ရိုးရာတူရိယာများ ပေါင်းစပ်တီးခပ်ပြီး တစ်မူထူးခြားတဲ့သီဆိုဟန်နဲ့ မွန်ဂိုလီးယားက တီးဝိုင်းအဖွဲ့အကြောင်း
အခုတင်ပြချင်တာကတော့ မွန်ဂိုးလီးယားတိုင်းပြည်က တီးဝိုင်းအဖွဲ့တစ်ခုအကြောင်းပါ။ မွန်ဂိုးလီးယားဆိုတာ တချိန်တုံးက ဂျင်ဂစ်ခန်လို့ နာမည်ကြီးခဲ့တဲ့စစ်ဘုရင်ကြီးတစ်ပါး ရဲ့ဇာတိမြေပါ။
သူဟာ မြောက်ဖက်ရုရှား၊ အရှေ့ဖက် ပင်လယ်ဝါကနေ အနောက်ဖက်ပင်လယ်နက်အထိ အင်ပါယာချဲ့ထွင်နိုင်ခဲ့တဲ့ စစ်သူရဲကောင်းဘုရင်ကြီးပါ။ တရုပ်ပြည်ရဲ့နာမည်ကျော် မဟာတံတိုင်းကြီးကိုဖြတ်ပြီး တရုပ်ပြည်မတစ်ခုလုံး သူ့လက်အောက် ရောက်ခဲ့ဖူးပါတယ်။
အခုတော့ သူ့တိုင်းပြည်ဟာ နာမည်မထင်ရှားတော့ပေမဲ့ သူ့နိုင်ငံရဲ့ folk rock and heavy metal music တွေကိုဖန်တီးထုတ်လုပ်နေတဲ့ အဖွဲလေးတစ်ခုကို စိတ်ဝင်စားစရာမို့ တင်ပြပေးလိုက်ပါတယ်။
အဖွဲ့ရဲ့နာမည်ကတော့ The HU ပါ။၂၀၁၆ ကမှဖွဲ့စည်းတာဆိုပေမဲ့ သူတို့ရဲ့သီချင်းတွေဟာ နားထောင်ရသူတွေကို တစုံတခုသော ရသကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ သူတို့တီးခတ်တဲ့ တူရိယာတွေကလဲ မွန်ဂိုရိုးရာ တူရိယာများပေါင်းစပ် ပါဝင်ပါတယ်။
သူတို့နာမည်က HU ဆိုတာ မွန်ဂိုလိုတော့ hunnu လို့အဓိပ္ပါယ် ရပါတယ်တဲ့။ဒါကဘာကိုပြောတာလဲဆိုရင် ရှေးခေတ် မွန်ဂိုတားကစ်ရ် အင်ပါယာကို ရည်ညွန်းတာပါတဲ့။ သူတို့သီချင်းများကလဲ စစ်ပွဲ ငိုရှိုက်သံ နဲ့ကဗျာစာပေတို့ကို ဟန်ချက်ညီပေါင်းစပ် ရေးသီထားတာ ဖြစ်ပါတယ်။
သူတို့အဖွဲ့စတင်ရာအရပ်က Ulaanbaatar ဖြစ်ပါတယ်။ သူတို့ရဲ့တေးထုတ်လုပ်ရာကုမ္ပဏီကတော့ Dashka production ဖြစ်ပြီး နာမည်ကြီး albam name တွေကတော့ eleven seven ,better noise တို့ဖြစ်ပါတယ်။
သူတို့ဆိုဟန် ဆိုပေါက်ကလဲ တမျိုးထူးခြားပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားမှုအသစ်တစ်မျိုးရရှိစေပါတယ်။ တစ်ပုဒ်လောက်နားထောင်ကြည့်ရင် သိပါလိမ့်မယ်။ နားဆင်ဖို့ကလဲမခက်ပါဘူး။ thehuofficial ဝဘ်ဆိုဒ်မှာ ဝင်ကြည့်လိုက်ရုံပါဘဲ။
စာရေးသူကတော့ song of woman ဆိုတဲ့သီချင်းကိုကြိုက်ပါတယ်။ ချစ်တဲ့စာဖတ်ပရိတ်သတ်ကြီးလဲစိတ်ဝင်စားရင်ဖြင့် The HU ကိုအားပေးလိုက်ပါအုံးလို့။