လေယာဉ်တွေလေထဲမှာ တစ်စီးနဲ့တစ်စီး မတိုက်မိအောင် ကူညီပေးတဲ့အရာ TCAS အကြောင်း

လေယာဉ်တွေလေထဲမှာ တစ်စီးနဲ့တစ်စီး မတိုက်မိအောင် ကူညီပေးတဲ့ TCAS အကြောင်း

ဒီတခါတော့ လေယာဉ်တွေလေထဲမှာ တစ်စီးနဲ့တစ်စီး မတိုက်မိအောင် ဘယ်အရာက ကူညီသလဲဆိုတာ ကြည့်ရအောင်။

၁၉၇၈ စက်တင်ဘာ ၂၅ ရက်နေ့မှာ Southwest Airlines ရဲ့ flight no. 182 ဟာ Cessna လေယာဉ်ငယ်နဲ့ တိုက်မိပြီး San Diego လေဆိပ်အဆင်းမှာ ပျက်ကျခဲ့ပါတယ်။ ခရီးသည် ၁၄၄ ဦးသေဆုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဆိုးကြီး အပြီးမှာ FAA ( Faderal Aviation Admistration ) ဟာ လေယာဉ်များ လေထဲတွင် တစ်စီးနှင့်တစ်စီးမတိုက်မိစေရန် နည်းစနစ်တခုကိုကြံဆလာခဲ့ကြပါတယ်။

အဲဒီစနစ်ကို TCAS ( Traffic Alert and Collision Avoidance System ) လို့ခေါ်ပါတယ်။ အသံထွက်တော့ Tee Cass တီးကပ်စ် လို့အသံထွက်ပါတယ်။

ဒီစနစ်ကိုတွင်ကျယ်စွာ မသုံးနိုင်ခင်မှာပဲ နောက်ထပ်ဖြစ်ရပ်ဆိုးတခု အနေနဲ့ ၁၉၈၆ မှာ Aeromexico လေကြောင်းရဲ့ DC-9 လေယာဉ်ဟာ ထိုင်ခုံလေးလုံးတပ် Piper Archer လေယာဉ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ Cerritos လေဆိပ်ပေါ်မှာတိုက်မိခဲ့ပြန်ပါတယ်။ လူ၈၂ ဦးသေဆုံးခဲ့ရတဲ့ ဒီအဖြစ်အပျက်အပြီးမှာ FAA ဟာ အမေရိကန် ဝေဟင်မှာပျံသန်းနေတဲ့လေယာဉ်မှန်သမျှ TCAS ကိုမဖြစ်မနေ တပ်ဆင်ဖို့ အမိန့်ထုပ်ခဲ့ပါတယ်။

မကြာခင်မှာဘဲ အခြားနိုင်ငံများကပါလိုက်နာတတ်ဆင်ကြပါတယ်။ပထမဆုံး commercial လေယာဉ်မှာတပ်ဆင်မှုကို ၁၉၉၀ မှာပြုလုပ်ခဲ့ပြီး အမေရိကန် commercial လေယာဉ်များအားလုံး၁၉၉၃ မှာအပြီးတပ်ဆင်နိုင်ခဲ့ပါတယ်။

ခုတင်ပြမှာကတော့ TCAS အကြောင်း သိသမျှကိုပါ။

TCAS ဟာလေယာဉ်အချင်းချင်း လေထဲမှာမတိုက်မိဖို့ စဉ်ဆက်မပြတ် အခြားလေယာဉ်များကို ထောက်လှမ်း ‌ မေးမြန်းနေတဲ့ စနစ်တခုပါ။ သူက အခြားလေယာဉ်ရဲ့ transponders ကလွှင့်ထုပ်တဲ့ signal ကိုအာရုံခံဖမ်းယူပြီး လေယာဉ်မှူးကိုအချက်ပေးပါတယ်။

ဖမ်းယူရာမှာ TCAS antenna ကို လေယာဉ်ရဲ့အောက်ဖက် ( bottom ) မှာတခု အပေါ်‌ဖက် ( top ) မှာတခုတပ်ဆင်ပြီး အာရုံခံ ဖမ်းယူပါတယ်။

တနည်းအားဖြင့် အခြားလေယာဉ်ကိုမေးမြန်း( interrogate ) signal လွှင့်ထုပ်ပြီး ထိုလေယာဉ်ရဲ့ transponder မှပြန်လည်ထုပ်လွှင့်တဲ့ 4 digit နဲ့ Altitude ( အမြင့် )ကိုဖမ်းယူရရှိတဲ့အခါ ရေဒါမှတဆင့် အကွာအဝေး တွက်ချက်ပါတယ်။ အကွာအ‌ဝေးအလိုက် သတ်မှတ်ထားတဲ့ ပုံသဏ္ဌာန် အရောင် warning ၊ audio alerm စသဖြင့်ပိုင်းလော့ကိုသတိပြုမိအောင် ဒိုင်ခွက်မှာ အချက်ပြပေးပါတယ်။

အခြားလေယာဥ် နဲ့ မိမိ‌ လေယာဥ် အကွာအဝေးပေါ် မူတည်ပြီး အမည်အမျိုးမျိုးပေး သတ်မှတ်ထားပါတယ်။ ဒါတွေကတော့ မိမိလေယာဉ်နဲ့ နော်တီကယ်မိုင် ၂၀ အကွာအဝေးဆိုရင် surveillance range or other advisory range မိမိလေယာဉ်နဲ့ ၃.၃ နော်တီကယ်မိုင်အကွာဆိုရင် traffic issued or traffic advisory range နဲ့ မိမိလေယာဉ်နဲ့ ၂.၃ နော်တီကယ်မိုင် အတွင်းဝင်လာခဲ့ရင်တော့ resolution issued or resolution advisory range လို့သတ်မှတ်ပါတယ်။( ပုံကိုကြည့်ပါ )

ဒီသတ်မှတ်အကွာအဝေးအတွင်းဝင်ရောက်လာတဲ့ ကျူးကျော်သူ (intruder ) လေယာဉ်ကို စက်ကအာရုံခံမိပြီဆိုတာနဲ့ လေယာဉ်မှူးကို အချက်ပြပါတယ်။ လေယာဉ်မှူးကလဲစက်ရဲ့ ညွှန်ကြားချက်အတိုင်း မိမိလေယာဉ်ကို လမ်းကြောင်းပြောင်းပေးခြင်းဖြင့် တစီးနဲ့တစီးမထိခိုက်ရန်ရှောင်ရှား နိုင်ပါတယ်။အထူးသဖြင့်ကတော့ resolution advisory range မှာ လုပ်ဆောင်ကြလေ့ရှိပါတယ်။

စက်မှာပါဝင်တဲ့ transponder ဆိုတာ လေထဲမှာစအလုပ်လုပ်တာနဲ့ သတ်မှတ်အကွာအဝေးအတွင်းကိုဝင်လာသမျှ လေယာဉ်များကို ထောက်လှမ်းပါတယ် ။အနီးမှာရှိတဲ့‌ေလယာဥ်များကဖမ်းယူရရှိတဲ့ 4 digit code နဲ့ အမြင့်ကို စက်ကတွက်ချက်ပါတယ်။

ပြီးရင်တော့ လေယာဉ်အနီးတဝိုက်မှာရှိသမျှလေယာဉ်များရဲ့ တည်နေရာနဲ့ အမြင့်ကို ဒိုင်ခွက်မှာဖေါ်ပြပေးပါတယ်။ဒိုင်ခွက် ( display ) များကတော့ ထုပ်လုပ်တဲ့ကုမ္ပဏီပေါ်လိုက်ပြီးအမျိုးမျိုးကွဲပြားပါတယ်။ပေါ်လာတဲ့ပုံသဏ္ဌာန်နဲ့အရောင်ကိုကြည့်ပြီး လေယာဉ်မှူးက အခြားလေယာဉ်ဟာ မိမိနဲ့အကွာအဝေး ဘယ်လောက်ရှိတယ် ဘာလုပ်ရမယ်ဆိုတာဆုံးဖြတ်ပါတယ်။

အသံအချက်ပြအနေနဲ့ ကတော့
– Climb Climb
– Desend Desend
– Increased climb increased climb
– Level off level off

စသဖြင့် လေယာဉ်မှူးကိုအချက်ပေးပါတယ်။ ထိုအခါလေယာဉ်မှူးက အလိုအလျောက်မောင်းကရိယာ( auto pilot )ကို ပိတ်ပြီး manual နဲ့လေယာဉ်ရဲ့အနိမ့်အမြင့်ကို လိုသလို ပြောင်းလဲပေးခြင်းဖြင့် mid air collision ခေါ် လေယာဉ်များလေထဲမှာတိုက်မိခြင်းမှရှောင်ရှားနိုင်ပါတယ်။

နောက်ပိုင်းခေတ်ပေါ် စနစ်တွေမှာတော့ပိုမို ကောင်းမွန်တဲ့ နည်းစနစ်များနဲ့ လုပ်ဆောင်လာနိုင်ပါပြီ။ TECAS 1,TCAS 2 ,TCAS 3 စသဖြင့် တိုးတက်လာပါတယ်လို့တင်ပြလိုက်ရပါတယ်ခင်များ။

Leave a Reply

Your email address will not be published.