Fokker (သို့မဟုတ်) မြန်မာပြည်အချစ်တော် (အပိုင်း -၃)

Fokker (သို့မဟုတ်) မြန်မာပြည်အချစ်တော် (အပိုင်း ၁) ဖတ်ရှု့ရန်- Fokker (သို့မဟုတ်) မြန်မာပြည်အချစ်တော်

Fokker (သို့မဟုတ်) မြန်မာပြည်အချစ်တော် (အပိုင်း ၂) ဖတ်ရှု့ရန်- Fokker (သို့မဟုတ်) မြန်မာပြည်အချစ်တော် (အပိုင်း ၂ )

Fokker (သို့မဟုတ်) မြန်မာပြည်အချစ်တော် (အပိုင်း -၃)

ဖေါ်ကာဟာ အမေရိကန်ရဲ့ နံမည်ကျော် ဖိုက်တာဂျက်ဖြစ်တဲ့ F-16 Fighting Falcon ကို တပ်ဆင်ထုတ်လုပ်ဖို့ အကျိုးတူ‌ ပူးပေါင်းခဲ့ပါတယ်။ ဥရောပနိုင်ငံများဖြစ်တဲ့ ဘယ်လ်ဂျီယန်၊ဒန်းနစ်၊ဒတ်ခ်ျ နဲ့ နော်ဝေးဂျီးယန်းတို့မှ လေတပ်တွေအတွက် ပေးသွင်းဖို့ဖြစ်ပါတယ်။

ဖေါ်ကာရဲ့လုပ်ငန်းတွေက များပြားခဲ့ပါတယ်။ ဥရောပရဲ့ ဂြိုလ်တုအစိတ်အပိုင်းတွေကိုလဲ ထုတ်လုပ်ပေးခဲ့ပါတယ်။ အထင်ကရ အနေနဲ့ နယ်သာလန်နိုင်ငံအတွက် လွှတ်တင်မဲ့ ဂြိုလ်တုကို ဒတ်ခ်ျ တက္ကသိုလ်များ Phillip ကုမ္ပဏီတို့နဲ့ပူးပေါင်းတည်ဆောက်ခဲ့ပါတယ်။

ဒါ့အပြင် ဥရောပ အာကာသအေဂျင်စီအတွက် pressurized module များထုတ်လုပ်ပေးခဲ့ပါသေးတယ်။ ဥရောပရဲ့ Ariane rocket project များမှာလဲပါဝင်ပူးပေါင်းခဲ့ပါတယ်။

၁၉၈၁ ခုနှစ်မှာ ဖေါ်ကာဟာ မက်ဒေါ်နယ် ဒေါက်ဂလပ် နဲ့ ပူးပေါင်းပြီး ဖေါ်ကာ F-50 နဲ့ F-100 တို့ကိုထုပ်ခဲ့ပေမဲ့ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့ပါဘူး။ ထုပ်လုပ်မှုကုန်ကျစရိတ် များပြားလို့ပါ။

ဖေါ်ကာဟာ မက်ဒေါ်နယ်နဲ့ ၁၉၈၇ ခုနှစ်မှာလမ်းခွဲပါတယ်။ ဖေါ်ကာ F-100 ဟာ ခေတ်မှီသလို သူ့ရဲ့နောက်ဆက်တွဲအဖြစ် Fokker F-70 ကိုလဲ ၁၉၉၁ မှာထုတ်ခဲ့ပေမဲ့ မျှော်လင့်သလောက် ရောင်းချရမှု မရှိခဲ့ပါဘူး။

ဒါပေမဲ့ Glass Cockpit, Onboard Maintenance System and Auto Flight Control System တို့ကို ချပြနိုင်ခဲ့ပါတယ်။ Boeing နဲ့ Airbus တို့ကလဲ အပြိုင်ဖြစ်လာနေပါပြီ။

ဖေါ်ကာဟာ နောက်ဆုံးကောက်ရိုးတမျှင်အနေနဲ့ ဒိန်မလာဘင့်ဇ်ကို လက်တွဲခဲ့ပါတယ်။ ဒိန်မလာဘင့်ဇ် ကိုယ်တိုင်ကလဲ ပြသနာရှိပြီးသားမို့ ဖေါ်ကာရဲ့ ပြသနာဟာ မဖြေရှင်းနိုင်တဲ့အခြေအနေကို ရောက်ခဲ့ရပါတယ်။

၁၉၉၆ ခုနှစ်၊ ဇန္နဝါရီလ၂၂ ရက်မှာတော့ ဒိန်မလာဘင့်ဇ် ကုမ္ပဏီဘုတ်အဖွဲ့ဝင်များဆုံးဖြတ်ချက်အရ ကားထုပ်လုပ်မှုမှာပဲ အဓိကထားဖို့နဲ့ ဖေါ်ကာကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဖေါ်ကာဟာ နောက်တနေ့မှာပဲ နယ်သာလန်တရားရုံးရဲ့ စီရင်မှုကိုစတင်ကြားနာရပါတယ်။ ငွေကြေးဖေါင်းပွမှုကိုလဲ ခံစားနေရတဲ့ ဖေါ်ကာဟာ နောက်ဆုံးတော့‌ မတ်လ ၁၅ ရက်နေ့မှာ ဒေဝါလီခံကြောင်း ကြေညာခဲ့ရပါတယ်။

မြန်မာဟာ Fokker ဖေါ်ကာနဲ့ နှစ် ၆၀ ခန့် လက်တွဲခဲ့ပါတယ်။ မြန်မာပြည်မှာ တချို့သော ဖေါ်ကာလေယာဉ် မောင်းနှင်ခဲ့သူများ ပြင်ဆင်ခဲ့ကြသူ အင်ဂျင်နီယာကြီးများ သက်ရှိထင်ရှား ရှိနေကြပါသေးတယ်။ မြန်မာပြည်တနံတလျား အကြိမ်ပေါင်းများစွာပျံသန်းပြီး လူ၊ကုန်မျိုးစုံ ပို့ဆောင်ခဲ့တဲ့ဖေါ်ကာရဲ့ ဇာတ်သိမ်းဟာ မလှပခဲ့တာ ဝမ်းနဲစရာပါ။

မြန်မာမှဝယ်ယူခဲ့တဲ့ ဖေါ်ကာအမျိုးအစားများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1/ Fokker F-27 friendship ( နိုင်ငံပိုင် )၊
2/ Fokker F-28 fellowship ( နိုင်ငံပိုင် )၊
3/Fokker F-100 ( ပုဂ္ဂလိကပိုင် )တို့ ဖြစ်ပါတယ်ခင်များ။

Leave a Reply

Your email address will not be published.