ်တဲ့။

ဒါဟာ ဖွံ့ဖြိုးမှုနဲပါးတဲ့ ဒေသကလူတွေမှာ အဖြစ်များပြီး ရှစ်ခုမြောက် လူသေမှုအများဆုံးရောဂါဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ လူဦရေ သန်းနှစ်ထောင်ဟာ ညစ်ညမ်းတဲ့ရေကို အသုံးပြုနေရတဲ့အတွက် ဝင်‌ငွေနည်းပါးတဲ့နိုင်ငံတွေမှာ သေဆုံးမှုနှုန်းက ပိုမြင့်ပါတယ်။

၂၀၁၉ ကမ္ဘာတလွှားစစ်တမ်းကောက်ယူမှုအရ မသန့်ရှင်းတဲ့ရေကြောင့် သေဆုံးမှုမှာ ချဒ် နိုင်ငံဟာ ၁၀.၁ ရာနှုံး ရှိပြီး အမေရိက က ၀.၃ ရာနှုံးနဲ့ ဥရောပက ၀.၀၂ ရာနှုံး အသီးသီးဖြစ်ပါတယ်။ ဝင်ငွေနဲပါးနိုင်ငံများမှာ မသန့်ရှင်းတဲ့ရေကြောင့် လူတစ်ရာမှာ ခြောက်ယောက်အထိ သေဆုံးနေရတာဖြစ်ပါတယ်။

၂၀၂၀ မှာတော့ ကမ္ဘာ့လူဦးရေရဲ့ ၇၄ ရာနှုန်းဟာ သန့်ရှင်းတဲ့ရေ ရရှိနိုင်ပြီး ဒါဟာ လူဦရေရဲ့ လေးပုံသုံးပုံသာ စိတ်ချရတဲ့ ရေသန့်ကို သုံးစွဲနိုင်တယ်လို့ဆိုလိုတာပါ။

ဖွံ့ဖြိုးမှုအနဲဆုံး နိုင်ငံများကို စာရင်းပြုစု ရာမှာတော့ ၂၂ ရာခိုင်နှုန်းက ရေသန့်စင်မှုစနစ်မရှိ ၂၁ ရာခိုင်နှုန်းက မိလ္လာ စနစ်မရှိသလို ၂၂ ရာခိုင်နှုန်းက ရေဆိုးသန့်စင်မှုစနစ် မရှိကြောင်း တွေ့ရပါတယ်။ ဒီနိုင်ငံအများစုကတော့ ဆာဟာရ တစိတ်တပိုင်း အာဖရိကနိုင်ငံများဖြစ်ပါတယ်။

အာဖရိကရှစ်နိုင်ငံနဲ့ အာရှနှစ်နိုင်ငံမှာ ဆိုရင် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာ သန့်စင်တဲ့ရေ ကိုသုံးစွဲနိုင်ပါတယ်တဲ့။ ချဒ် နိုင်ငံ ၅.၆ ရာနှုန်း၊အာဖရိကန် ရီပတ်ဘလစ်နိုင်ငံ ၆.၂ ရာနှုန်း၊ ဆီရာလီယွန် ၁၀.၆ ရာနှုန်း၊ ရဝမ်ဒါ ၁၂.၁ ရာနှုန်း၊ အီသီယိုးပီးယား ၁၂.၆ ရာနှုန်းသာ ရေသန့်ကိုရရှိကြပါတယ်။

တစ်ရာရာနှုန်းပြည့် ရေသန့်ရရှိနိုင်တဲ့ နိုင်ငံများကတော့ ဂရိ၊ အိုင်စလန်၊ ကူဝိတ် လိုင်ချင်စတိန်း၊ မော်လ်တာ၊ မော်နာကို၊ နယူးဇီလန်၊ ဆန်မာရီနိုနဲ့စင်ကာပူတို့ဖြစ်ပါတယ်။

ဒါဆိုရင် သင်နဲ့သင့်မိသားစုကို မသန့်တဲ့ရေကြောင့် ဖြစ်လာမဲ့ရောဂါတွေကနေဘယ်လိုကာကွယ်မလဲ။ အောက်ပါအချက်များက အမေရိကန်နိုင်ငံ Center for Diseases Control ( CDC ) ရဲ့လမ်းညွှန်ချက်များဖြစ်ပါတယ်။

– ပိုးသတ်ဆေးများကို စနစ်တကျအသုံးပြုပါ။ အစာမစားမှီ လက်ကိုသန့်ရှင်းစွာဆေးကြောခြင်း၊ အိမ်သာတက်ပြီးနောက် လက်ဆေးခြင်း၊ ကလေးငယ်များကို မကိုင်တွယ်မှီနှင့် တိရိစ္တာန်များကို ကိုင်တွယ်ပြီးနောက် လက်ဆေးရန်

– သင့်အိမ်ရှိရေပိုက်များရေပိုက်ခေါင်များ အားသန့်ရှင်းစွာထားရန် နှစ်စဉ်လစဉ် စစ်ဆေးရန်။

– ရနိုင်သမျှသန့်ရှင်းသောရေကိုသာ သောက်ရန်၊ မရပါက ကြိုချက်ထားသောရေကိုသာ သောက်ရန်

– အစားအသောက်များကို မချက်ပြုတ်ခင် သန့်ရှင်းသောရေနှင့်ဆေး၍ နူးနပ်စွာချက်ပြုတ် စားသောက်ရန် လို့ဆိုပါတယ်ခင်များ။

Author- Sayar Lay

Leave a Reply

Your email address will not be published.