နှစ်ထောင်ချီအသုံးခံနိုင်တဲ့ ဘထ္ထရီတစ်ခုအကြောင်း

နှစ်ထောင်ချီအသုံးခံနိုင်တဲ့ ဘထ္ထရီတစ်ခုအကြောင်း

ကဲ ဒီတခါတော့ နှစ်ထောင်ချီအသုံးခံနိုင်တဲ့ ဘထ္ထရီတစ်ခုအကြောင်းရှာဖွေ တင်ပြလိုက်ပါတယ်။

ဟုတ်ပါတယ် ဒါကတော့ နျူကလီးယားစွမ်းအင်နဲ့ ဘထ္ထရီပါ။ သူတို့အဆိုအရ နှစ်ပေါင်း ၂၈၀၀၀ ခံပါတယ်တဲ့ ။ အားပြန်သွင်းစရာလဲမလိုပါတဲ့။ လူတို့ရဲ့ အံ့ချီးဖွယ်ရာ တွေ့ရှိတီထွင်နိုင်မှုတခုပါ။ သူက နျူစွမ်းအင်ကို လျှပ်စစ်ဓါတ်အဖြစ် ပြောင်းလဲပေးပါတယ်။

ယနေ့ခေတ်အသုံးပြုနေကြတဲ့ ဘထ္ထရီတွေဟာ ပုံစံမျိုးစုံလှပါတယ်။ ရီမုကွန်ထရိုးကနေ ကားဘထ္ထရီအထိပါ။ ဒီဘထ္ထရီတွေဟာ သက်တမ်းက တိုပါတယ်။မကြာခန အားကုန်သွားတတ်ပါတယ်။

ယခုပြောချင်တဲ့နျူ ဘထ္ထရီကတော့ ကယ်လီဖိုးနီးယားက ပညာရှင်များ အဆိုအရ နှစ် ၂၈၀၀၀ ကြာခံနိုင်ပါတယ်တဲ့။

စတင်သူကတော့ California က NDB ပါ။ ကောင်းပါပြီ ဒါဆိုဒီဘထ္ထရီ ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ရအောင်။ သူ့ကို နျူဘက်ထ္ထရီ သို့မဟုတ် အက်‌တမ် actomic bettery လို့လဲ ခေါ်ပါတယ်။

နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ထုတ်တာပါ။ ဒါပေမဲ့ နျူဓါတ်ပေါင်းဖိုလို chain reaction နဲ့စွမ်းအင်ကိုမထုတ်ဘဲ ပြိုကွဲနေတဲ့ရေဒီယို အိုင်ဆိုတုပ် ( radioactive isotope )ကနေ စွမ်းအင်ထုပ်ယူပါတယ်။

သူ့ရဲ့အားသာချက်က ပြုပြင်မှု မလိုအပ်လောက်အောင်နဲပါးပါတယ်။သာမန်ဘထ္ထရီလို အားသွင်းစရာလဲမလိုပါဘူး။ အနာဂတ် အာကာသ ခရီးစဉ်များအတွက် အလွန်အသုံးဝင်ပါတယ်။

ပေါ့ပါးပြီး ရေဒီယေးရှင်း ဖြာထွက်မှုလဲ မရှိပါ။ ဒါကိုအာကာသခရီး‌တွေအတွက်ကြံဆနေခဲ့ကြတာ နှစ်အတော်ကြာခဲ့ပါပြီ။ အာကာသယာဉ်များ လွှတ်တင်ခြင်း ဂြိုလ်တွေပေါ်ဆင်းမဲ့ယာဉ် ( rover ) များ မောင်းနှင်ခြင်တို့အတွက်ပါ။ စနေဂြိုလ် ( Saturn ) ကိုလွှတ်တင်တဲ့ Cassani mission မှာ ဒီဘထ္ထရီကိုသုံးခဲ့ပြီးပါပြီတဲ့။

NASA ဟာ ဘထ္ထရီရဲ့ ရေဒီယိုအိုင်ဆိုတုပ်နေရာမှာ ပလူတိုနီယမ်(plutonium-238) ကို အသုံးပြုပါတယ်။ ပလူတိုနီယမ်ဟာ သက်တမ်းတဝက်တောင် ၈၈ နှစ် ခံပါတယ်။ သူဟာ အာကာသယာဉ်ကိုလျပ်စစ်ဓါတ်ပေးရုံတင်မက ယာဉ်ရဲ့ ကရိယာ ( instruments ) များကို အာကာသရဲ့ပြင်းထန်တဲ့ အအေးဒါဏ်ကလဲ ကာကွယ်ဖို့အပူစွမ်းအင်ပါ ထုတ်ပေးပါတယ်။

တချို့ကရိယာ( instruments ) များရဲ့ အပူအအေးသတ်မှတ်ချက်က ကျဉ်းမြောင်းတဲ့အတွက် control လုပ်ဖို့လိုပါတယ်။ စတင်စဉ်က ပညာရှင်များဟာ အိုင်ဆိုတုပ်ကို reactor ခေါ် ဓါတ်ပေါင်းဖိုအသေးထဲမှာ ထဲ့သွင်းပါတယ်။

သူ့ရဲ့core ခေါ် အူတိုင်ကို ဓါတုစိန် အမျှင်များ အထပ်ထပ် ပါတ်ထားပါတယ်။စိန်ဟာ မာကျောမှုအကောင်ဆုံးပါ။ ဖြာထွက်လာတဲ့ စွမ်းအင်ကို စိန်မျှင်များကစုပ်ယူပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြန်လည်ထုတ်လွှတ်ပေးပါတယ်။

အခုတော့ အာကာသယာဉ်သာမကပဲ အခြားနေရာအမျိုးမျိုးအတွက် ဒီဘထ္ထရီကိုသုံးဖို့ ကြီုးစားနေပါပြီ။ smart phone များမှာပါ သုံးနိုင်တဲ့အရွယ်အစား အထိပေါ့။ ကုမ္ပဏီရဲ့အဆိုအရ နာနိုနည်းပညာနဲ့ nano diamond battery ကိုထုပ်လုပ်မှာဖြစ်ပြီး သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုအလွန်နဲပါးပါတယ်တဲ့။

တစ်လုံးသုံးယုံနဲ့ နှစ်ထောင်သောင်းချီပြီးသုံးနိုင်တာမို့ စွန်ပစ်မှုပမာဏ နဲသွားမှာပါ။တဖက်က ကောင်းကွက်ရှိသလို တဖက်ကကြည့်ရင်လဲ အန္တရာယ်ရှိပါတယ်။သူဟာအခန့်မသင့်ရင် ရေဒီယိုသတ္တိကြွမှု ဖြစ်နိုင်ပါတယ်။

ပညာရှင်များကတော့ ဒီဘထ္ထရီအားကုန်ခဲ့ရင် နျူစွန့်ပစ်ပစ္စည်းဖြစ်လာပြီး စနစ်တကျ မစွန့်ပစ်နိုင်ခဲ့ရင် ရေဒီယိုသတ္တိကြွမှုတွေက လူသားတွေကိုဒုက္ခပေးနိုင်ပါတယ်တဲ့။

စာဖတ်သူတို့အနေဲ့ကော ဘယ်လိုထင်ပါသလဲ။ မိမိအမြင်လေးကိုကွန်မင့်မှာရေးပြီး page ကိုလဲ share ပေးကြပါအုံးလို့။

Knight News Team

Leave a Reply

Your email address will not be published.