ထူးဆန်းသော တိုက်ဆိုင်မှု (သို့မဟုတ်) မဟော်သဓါ နှင့် ဆော်လမွန်ဘုရင်

ထူးဆန်းသော တိုက်ဆိုင်မှု (သို့မဟုတ်) မဟော်သဓါ နှင့် ဆော်လမွန်ဘုရင်

မဟော်သဓါ ဆိုတာ “တေ၊ဇ၊သု၊နေ၊မ၊ဘူ၊စန်၊နာ၊ဝိ၊ဝေ” လို့အမည်ရတဲ့ ဘုရားအလောင်းရဲ့ ဘဝဖြစ်စဉ် ဇါတ်တော်ထဲက ပညာရှိ သုခမိန်တစ်ယောက်ပါ။

ငယ်ရွယ်စဉ်ကတည်းက ခက်ခဲနက်နဲတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ပြီး ဘုရင်က ခေါ်ယူမြှောက်စားခြင်း ခံခဲ့ရပါတယ်။သူ့ရဲ့ ပြသနာဖြေရှင်းနိုင်ပုံများကို ပညာရေးသင်ခန်းစာများမှာတောင် ထဲ့သွင်း သင်ကြားခဲ့ရပါတယ်။

ဆော်လမွန်ဘုရင်ကြီးကတော့ ဣသရေလ လူမျိုးတို့ရဲ့ဘုရင်တစ်ပါးဖြစ်ပြီး သူဟာလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးနန်းတက်ကာ မဟော်သဓါလိုပဲ ပညာဉာဏ်ပြည့်စုံပြီး ပြသနာတွေကို ဖြေရှင်းနိုင်လို့ အခြားတိုင်းပြည်များကတောင် လက်ဆောင် ပဏ္ဌာ ဆက်သ မေးမြန်းရပါတယ်။

အာရေးဗီးယား ဘုရင်မ ရှီဗာဟာ သူ့ကိုမေးမြန်းဖို့ မိုင်ပေါင်း ၁၅၀၀ ခရီးကနေ လက်‌ဆောင်တွေနဲ့ လာခဲ့ရဖူးပါတယ်။ သူ့လက်ထက်မှာ ဣသရေလ ( အစ္စရေး ) နိုင်ငံတော်ဟာ အင်အားကြီးနိုင်ငံတခု ဖြစ်ခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဒါဝိ ( David ) နတ်ရွာစံပြီးနောက် သူဟာ BC 970 မှာ နန်းတက်ပါတယ်။ သူ့ကို BC 990 မှာ မွေးဖွားတယ်လို့ ရှေးဟောင်း ဟီဘရူးသမ္မာကျမ်းစာမှာ ဖေါ်ပြပါတယ်။

သူ့မိဖုရားကတော့ ဖာရိုဘုရင်တပါးရဲ့ သမီးတော်ဖြစ်ပြီး နာမ ( Naamah )လို့အမည်ရပါတယ်။ သားသမီးသုံးဦး ထွန်းကားခဲ့ပါတယ်။ သူဟာအံ့ဩဖွယ်ကောင်းအောင်ချမ်းသာတယ် လို့ဆိုကြပါတယ်။

ချမ်းသာသလောက်လဲ ခမ်းနားကြီးကျယ်မှု ကိုနှစ်သက်ပါတယ်။ သူမွေးဖွားရာ ဂျေရုဆလင်မြို့မှာ လက်ဗနွန်နိုင်ငံထွက် သစ်တို့နဲ့တည်ဆောက်ပြီး ရွှေ၊ ငွေ၊ ဆင်စွယ် အဖိုးတန်ကျောက်မျက်များနဲ့ စီချယ်ထားတဲ့ တန်ဆောင်းကြီးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ နန်းတော်ကိုလည်း ခမ်းနားစွာတည်ဆောက်ခဲ့ပါတယ်။

မဟော်သဓါနဲ့ တိုက်ဆိုင်တာကို ပြောရမယ်ဆိုရင်တော့ သားတရားစီရင်ခန်း ကိုပြောရမှာပါ။ မဟော်သဓါ စီရင်တဲ့ သားတယောက်နဲ့ အမေနှစ်ယောက်ဖြစ်တဲ့ကိစ္စမှာ မဟော်သဓါက အမေရင်းနဲ့ ဘီလူးမကို မှန်ကန်အောင် ခွဲခြားပြနိုင်သလိုဘဲ ဆော်လမွန်ဘုရင်ကြီးဟာလဲ သားတရားတခုကို စီရင်ဆုံးဖြတ်ခဲ့ပါတယ်။

အမှုကတော့ ဂျေရုဆလင်မြို့က သားသည်အမေနှစ်ယောက်ဟာ သားတယောက်စီမွေးပါတယ် ကံဆိုးစွာနဲ့ တဦးရဲ့ကလေးဟာ သေဆုံးသွားပါတယ်။ ကလေးသေဆုံးသွားတဲ့မိခင်ဟာ အခြားကလေးမိခင်ကို မနာလိုဖြစ်ပြီး သူ့ကလေးပါလို့ စွပ်စွဲပါတယ်။

ဒီလိုနဲ့ ဆော်လမွန်ဘုရင်ကြီးထံမှောက်မှာ အဆုံးအဖြတ်ခံယူကြပါတယ်။ ဘုရင်က ကလေးကို နှစ်ပိုင်းဖြတ်ပြီး မိခင်နှစ်ဦးကို တပိုင်းစီပေးဖို့ အမိန့်ချပါတယ်။ ဒီအခါ မိမိရင်သွေး အသက်ကို ထိခိုက်မှာစိုးတဲ့အတွက် မိခင်ရင်းက အလျော့ပေးလိုက်ပါတယ်။ ဒီတော့မှဘုရင်က အလျော့ပေးသူဟာ မိခင်အစစ်ဖြစ်ကြောင်း ရှင်းပြဆုံးဖြတ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းနှစ်ခုဟာ တိုက်ဆိုင်မှုလားဆိုတာတော့ စာဖတ်သူများကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ နိဂုံးအနေနဲ့ ပြောရရင်တော့ ဆော်လမွန်ဘုရင်ကြီးဟာ BC 931 အသက် ၅၈-၅၉ လောက်မှာ နတ်ရွာစံခဲ့ပြီး သူ့ရဲ့သားလက်ထက်မှာ သူတည်ထောင်ခဲ့တဲ့ နိုင်ငံတော်ဟာ နှစ်ပိုင်းကွဲသွားပါတယ်။

သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေ ရတနာပစ္စည်းတွေဟာလဲ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။ဒီအကြောင်းကို နှောင်းလူများထဲမှာ စူးစမ်းရှာဖွေကြသူတွေ ရှိပါတယ်။ ရုပ်ရှင်အနေနဲ့ The Treasure of King Solomon အမည်နဲ့ ထွက်ရှိခဲ့ဘူးပါတယ်ခင်များ။

Leave a Reply

Your email address will not be published.