Fokker (သို့မဟုတ်) မြန်မာပြည်အချစ်တော် (အပိုင်း ၂ )
၁၉၃၄ ခုနှစ်မှာတော့ Airspeed co.( England ) မှ Nevil Shute ဟာ ဖေါ်ကာနဲ့ ပူးပေါင်းခဲ့ပါတယ်။ ထုပ်လုပ်မှုလိုင်စင်ဆိုင်ရာ သဘောတူညီချက်ကို ၁၉၃၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး Douglas DC-2 နဲ့ အခြားဖေါ်ကာ မျိုးကွဲများစွာကိုထုပ်လုပ်ခဲ့ပါတယ်။
Airspeed ကုမ္ပဏီဟာ ဖေါ်ကာ F- 17 ကို ဂရိနိုင်ငံအတွက် ထုပ်လုပ်ပေးဖို့ အဓိကထားပါတယ်။ ဂရိကလဲ နယ်သာလန်ငွေကြေးထက် အင်္ဂလန်ငွေကြေးက ပိုမိုအဆင်ပြေတယ်ဆိုပြီး လေယာဉ်များကို အင်္ဂလန်မှသာ ဝယ်ယူလိုပါတယ်။
ဒီသဘောထားတင်းမာတဲ့ Shute ကြောင့်ရယ် ကမ္ဘာကြီးမှာ စစ်ငွေ့သမ်းလာတာရယ်ကြောင့် ဖေါ်ကာဟာ အင်ဂလန်မှ ဆုတ်ခွာခဲ့ပါတယ်။
၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာ ၂၃ နေ့ New York City မှာ Anthony Fokker ဟာ အဖျားရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ဖေါ်ကာအဖွဲ့က ဆက်လက်ချီတက်နေဆဲပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဖေါ်ကာထုပ် G-1s နဲ့ D-XXls တွေဟာ Dutch Air Force ကို Luftwaffe တိုက်ပွဲမှာ လေးစားဖွယ် အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။
ဒါကိုကြောက်ရွံ့တဲ့ ဂျာမန်တို့ဟာ ဒီလေယာဉ်အများအပြားကို မြေပြင်မှာပဲ ဖျက်ဆီးခဲ့ကြပါတယ်။ ဂျာမန်မြေမှာကျန်ခဲ့တဲ့ ဖေါ်ကာရဲ့စက်ရုံများဟာ သိမ်းယူခံရပြီး bucker but 181 best man trainer အမျိုးအစားတွေထုပ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ ဂျာမန်က ဖေါ်ကာစက်ရုံများဟာ မဟာမိတ်တို့ရဲ့ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ပါတယ်။
ဖေါ်ကာဟာ လွယ်လွယ်နဲ့ လက်မလျော့ပါဘူး။ စစ်အပြီးမှာ ဈေးကွက်ကလဲ မရေရာပါဘူး။ ဖေါ်ကာဟာ သတိကြီးစွာနဲ့ Fokker 25 အချို့ Gliderနဲ့ Dakota ခရီးသည်တင်လေယာဉ်များကို စတင်ထုပ်လုပ်ပါတယ်။
စက်ရုံအသစ်ကိုလဲ ၁၉၅၁ ခုနှစ် စကစ်ရှ်ပူး ( Schiphol ) လေဆိပ်နားမှာ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ဒီစက်ရုံမှာ လိုင်စင်ရယူပြီး စစ်ဖက်ဆိုင်ရာလေယာဉ်တွေဖြစ်တဲ့ Gloster Meteor twin jet fighter များ Lockheed’s F-104 starfighter တို့ကို တပ်ဆင်ထုပ်လုပ်ခဲ့ပါတယ်။ Woensdrecht မှာလဲ ထုပ်လုပ်ရေးနဲ့ ပြုပြင်ထိမ်းသိမ်းရေးဌာန တစ်ခုထပ်မံထူထောင်ပါတယ်။
၁၉၅၈ ခုနှစ်မှာတော့ မြန်မာပြည်အချစ်တော်ဖြစ်ခဲ့တဲ့ Fokker F-27 ကို စတင် မိတ်ဆက်ပါတယ်။ turbo prop အင်ဂျင်ကို Rolls-Royce Dart က အားဖြည့်ပါတယ်။ ဒီလေယာဉ်ရဲ့ အကြမ်းခံ အသုံးတည့်ပုံကို သီးခြားတင်ပြပါအုံးမယ်။ သူ့ရဲ့ပုံစံကွဲ နောက်တမျိုး Fairchild ကိုလဲ လိုင်စင်ယူ ထုတ်လုပ်တပ်ဆင်ခဲ့ပါသေးတယ်။
၁၉၆၂ ခုနှစ်မှာ ဂျက်အင်ဂျင်သုံး Fokker F-28 ကို စတင်ထုပ်လုပ်ပါတယ်။ မျိုးကွဲ စုစုပေါင်း ၂၄၁ စင်း ထုပ်လုပ်ပြီး ၁၉၈၇ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလေယာဉ်ကို Dutch Royal Flight မှာ အသုံးပြုခဲ့ပြီး အိမ်ရှေ့မင်းသား Bernhard ကိုယ်တိုင် မောင်းနှင်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ ဘရီမင်အခြေစိုက် vereinigte ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ဖို့သဘောတူစာချုပ်ခဲ့ပါတယ်။
ဆက်လက်ဖေါ်ပြပါအုံးမည်။
Fokker (သို့မဟုတ်) မြန်မာပြည်အချစ်တော် (အပိုင်း ၁) ဖတ်ရှု့ရန်
Fokker (သို့မဟုတ်) မြန်မာပြည်အချစ်တော်