F-22 Raptor ဂျက်တိုက်လေယာဉ်ကို ဘယ်နိုင်ငံကိုမှ ရောင်းချခြင်း မပြုရတဲ့ အကြောင်းအရင်း

အမေရိကန်ရဲ့ နာမည်ကျော် တိုက်လေယာဉ် F-22 Raptor ကို ဘယ်နိုင်ငံကိုမှ ရောင်းချခြင်းမပြုရတဲ့ အကြောင်းအရင်း

Obey Amendment
အမေရိကန်ရဲ့ နာမည်ကျော် တိုက်လေယာဉ် F-22 Raptor ကို ဘယ်နိုင်ငံကိုမှ ရောင်းချခြင်းမပြုတာ ဘာကြောင့်လို့ထင်ပါသလဲ။

F-22 လေယာဉ်ဟာ ခေတ်မှီတိုက်လေယာဉ်ဖြစ်သလို တန်ဖိုးကလဲမြင့်မားလှပါတယ်။ အမေရိကန်ဟာ ဒီလေယာဉ်မျိုးဆက်ကို ထုတ်လုပ်မှုရပ် ဆိုင်းလိုက်ပါပြီ။ ဒါဟာ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ကိစ္စ တစ်ခုပါ။

ဘာကြောင့်လဲဆိုတော့ ဒီ Program အတွက် ခွင့်ပြုငွေဟာ ၆၂ ဘီလီယံတောင်ရှိလို့ပါ။ ကမ္ဘာတလွှားက နိုင်ငံအများအပြားဟာ ဒီလေယာဉ်ကို ဝယ်ယူဖို့ကမ်းလှမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ D o D appropiation Act ခေါ် ရှုပ်ထွေးတဲ့ ဥပဒေကြောင့် ဒီအမျိုးအစားလေယာဉ်ကို တခြားဘယ်နိုင်ငံကိုမှ ရောင်းချခွင့်မရှိတော့ပါဘူး။

ဒီဥပဒေဟာ ကွန်ဂရက်အမတ် Dave Obey ကြောင့် ပေါ်ထွက်လာခဲ့တာပါ။ ၁၉၉၈ ခုနှစ်မှာ Obey Amendment ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။ ဘာကြောင့် လဲဆိုတော့ ဒီလေယာဉ်ရဲ့ ကိုယ်ပျောက်နည်းပညာကြောင့်ပါ။

အမေရိကန်ဟာ ကိုယ်ပျောက်နည်းပညာ တိုးတက်ဖို့အတွက် ငွေအား၊အချိန်တို့ကို ရင်းနီးခဲ့ရပါတယ်။ ဒီနည်းပညာကြောင့်ပဲ လေယာဉ်ကို ဝယ်ယူလိုတဲ့ နိုင်ငံတွေ သိသိသာသာ များပြားခဲ့ပါတယ်။ အစ္စရေး နဲ့ဂျပန်က အဆိုးဆုံးပါ။

ဒါပေမဲ့ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Dave Obey က အခြားနိုင်ငံများကို ရောင်းချခဲ့ရင် နည်းပညာ ကူးယူခံရမဲ့အရေးကို တင်ပြခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာဘဲ ထောက်လှမ်းရေးသတင်းတွေကလဲ အစ္စရေးဟာ တရုပ်ကိုလျို့ဝှက်စွာကူညီနေတာ သိလိုက်ရပါတယ်။

ဒီနည်းပညာဟာ တရုပ်နဲ့ ရုရှားထံမရောက်ဖို့က အရေးကြီးပါတယ်။ အစ္စရေးက တဆင့် နည်းပညာပေါက်ကြားခဲ့ရင်ဆိုတဲ့ အချက်ကြောင့် F-22 Raptor ကို ပြည်ပနိုင်ငံများသို့ မရောင်းချဖို့ အဆိုပြုခဲ့တဲ့ Obey ရဲ့အဆို အောင်မြင်ခဲ့ပါတယ်။

ဒီကိစ္စဟာ အိမ်ဖြူတော်အထိ ရောက်ခဲ့ပြီး အခြေအတင်ဖြစ်ခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံမှုပမာဏ များပြားလွန်းတဲ့ အတွက်ပါ။ ဘဏ္ဌာရေးကို ထိခိုက်စေပါတယ်။ နောက်ဆုံးတော့အစ္စရေးကို မရောင်းဖို့ အတည်ဖြစ်ခဲ့တဲ့အပြင် အခြားဘယ်နိုင်ငံကိုမှလဲ မရောင်းချဖို့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် F-22 Raptor ပရိုဂရမ်တွေ မရပ်နားခင်မှာ Obey အနားယူခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာလဲ ပုံမှန်လည်ပါတ်နေပါပြီ။ လွှတ်တော်အမတ်တချို့ကတော့ ဒေါ်လာ ဘီလီယံချီ ရင်းနှီးထားရတဲ့ ဒီကိစ္စပေါ် အစာမကျေသေးပါဘူး။နောက်ဆုံးတော့ F_22 ၁၈၇ စင်းသာ ထုပ်လုပ်ဖို့ဆုံးဖြတ်ပြီး စီမံကိန်းကို ရပ်တန့်ခဲ့ပါတယ်။ လေယာဉ်တွေကိုလဲ အမေရိကန်အတွက်သာအသုံးပြုခဲ့ပါတယ်။

၂၀၀၅ ခုနှစ်ကျမှ တရားဝင် စတင်အသုံးပြုခဲ့ပြီး ၂၀၁၄ မှာ ISIS တွေကို တိုက်ခိုက်ဖို့ ဆီးရီးယားမှာ ဖြန့်ကျက်ခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာ အာဖဂန်က မူးယစ်ဆေးထုပတ်လုပ်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီ Mission တွေအပြီးမှာ သတိပြုလာရတာကတော့ ဒီလေယာဉ်ရဲ့ ကုန်ကျစရိတ်ပါ။ သူက တစ်နာရီပျံသန်းတိုင်း အမေရိကန်ဒေါ်လာ ၃၅၀၀၀ ခန့် ကုန်ကျပါတယ်။ သူ့ကိုသုံးမဲ့ Mission ဟာ ထိုက်တန်တဲ့ Mission ဖြစ်ရဲ့လား ဆိုတာမေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ခုချိန်မှာတော့ ရုရှားကလည်း SU-57 နဲ့ Chackmate တို့လို လေယာဉ်တွေ၊ တရုပ်ကလည်း J-20 လေယာဉ်တွေ ထုတ်လုပ်နေပါပြီ။ ကိုယ်ပျောက်နည်းပညာဟာလဲ အဆန်းတကျယ် မဟုတ်တော့ပါဘူး။

ဒီတော့ အမေရိကန်အနေနဲ့ မဟာမိတ်များနဲ့ မျက်နှာမပျက်ရလေအောင် F-35 ဆိုပြီး မျိုးကွဲ သုံးခုအထိ ထုတ်လုပ်ရောင်းချပေးခဲ့ရပါတယ်လို့ တင်ပြရင်း။

Leave a Reply

Your email address will not be published. Required fields are marked *