ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပျံသန်းမဲ့ TR-3b Black Manta လေယာဉ်

ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပျံသန်းမဲ့ TR-3b Black Manta လေယာဉ်

ဤလေယာဉ်ကို ၁၉၉၀ အစောပိုင်းမှာ ပထမဆုံးနည်းပညာပိုင်းဆိုင်ရာ ပျံသန်းမှု ပြုလုပ်ခဲ့ကြပါသည်။ လေယာဉ်၏ ပုံသဏ္ဌာန်မှာ အခြားလေယာဉ်ပုံစံများနှင့် ကွဲပြားစွာ တြိဂံပုံစံ ဖြစ်ပါသည်။

စီမံကိန်းမှာ ထိပ်တန်းလျို့ဝှက်ဖြစ်သော Aurora စီမံကိန်း ဖြစ်ပါသည်။ ကုန်ကျငွေများမှာ black budget အမည်ရ အဖွဲ့မှဖြစ်သည်။ ထိုအဖွဲ့တွင် National Recognition Office ,NSA (National Security Agency ) နှင့် CIA တို့ပါဝင်ပါသည်။

TR 3-b လေယာဉ်ကိုယ်ထည်သည် ရေဒါလှိုင်းများဖြင့်ဖမ်းယူခြင်း မပြုနိုင်အောင်တည်ဆောက်ထားပါသည်။ ရေဒါလှိုင်းများကို ပြောင်းလဲတန်ပြန်စေနိုင်သည့်အပြင် ရေဒါလှိုင်းများကို စုပ်ယူနိုင်သည်။

စွမ်းအင်အတွက် လျှပ်စစ်သံလိုက်စက်ကွင်းကို အသုံးပြုထားသည်။ ဤနည်းပညာမှာခေတ်ရှေ့ပြေး နည်းပညာတခုဖြစ် ပြီးစိတ်ကူးရန်ပင် ခက်ခဲသည်။ အစိုးရမှ တင်းကြပ်စွာ ကာကွယ်ထားသည့် နည်းပညာဖြစ်ပါသည်။

ပလာစမာကို အခြေခံ၍ မာကျူရီပြဒါးအား ဖိအား ၂၅၀၀၀၀ ပေါင်ခန့်ပေးထားပြီး အပူချိန် ၁၅၀ ဒီဂရီကယ်လဗင်တွင် မော်လီကျူးများကိုပြိုကွဲစေပြီး တစ်မိနစ်လျှင် အပါတ်ရေ ၅၀၀၀၀ အရှိန်ဖြင့် လည်ပတ်ခြင်းကြောင့်ထွက်ပေါ်လာသောသံလိုက်စက်ကွင်းမှာ လေယာဉ်အား ကမ္ဘာ့မြေဆွဲအားမှ ၈၉ ရာခိုင်နှုန်းထိ လွတ်မြောက်စေနိုင်ပါသည်။

ဖြစ်ပေါ်လာသော သံလိုက်စက်ကွင်းမှာ လည်ပါတ်သံလိုက်စက်ကွင်းဖြစ်၍ ယာဉ်ပေါ်သက်ရောက်သော မြေဆွဲအားကို ချေဖျက်နိုင်ခြင်းဖြစ်သည်။ မြေဆွဲအားကို ဆန့်ကျင်ခြင်းတော့မဟုတ်ပါ။

ဤယာဉ်မှထုပ်လွှတ်သော သံလိုက်စက်ကွင်းက ကမ္ဘာ့သံလိုက်ဆွဲအားကို ယာဥ်‌ပေါ် မသက်‌ရောက်စေရန် ချေဖျက်ပေးခြင်းဖြင့် ယာဉ်ကိုပျံသန်းစေခြင်းဖြစ်ပါသည်။ထို့ပြင်စက်ဝိုင်းပုံ လည်ပါတ်ခြင်းကြောင့် ရရှိသောအရှိန်ဖြင့် ယာဉ်ကိုရှေ့သို့ရွေ့လျားစေပါသည်။

TR 3-b သည် အမြင့်သို့ရောက်လျင် ၎င်း၏ပုံစံကို မြင်တွေ့ရန်ခက်ခဲသည်။ stealth ခေါ် ကိုယ်ပျောက်နည်းပညာကိုလဲ အသုံးပြုထားသည့် အတွက်ကြောင့် ဖြစ်သည်။ အထက်သို့ရောက်လျှင် အမြင့်ပေကို ထိန်းသိမ်းရန် သံလိုက်စက်ကွင်း ထုပ်လွှတ်မှုအရှိန်ကိုမြှင့်တင်စရာမလိုပေ။ တွန်းအားရရှိစေရန် ဘက်စုံသုံးပန်ကာ ၃ခုကို တြိဂံပုံယာဉ်၏ ထောင့်စွန်းတခုစီ၏ အောက်မျက်နှာပြင် တွင်တပ်ဆင်ထားသည်။

TR 3-b သည် အသံ၏ ၉ ဆ အမြန်နှုံးဖြင့် အမြင့်ပေ ၁၂၀ ကီလိုမီတာအမြင့်ထိ တက်ရောက်ပျံသန်းနိုင်သည်ဟုဆိုသည်။ ဘုရားသခင်မှသာ ယာဉ်၏ အမြန်နှုန်းကိုသိလိမ့်မည်ဟု ဆိုကြသည်။

တွန်းအားအတွက် ယာဉ်အောက်ထောင့်သုံးခုတွင် တပ်ဆင်သည့်အင်ဂျင်အတွက် ဟိုက်ဒရိုဂျင် သို့မဟုတ် မီသိန်း အောက်ဆီဂျင်အရောကို အသုံးပြုထားသည်။ အောက်ဆီဂျင်လောင်ကျွမ်းမှုမှ တွန်းအား ၈၅ ရာခိုင်နှုန်း ရရှိသည်။

အမေရိကန် အာဏာပိုင်များက ဤယာဉ်မျိုးမရှိကြောင်း တရားဝင်ငြင်းဆိုထားသော်လည်း ပင်လယ်ကွေ့စစ်ပွဲအတွင်း F -117A ဗုံးကျဲလေယာဉ်များအတွက် လေဆာဖြင့် တိကျသော ပစ်မှတ်များရှာဖွေရာ၌ ၎င်းကိုအသုံးပြုခဲ့ကြောင်း အချို့ကခိုင်မာစွာ ယုံကြည်ကြသည်။

ဤစီမံကိန်းတွင် အရေးပါသူတဦးမှာ Teledyne Ryan ဖြစ်ရာ သူ၏ အမည်အစ စာလုံးဖြစ်သောTR ကို အသုံးပြုခြင်းဖြစ်သည်။ အာဖဂန်စစ်ပွဲတွင် အမေရိကန်တပ်သားများဖက်မှ ဤ တြိဂံပုံယာဉ်များ ဝင်ရောက်ကူညီတိုက်ခိုက်ပေးဖူးကြောင်းဆိုသည်။

အမေရိကန်နိုင်ငံရဲ့ အလျှို့ဝှက်ဆုံးနေရာ Area 51 တွင် စမ်းသပ်လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ မည်သည့်အချိန်မှ တရားဝင် ထုတ်ဖေါ်ပြသမည်ကိုမူ မှန်းဆ မရနိုင်သေးပါချေ။

Knight News

Leave a Reply

Your email address will not be published. Required fields are marked *