AIRFISH-8 (သို့မဟုတ်) လေယာဉ်လား၊ မော်တော်ဘုတ်လား

AIRFISH-8 (သို့မဟုတ်) လေယာဉ်လား ၊မော်တော်ဘုတ်လား

ပုံမှာမြင်ရတာကတော့ ရေပြင်‌မှာ ရှပ်ပျံနေတဲ့ ယာဉ်တစ်စင်းပါ။ လှပတဲ့ ဒီဇိုင်းပုံစံနဲ့ တကယ်ကို အမိုက်စားယာဉ်တစ်စီးဖြစ်ပါတယ်။

ဟုတ်ပါတယ် အဲဒါကတော့ Widgetwork ကုမ္ပဏီက ထုတ်လုပ်တဲ့ AIRFISH-8 လို့ခေါ်တဲ့ ရှပ်ပျံယာဉ်တစ်စီး ဖြစ်ပါတယ်။

Widgetwork ကုမ္ပဏီဟာ စင်ကာပူ အခြေစိုက် ဖြစ်ပါတယ်။ စင်ကာပူလို‌ ကျွန်းနိုင်ငံအတွက် ဒီလိုယာဉ်တွေဟာ အရေးပါလာတော့မှာ ဖြစ်ပါတယ်။

အံ့ဩဖွယ်ကောင်းတာက ဒီယာဉ်ဟာ ရေပြင်အထက် ၂ မီတာကနေ ၆ မီတာအမြင့်ထိပျံသန်းနိုင်ပေမဲ့ တပ်ဆင်ထားတာက V-8 မော်တော်ကား အင်ဂျင်ဖြစ်နေတာပါ။

သူဟာ Sea plane နဲ့ အလားသဏ္ဌာန်တူပြီး တက်ခြင်း (take off) နဲ့ ဆင်းခြင်း(landing) ပြုလုပ်ရာမှာ တူညီပါတယ်။ ဒါပေမဲ့ sea plane များလိုတော့ဝေဟင်က ပျံသန်းမှာမဟုတ်ပဲ ရေပြင်အထက်ကပဲ ရှပ်တိုက်ပျံသန်းမှာ ဖြစ်ပါတယ်။

ရေပြင်မှာ စတင်အရှိန်ယူဖို့ မီတာ ၅၀၀ (ပေ၁၅၀၀)ခန့်ပဲ လိုအပ်ပြီး ဆင်းသက်ရာမှာလဲ hand free လို့ခေါ်တဲ့ လက်နဲ့တောင်ထိန်းပေးစရာမလိုပဲ ရေပြင်ပေါ်ငြင်သာစွာ ဆင်းသက်နိုင်ပါတယ်။

အမြန်နှုန်းကလဲ တစ်နာရီကို ၁၀၆ ကီလိုမီတာလောက် သွားတာကြောင့် ဆိပ်ကမ်းတစ်ခုနဲ့တစ်ခုကို ဟယ်လီကော်ပတာ စီးသွားသလို မြန်မြန်ဆန်ဆန် ရောက်ရှိသွားမှာပါ။

ယခုလက်ရှိမှာတည်ဆောက်ထားတဲ့ AIRFISH-8 က crew နှစ်ယောက်နဲ့ ခရီးသည် ၆ ဦးမှ ၈ ဦးအထိ တင်ဆောင်နိုင်ပါတယ်။

ကုန်ချိန်ကလဲ ၁၀၀၀ ကီလိုဂရမ် သယ်ဆောင်နိုင်ပါတယ်။ ခရီးသည်များဟာ အခန်းအကျယ် ၄ မီတာရှိတဲ့အတွက် သက်တောင့်သက်သာ လိုက်ပါစီးနင်းနိုင်ပါတယ်။အမြင့်က၃.၅ မီတာ ရှိပါတယ်။

Widgetwork ကုမ္ပဏီဟာ လူဦးရေ ၅၀ အထိသယ်ဆောင်နိုင်မဲ့ယာဉ်တွေ တိုးချဲ့ထုပ်လုပ်သွားဖို့ ရှိပါတယ်။ သူ့ရဲ့အလျား၊ အနံကတော့ ၁၅×၁၇ မီတာရှိပြီး ‌အင်ဂျင်အတွက် ခဲသန့်စင်ပြီးသား လောင်စာဆီ octane 95 ကို သုံးထားတာဖြစ်လို့ လောင်စာဆီ ကုန်ကျမှုလဲ သက်သာပါတယ်။

ခရီးအကွာအ‌‌ဝေးကလဲ နော်တီကယ်မိုင် ၃၀၀ အထိသွားနိုင်ပါတယ်။ ဒီယာဉ်ပျံရဲ့ဒီဇိုင်းကို IMO(international maritime organization) အဖွဲ့ကြီးရဲ့လမ်ညွှန်မှုနဲ့ အတူ ပူးပေါင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ထည်ကလဲ carbon fiber reinforced ဖြစ်သလို composite plastic sandwich များနဲ့ တည်ဆောက်ထားလို့ ခိုင်ခံ့မာကြောပါတယ်။

Certificate အနေနဲ့ MCH Type A passenger အမျိုးအစားရရှိထားပါတယ်။ ဒါဆိုတော့ ဈေးနှုန်းကိုပြောရတော့မှာပါ။ google search engine က အဆိုအရ တစ်စီးကို အမေရိကန်ဒေါ်လာ ၅ သိန်း ပါတဲ့ခင်များ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *