APU ဆိုတာ
APU အကြောင်းရေးပါလို့ ပရိတ်သတ်တဦးက ကွန်မင့်မှာတောင်းဆိုထားလို့ APU ( Auxiliary Power Unit ) အကြောင်းရှာဖွေတင်ပြလိုက်ပါတယ်။
Auxiliary Power Unit ဆိုတဲ့အတိုင်း ပါဝါအပိုပေးနိုင်တဲ့ အင်ဂျင်တစ်လုံးပဲဆိုပါစို့။ ဘာကိုပေးတာလဲ ။ ကြီးမားတဲ့ ရွေ့လျားစက်ကြီးများကို ပေးပါတယ်။ အခုကတော့ လေယာဉ်မှာတပ်ဆင်တဲ့ APU အကြောင်းပြောပါမယ်။
လေယာဉ်များမှာ အင်ဂျင်ပါရှိပြီးသားဖြစ်ပေမဲ့ များသောအားဖြင့် APU တစ်လုံး တပ်ဆင်လေ့ရှိပါတယ်။ မြေပေါ်ရပ်နားထားစဉ်မှာဖြစ်ဖြစ် လေထဲမှာအရေးပေါ်လိုအပ်ရင်ဖြစ်ဖြစ် APU ကိုအသုံးပြုပြီး လေယာဉ်အတွက်လိုအပ်တဲ့ လျှပ်စစ်ဓါတ်အား ထုပ်ယူရန်နဲ့ အခြား လေအား၊ဟိုက်ဒြောလစ်ဖိအားတို့ကိုလဲ ထုပ်ယူသုံးစွဲနိုင်ပါတယ်။
ဂျက်အင်ဂျင်များ စတင်နှိုးဖို့ဆိုရင် Bleed Air လို့ခေါ်တဲ့ ဖိအားမြင့်လေကို လိုအပ်ပါတယ်။ ခရီးသည်များကို လေယာဉ်မထွက်ခွာခင်အချိန်အတွင်း လျှပ်စစ်မီးနဲ့ air-condition ပေးဖို့ APU ကိုသုံးပါတယ်။
လေယာဉ်ရဲ့ လျှပ်စစ်လိုအပ်ချက် 115 volt ac 400 Hz နဲ့ 24 volt DC နှစ်မျိုးလုံး APU မှထုပ်ပေးပါတယ်။ APU ကိုဂျက်လေယာဉ်များမှာ အသုံးများပါတယ်။ တချို့သော ပန်ကာတပ်လေယာဉ်များမှာလဲ တွေ့ရတတ်ပါတယ်။ ဥပမာ Bomberdier Dash 8 လို လေယာဉ်ပါ။
တင်ပြချင်တာက APU ကိုဘယ်တုံးကစသုံးသလဲဆိုတာပါဘဲ။ ပထမကမ္ဘာစစ်ကတည်းက ဗြိတိန်တို့ရဲ့ကမ်းခြေစောင့် လေသင်္ဘောတွေမှာသုံးနေပါပြီတဲ့။မြင်းကောင်ရေ ၁.၇၅ ( 1.30 kw) ကောင်အားရှိပြီး အမျိုးအစားက ABC typeပါတဲ့။
အသုံးပြုတာကတော့ ရေဒီယို ထရန်စမစ်တာများအသံလွှင့် အသံဖမ်းဖို့နဲ့ အရေးပေါ်လေမှုတ်စက်(air blower)တွေအတွက်ပါတဲ့။APU ကိုပထမဆုံး fix wing လေယာဉ်မှာတပ်ဆင်ခဲ့တာက ပထမကမ္ဘာစစ်အတွင်းက ဗြိတိန်ရဲ့ Supermarine Nighthawk အမျိုးအစားဖြစ်ပြီး ဂျာမန် Zeppelin တွေကို တိုက်ခိုက်တဲ့ လေယာဉ်ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မှာတော့ APU ကိုအမေရိကန်ရဲ့ လေယာဉ်တွေမှာ တပ်ဆင်လာကြပါပြီ။ B-29 Superfortress လေယာဉ်တွေလိုမျိုးပါ။ APU model
တွေကလဲ four stroke ,flat -twin V-twin စသဖြင့်စုံလင်ပါတယ်။
မြင်းကောင်ရေအားကလဲ 7 horse power အထိသုံးလာကြပါတယ်။ Power အနေနဲ့ 28.5 volt 200amp အထိရှိလာပါတယ်။ သူတို့ကို လေယာဉ်ရဲ့ main engine နှိုးရာမှာ အသုံးပြုပါတယ်။စက်နှိုးပြီးလေယာဉ်အမြင့်ပေတစ်သောင်းလောက်အထိ သူ့ကိုအသုံးပြုပါတယ်။ in flight မှာတော့ ပိတ်ထားပြီး လေယာဉ်ဆင်းခါနီးကျမှ ပြန်နှိုးပါတယ်။
၁၉၆၃ မှာတော့ Boeing 727 ခရီးသည်တင်လေယာဉ်တွေဟာ ကွင်းငယ်လေးတွေမှာ main engine များစက်နှိုးဖို့ gas turbine APU ကိုစတင်အသုံးပြုလာပါတယ်။ ခေတ်မှီလေယာဉ်တွေမှာ APU ရဲ့ အိပ်ဇောပိုက်ကို လေယာဉ်အမြီးပိုင်းမှာတွေ့နိုင်ပါတယ်။
ယခုခေတ် APU များကို နည်းစနစ်ကျကျ ခွဲခြမ်းစိတ်ဖြာကြည့်ရင် အပိုင်းသုံးပိုင်းပါဝင်ပါတယ်။
1/Power Section
သူကတော့ APU ရဲ့ gas generator အပိုင်းပါ။ သူက လေနဲ့ fuel အရောကို chamber ထဲမှာ ဖိသိပ်လောင်ကျွမ်းစေပြီး ဝင်ရိုးကိုလည်စေပါတယ်။ ဖိသိပ်ထားတဲ့လေနဲ့ဆီအရောဟာ လောင်ကျွမ်းတဲ့အခါ စွမ်းအင်မြင့်မားတဲ့အတွက် ဝင်ရိုးကိုလျင်မြန်စွာလည်စေပါတယ်။
2/Load Compressor Section
သူကတော့ compressor ကိုလည်နေတဲ့ဝင်ရိုးနဲ့ ချိတ်ဆက်ပြီး လေဖိအားကိုထုပ်ယူပါတယ်။ သူ့မှာ regulated air flow ရရှိဖို့ inlet guide vane နဲ့ surge control valve တပ်ဆင်ထားပါတယ်။
3/ Gearbox Section
ဒီအပိုင်းမှာတော့ generators တွေကို ဝင်ရိုးနဲ့ ချိတ်ဆက်ပြီး လျှပ်စစ်ဓါတ်ထုပ်ယူပါတယ်။ ချိတ်ဆက်ရာမှ Gearbox မှတဆင့် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ Gearbox မှ နေပြီး အင်ဂျင်ရဲ့ fuel control unit, the lubrication module ,cooling fan တို့ကိုလဲ ချိတ်ဆက်ပေးထားပါတယ်။
နောက်ပိုင် APU တွေမှာ starter generator unit ဆိုပြီး တပ်ဆင်လာကြတော့ APU ကို ခလုပ်နှိပ်ပြီး စက်နှိုးနိုင်လာကြပါတယ်။ ယခင်APU old model များလို အဆင့်တွေမများတော့ပါဘူး။
အခုတင်ပြခဲ့တဲ့ APU အကြောင်းလေးကိုနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။