ဂျပန်နိုင်ငံက လျှို့ဝှက်ထူးခြား‌သော သစ်ပင်လယ်

ဂျပန်နိုင်ငံက လျှို့ဝှက်ထူးခြား‌သော သစ်ပင်လယ်

သစ်ပင်လယ် (The Sea of Tree)-ဂျပန်နိုင်ငံ၊ ဖူဂျီတောင်ခြေ၏ အနောက်မြောက်ပိုင်းတွင် ဂျပန်တို့က အဲအိုကီဂါဟာရဟုခေါ်သည့် သစ်ပင်လယ်ရှိသည်၊

ထိုသစ်ပင်လယ်တွင် ပုန်းကွယ်နေသောလိုဏ်ဂူများနှင့် သစ်ပင်ကြီးများရှိနေသည်။ သစ်တောက မှောင်မည်းနေပြီး သစ်ပင်များက ထူထပ်စွာပေါက်ရောက် နေသဖြင့် သစ်တောအတွင်းတွင် အလင်းရောင်ဆို၍ နေခြည်တန်းလေးများသာရှိသည်။

ထိုသစ်ပင်လယ်အတွင်းတွင် မည်သည့်တောရိုင်၊ သတ္တဝါမျှမရှိဘဲ ထိတ်လန့်ဖွယ်ကောင်းအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ယခုအခါတွင် သစ်ပင်လယ်သည် ထင်ရှားမှုနှစ်မျိုးဖြင့် ကျော်ကြားလျက်ရှိရာ သစ်ပင်လယ်ရှိသောနေရာမှ ဖူဂျီတောင်ကို ရင်သပ်ရှုမောဖွယ် မြင်တွေ့နိုင်ခြင်းနှင့်

တောတွင်း၌ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုများ လာရောက်ပြုလုပ်ကြခြင်းပင်ဖြစ်သည်။ သစ်ပင်လယ်အတွင်း သေကြောင်းကြံစည်မှုများကို တိကျသောစာရင်းဇယား များမထားရှိသော်လည်း ၂ဝဝ၄ ခုနှစ်က သစ်ပင်လယ် အတွင်းမှ လူသေအလောင်း ၁၀၈ ခုတွေ့ရှိခဲ့သည်၊

၂၀၁၀ ပြည့်နှစ်တွင် သစ်ပင်လယ်အတွင်း လူ ၂၄၇ ယောက်တို့ မိမိကိုယ်မိမိသေကြောင်းကြံခဲ့ကြ ပြီး ၅၄ ရှိခဲ့ပြီးသည့်နောက်ဝယ် ဂျပန်အစိုးရက သစ်ပင်လယ်အတွင်းမှ သေကြောင်းကြံစည် မှုသတင်းများကို ထုတ်ဖော်ကြေညာပေးခြင်း မပြုတော့ချေ။

သေကြောင်းကြံမှုများ များလွန်းသောကြောင့် အစိုးရက သေကြောင်းကြံမှုများမပြုမီ အသေအချာ ပြန်လည်စဉ်းစားကြပါဟူသော သတိပေးဆိုင်းဘုတ်များကို ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သစ်ပင်လယ်တွင်စိုက်ထူထားသည်။

သို့တိုင်အောင် ရဲတပ်ဖွဲ့ဝင်များနှင့် လုပ်အားပေးများသည် နှစ်စဉ် တောတွင်းမြေပြင်ရှာဖွေမှုများကို ပြုလုပ်ကြရာတွင် အများအားဖြင့် သစ်ပင်များတွင် ကြိုးဆွဲချသေဆုံးနေသည်များကို တွေ့ရမြဲဖြစ်သည်။

သစ်ပင်လယ်သည် ကမ္ဘာပေါ်တွင် ဆန်ဖရန်စစ္စကိုမှ ဂိုးဒင်းဂိတ် တံတားပြီးလျှင် ဒုတိယမြောက် အထင်ရှားဆုံးသော မိမိကိုယ်မိမိ သေကြောင်းကြံမှုအများဆုံး နေရာဖြစ်သည်။လူဦးရေမွေးဖွားနှုန်းကျဆင်းနေသော ဂျပန်နိုင်ငံတွင် မိမိကိုယ်မိမိသတ်သေမှုများသည် အဓိကပြဿနာ တစ်ရပ်ဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံ မြေငလျင်နှင့်ဆူနာမီအပြီးတွင် သေကြောင်းကြံစည်မှုများက ပိုမိုမြင့်တက်လာလျက်ရှိရာ သစ်ပင်လယ်အတွင်း သေကြောင်းကြံစည်မှုများသည်လည်း ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိနေပေသည်။

Source-Knowledge Light

Leave a Reply

Your email address will not be published.