အင်တာဗျူးအောင်မြင်စွာဖြေဆိုနည်း

အင်တာဗျူးအောင်မြင်စွာဖြေဆိုနည်း

အင်တာဗျူးမှာ သင်ဘာမေးခွန်းအမေးခံရမယ်လို့ ကြိုတင်မှန်းဆဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ အမေးများတဲ့ မေးခွန်းများကို ကြိုတင်လေ့ကျင့်ခြင်းဟာ သင့်ကို အထောက်အကူ ဖြစ်စေမယ်ဆိုတာ လက်ခံရမှာပါ။

ဂရေးဘာနစ်ဆန် ဆိုသူ အောင်မြင်တဲ့ လုပ်ငန်းလုပ်ကိုင်သူ တယောက်ရဲ့ အဆိုအရတော့ ” သင်အောင်မြင်စွာ ပြီးဆုံးအောင်လုပ်ကိုင်နိုင်ခဲ့တဲ့ အလုပ်ကဘာလဲ” ဆိုတဲ့ မေးခွန်းက အရေးအကြီးဆုံးနဲ့‌‌ လေ့ကျင့်ဖို့အ‌ကောင်းဆုံးလို့ ဆိုပါတယ်။

တိုတိုရှင်းရှင်းနဲ့ ညှို့ယူဖမ်းစားနိုင်ပြီး မိမိ‌မျှော်မှန်းတဲ့ ရာထူးနေရာကိုရဖို့ ပြောဆိုနိုင်တာမျိုးကို သူကထောက်ခံပါတယ်။ အင်တာဗျူးမေးခွန်းတွေကို ကျော်ဖြတ်နိုင်ဖို့ ဘာနစ်ဆန်ရဲ့ အကြံပြုချက်ကတော့ showcase your skills and demonstrate your resilience ပါတဲ့။

အောက်ပါမေးခွန်းများကတော့ CEO တွေနဲ့ ကျွမ်းကျင်သူများရဲ့ ၂၂ နှစ်တာ သုတေသနပြုထားတဲ့ မေးခွန်းများဖြစ်ပါတယ်။ ဂန္ဓဝင်မေးခွန်းများလို့တောင် ပြောကြပြီး ဒီမေးခွန်းတွေကို ဘယ်တော့မှအထင်မသေးမိစေဖို့ သတိပေးထားပါသေးတယ်။ စလိုက်ရအောင်နော်။

( ၁ ) Tell me about yourself

သင့်အကြောင်းပြောပါ ဆိုတာနဲ့ လူအများစုက လျောက်လွှာထဲမှာရေးဖြည့်ထားတဲ့အတိုင်း ပြန်လည်ပြောတတ်ကြပါတယ်။ ဒါက အင်တာဗျူးသူများကြားချင်တဲ့ အဖြေမဟုတ်ပါဘူးတဲ့။

ဒီမေးခွန်းအတွက် အကောင်းဆုံးနဲ့ အမှတ်တရအဖြစ်ဆုံးကတော့ တောင်တက်ဝါသနာရှင်အမျိုးသမီးတဦးကို အင်တာဗျူးစဉ်က သူမရဲ့အဖြေပါ။ သူမက “ကျွန်မ ကမ္ဘာပေါ်က တိုက်ကြီးများအားလုံးမှာရှိတဲ့ အမြင့်ဆုံးတောင်တွေကိုတက်ခဲ့ပါတယ်။ ‌ဧဝရက်တောင်အပါအဝင်ပေါ့” လို့ဆိုတဲ့အဖြေပါ။

ဖြေဆိုသူ ရဲ့ စာရွက်မှာဖေါ်ပြထားတာထက် စွန့်စားလိုသူ စူးစမ်းချင်သူ စပ်စုလိုသူ စည်းကမ်းလိုက်နာသူမျိုးကို လုပ်ငန်းရှင်တွေက သဘောကျပါတယ်တဲ့။ မိမိကစက္ကန့်သုံးဆယ်လောက်ပြောပြီးရင် ခနနားပြီး အင်တာဗျူးသူတွေ ဘာပြောချင်သလဲဆိုတာ အရိပ်အကဲကြည့်ပါတဲ့။

သူမကို အဖြစ်ချင်ဆုံးအရာကဘာလဲ လို့မေးတဲ့အခါ စဉ်းစားတွေဝေမနေပဲပေါ့ပေါ့ပါးပါး နဲ့ရယ်မောရင်း ကျမတောင်အောက်ဘယ်လိုဒုက္ခမရောက်ဘဲဆင်းနိုင်မလဲလို့ဘဲအမြဲသိချင်နေတာပါတဲ့။

( ၂ ) သင်ဟာ လုပ်ငန်းတခု အောင်မြင်ပြီးမြောက်အောင် ယခုမှစတင်ရမဲ့အခြေအနေမျိုးဆိုရင် ဘယ်လိုပန်းတိုင်ရောက်အောင် လုပ်မလဲ။ ဒါဟာ သင်ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေနဲ့ လုပ်ငန်းပြီးဆုံးတဲ့ထိ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာ ဥပမာတွေ ဥပမေးယျတွေနဲ့ ဝေဝေဆာဆာလေး ရှင်းပြတာကို နားထောင်ခြင်လို့ မေးတာဖြစ်ပါတယ်။

သင့်ရဲ့တက်ကြွမှု၊ ဖန်တီးနိုင်စွမ်းရှိမှု ပြသနာ ဖြေရှင်းနိုင်မှုနဲ့ အခွင့်အလမ်းဖန်တီးနိုင်မှုတို့ကို ရှင်းလင်းပြလိုက်ပါ။

( ၃ ) သင့်မှာတန်ဖိုးရှိတဲ့ အရာ ဘယ်လိုဟာမျိုးကို ယူဆောင်လာပါသလဲ။ ဒါကတော့ သင့်ရဲ့ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့ အမှတ်တရ အဖြစ်ဆုံးအောင်မြင်မှု နှစ်ခုသုံးခုလောက်ကိုရှင်းပြပြီး ဒီမှာလဲဒီလိုစွမ်းဆောင်ဖို့အသင့်ရှိကြောင်းပြောပြလိုက်နိုင်ပါတယ်။

သင်ဖြေဆိုရမဲ့ရာထူးဟာ ဂျူနီယာ ဆိုရင်တော့ သင့်ရဲ့ကျွမ်းကျင်မှုကို အကျယ်တဝင့်ရှင်းပြဖို့လိုပြီး စီနီယာရာထူးအတွက်ကတော့ အဓိကအချက်တွေလောက်ပဲ သေချာရှင်းပြလိုက်ပါ။

( ၄ )သင့်ရဲ့အမြင့်ဆုံးရရှိခဲ့တဲ့အောင်မြင်မှုကဘာလဲ

ဒီမေးခွန်းကအရေးအကြီးဆုံးပါ။ မှန်ကန်စွာဖြေဆိုနိုင်ရင် သင်အလုပ်ရဖို့သေချာသလောက်ပါဘဲ။အချိန်မဆွဲပါနဲ့။ သင့်ရဲ့အောင်မြင်ခဲ့တဲ့အကြောင်းကိုလျှင်မြန်စွာပြောပြလိုက်ပါ။အသေးစိတ်ပေါ့။

သက်တောင့်သက်သာပုံစံနဲ့ ကျနော် ကျွန်မကတော့ဆိုပြီး ယခုသင်ဖြေဆိုမဲ့ ရာထူးနဲ့လိုက်ဖက်တဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းလေး ပြောပြလိုက်ပါ။ ကုန်ကျစရိတ် ဘယ်လိုလျော့ချခဲ့ပြီး ထုပ်ကုန်အရေအသွေးနဲ့ အရည်အချင်းမြင့်မားအောင် ကုမ္ပဏီ နံမည်တက်အောင် သင်ဘယ်လိုလုပ်ဆောင်ခဲ့ပါတယ်ပေါ့။

(၅) သင့်ရဲ့အားနည်းချက်ကဘာလဲ

ကုမ္ပဏီဖက်က ပြောမှာကတော့ သူတိုရဲ့တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေအောက်မှာသင်လုပ်နိုင်မလား ဆိုတာမျိုးပါ။သင်ဟာကိုယ့်ကိုကိုဂရုစိုက်လွန်းသူလား ဆိုတာ အမှန်တကယ်သိချင်လို့မေးတာဖြစ်ပါတယ်။

ဒီလိုဆိုရင်တော့ သင်ဘယ်လို လုပ်ကိုင်နိုင်ခဲ့တယ်ဆိုတာ အရင်အလုပ်ရှင်ရဲ့ထောက်ခံစာကို ပြပြီးဆွေးနွေးနိုင်ပါတယ်။

ဥပမာ “အရင်အလုပ်မှာကျနော့်အိုင်ဒီယာကဒီလိုပါ။ အလုပ်တွဲဖက်လုပ်သူများနဲ့ကျနော်ကဒီလိုပါဆိုပြီးရှင်းပြပါ။ဆိုရှယ်မီဒီယာနဲ့ပေါင်းစပ်မှု ဒီဇိုင်းဂရပ်ဖစ်ပိုင်းအားထုပ်လုပ်ဆောင်ခဲ့မှု စသဖြင့်ပေါ့။

(၆) တခါတရံကုမ္ပဏီဖက်ကပြသနာတချို့ရှိနေတဲ့အကြောင်းရှင်းပြပြီးဒါကိုသင်ဘယ်လိုကျော်ဖြတ်လုပ်ဆောင်ပေးနိုင်မလဲဆိုတဲ့မေးခွန်း

ဒီနေရာမှာ သင်ဘယ်လောက်ခံနိုင်ရှိမလဲဆိုတာ စမ်းသပ်တာပါ။ သင့်ရဲ့ ရဲဝံ့တဲ့အဖြေကိုသူတို့ကြားချင်နေပါပြီ။ သင်ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတခုကို ဥပမာဆောင်ပြီး ဖြေချလိုက်ပါ။

(၇) သင်ဒီကုမ္ပဏီမှာ ဘာကြောင့်လုပ်ချင်ရတာလဲ

ဒါဟာသင့်ကို အလုပ်ခန့်ချင်လို့ မေးတာဖြစ်ပါတယ်။ သင်ပါးနပ်ဖို့တော့ လိုပါတယ်။ သင်လေးစားအားကျရတဲ့ ဒီကုမ္ပဏီရဲ့ သတိထားစရာ အချက်အလက်တချို့ကိုပြောပြပြီး အမှတ်ယူလိုက်ပါ။

ဥပမာ ထုပ်ကုန်အရေအသွေး မြင့်မားတာမျိုး။ ဝန်ထမ်းများ အလုပ်ခွင်မှာ ပျော်ရွှင်စွာအလုပ်လုပ်နိုင်တာမျိုးတွေပေါ့။ သင့်ဉာဏ်ကွန့်မြူးနိုင်သလောက် တင်ပြလိုက်ပါ။ သင့်နောင်ရေးအတွက်ဘယ်လိုစိတ်ချရပြီးဘယ်လောက်မြင့်မြင့်အဆင့်ထိ သင်လက်တွဲလုပ်ချင်ကြောင်းလုပ်နိုင်ကြောင်းပါပါစေ။

ကဲဒီလောက်ဆိုရင်တော့ Knight News ရဲ့ ချစ်သူများ အလုပ်အကိုင်ကောင်းများဖြေဆိုအောင်မြင်ပြီး ဘဝတက်လမ်း များဖြောင့်ဖြူးနိုင်မယ်လို့ ယုံကြည်ပါတယ်ခင်များ။

Leave a Reply

Your email address will not be published. Required fields are marked *