Space-X ရဲ့ဆုံးရှုံးမှု (Starlink ဂြိုလ်တုများ လမ်းကြောင်းမှန်ပေါ် မရောက်ပဲ ပျက်ဆီးပြာကြ သွားရတဲ့အကြောင်း)

Space-X ရဲ့ဆုံးရှုံးမှု (Starlink ဂြိုလ်တုများ လမ်းကြောင်းမှန်ပေါ် မရောက်ပဲ ပျက်ဆီးပြာကြ သွားရတဲ့အကြောင်း)

Space-X ဆိုတာနဲ့ သင်သုံးနေတဲ့အင်တာနက်ကို ဈေးသက်သာစွာသုံးနိုင်အောင် ကြိုးစားနေတဲ့ ကုမ္ပဏီတစ်ခုဆိုတာ စာဖတ်သူတို့ သိပြီးဖြစ်မှာပါ။ အခုတင်ပြမှာကတော့ Space-X ရဲ့ ဂြိုလ်တု အလုံး ၄၀ ပျက်ဆီးသွားတယ်ဆိုတဲ့ အကြောင်းပါ။

ဟုတ်ပါတယ် Geomagnetic storm လို့ခေါ်တဲ့‌နေက ထုပ်လွှတ်တဲ့ လျှပ်စစ်သံလိုက်မုန်တိုင်းကြောင့် ပျက်ဆီးသွားတာပါ။ ဒီဂြိုလ်တုတွေဟာ ကမ္ဘာ့ပါတ်လမ်းကြောင်းထဲကို ပြန်လည်ဝင်ရောက်လာမယ်လို့ ယူဆရပါတယ်။ သို့မဟုတ် ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာမယ်လို့လဲ ခန့်မှန်းထားပါတယ်။

Starlink ဆိုတာ Space-X ဂြိုလ်တုကတဆင့် အင်တာနက်ကွန်ယက်ကို ဖြန့်ကျက်နေတာပါ။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာအနှံ့ကို ဈေးသက်သာစွာ အင်တာနက်ဝန်ဆောင်မှုပေးနိုင်ဖို့ပါ။

Space-X ဟာ ဂြိုလ်တုပေါင်း ‌၄၂၀၀၀ အထိ ကမ္ဘာပါတ်လမ်းကြောင်းထဲကို လွှတ်တင်မှာဖြစ်ပြီး အဲ့ဒီကတဆင့် ကမ္ဘာတစ်လွှားကို လွှမ်းခြုံမဲ့ ကွန်ယက်ကို တည်ဆောက်မှာဖြစ်ပါတယ်။ ဒီနည်းက Fiber optic နည်းထက် ပိုမိုမြန်ဆန်နိုင်ပါတယ်။

အခုဆိုနိုင်ငံ ၂၅ ခုအထိ သုံးနေနိုင်ပြီဖြစ်ပါတယ်။ Space-X အနေနဲ့ ပထမဆုံးဂြိုလ်တု ၆၀ ကို ၂၀၁၉ ခုနှစ်မှာစတင် လွှတ်တင်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၃ ရက်နေ့မှာ Starlink ဟာ ဂြိုလ်တု ၄၉ လုံးကို Falcon-9 ဒုံးပျံနဲ့ ကမ္ဘာပါတ်လမ်းအနိမ့်ထဲကို ပစ်လွှတ်ခဲ့ပါတယ်။ Falcon-9 ဟာ ဂြိုလ်တု ၄၉ လုံးကို ကမ္ဘာပါတ်လမ်းထဲမှာ အောင်မြင်စွာ ဖြန့်ခွဲချထားနိုင်ခဲ့ပါတယ်။ ကမ္ဘာမြေပြင်အထက် မိုင် ၁၃၀ အမြင့်မှာပါ။

ဒါပေမဲ့ Falcon-9 လုပ်ငန်းပြီးချိန်မှာပဲ Geomagnetic storm ဟာ ကမ္ဘာကို ရိုက်ခတ်ခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ ကမ္ဘာ့လေထုထဲကို ဝင်ရောက်ခဲ့ပြီး ဂြိုလ်တုများကို ပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။ သူက ကမ္ဘာ့လေထုရဲ့ အပူချိန်ကိုပူ‌နွေးစေပါတယ်။

လေထုရဲ့ သိပ်သည်းဆကိုလဲ မြင့်တက်စေပါတယ်။ ဒီအကျိုးဆက်က Drag လို့ခေါ်တဲ့နောက်ဆွဲအားကို ဂြိုလ်တုအပေါ် သက်ရောက်စေပါတယ်။ မူလထက် ၅၀ ရာခိုင်နှုန်းအထိ မြင့်ပါတယ်။

ဒါကြောင့် ဂြိုလ်တုအပေါ် ပြောင်းပြန်သက်ရောက်မှု ဖြစ်ပေါ်စေပြီး ဂြိုလ်တုရဲ့လည်ပါတ်နေတဲ့အရှိန်ကို လျော့ကျစေပါတယ်။ Starlink ဟာဂြိုလ်တုများကို safe mode လို့ခေါ်တဲ့အနေအထားကို ရောက်အောင်လှမ်းထိန်းပါတယ်။

ဒါက ဆွဲအား အနဲဆုံးနေရာကို တွက်ချက်ပြီးဂြိုလ်တုတွေကို နေရာပြောင်းတာပါ။ဂြိုလ်တုတွေ နောက်ဆွဲအားကို ခံနိုင်ရည်ရှိမဲ့နေရာက ကမ္ဘာနဲ့နီးပါတယ်။ ဒါပေမဲ့ Geomagnetic storm ဒါဏ်ကိုတော့သက်သာစေပါတယ်။ ဒီလိုနေရာချထားတာကို Starlink အနေနဲ့အခက်အခဲမရှိပါဘူး။

Orbit Debris ခေါ် အာကာသထဲလွင့်မျောမဲ့အပိုင်းအစတွေ မဖြစ်‌စေသလို ကမ္ဘာကို ဝင်တိုက်မဲ့အပိုင်းအစတွေလဲ မဖြစ်ပါဘူးလို့ Starlink ကဆိုပါတယ်။ Geomagnetic Storm ဆိုတာနေရဲ့ Solar wind partical တွေထုပ်လွှတ်လို့ ဖြစ်ပေါ်လာတာပါ။

သူက နေမိသားစုတခုလုံးကိုပြန့်သွားပြီး နေမိသားစုအတွင်းက ဂြိုလ်တွေရဲ့ သံလိုက်အားလမ်းများကို ထိခိုက်စေပါတယ်။ အကျိုးဆက်အနေနဲ့ ဂြိုလ်တုရဲ့ပုံမှန်လမ်းကြောင်းကို Drag လို့ခေါ်တဲ့နောက်ဆွဲအားကို ဖြစ်ပေါ်စေပြီး ပျက်စီးစေတာပါ။

Starlink ရဲ့ ၄၉ လုံးသောဂြိုလ်တုများဟာ လမ်းကြောင်းမှန်ပေါ် မရောက်တော့ပဲ ကမ္ဘာ့လေထုထဲကိုတဖြည်းဖြည်း ပြန်လည်ဝင်ရောက်ရင်း လေထုနဲ့ပွတ်တိုက်ပြီး ပျက်ဆီးပြာကြသွားရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *