Helicopter ဘယ်ကစ
ဟယ်လီကော်ပတာတွေဟာ ဒီနေ့ခေတ်မှာ လျင်လျင်မြန်မြန်တိုးတက်လာတာ သိကြမှာပါ။ ဒါပေမဲ့ ဘယ်သူက စတင်တီထွင်ခဲ့တာလဲ ဘယ်တုံးကလဲ ဆိုရင်တော့။
ပထမဆုံး ဟယ်လီကော်ပတာလို့ အသိအမှတ်ခံရတဲ့ ယာဉ်ရဲ့အမည်က Vought-Sikorsky VS-300 ပါ။ 1909 ခုနှစ်၊ နွေဦးအစမှာ Sikorsky ဆိုတဲ့သူက သူ့ရဲ့ကြိုးစားအားထုပ်မှုကို ယူကရိန်ူနိုင်ငံ kyiv မြို့မှာ ထုတ်ဖေါ်ပြသခဲ့ပါတယ်။
ပထမဆုံးသော ဟယ်လီကော်ပတာဟာ သစ်သားကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အင်ဂျင်ကို အနီးတဝိုက်ကိုတော့ ဝိုင်ယာကြိုးများနဲ့ ချည်နှောင်ထားပါတယ်။ အင်ဂျင်နဲ့ ဂီယာအုံကို သစ်သားပူလီ ( pully ) ခံပြီး ခါးပါတ်နဲ့ဆက်ထားပါတယ်။
ပန်ကာနှစ်လက်ကို ဝင်ရိုးတစ်ခုနဲ့ ဆက်ထားပြီး အထက်ကို တက်နိုင်တဲ့လည်အားကိုရရှိစေပါတယ်။ နောက်တစ်နှစ် နွေဦးမှာပဲ Sikorsky ဟာ သူ့ရဲ့ဒုတိယ ကြိုးစားမှုကိုထပ်မံပြသခဲ့ပါတယ်။
သူ့ရဲ့ဒီဇိုင်းမှာ တိုးတက်လာပြီး ပန်ကာဒလက် သုံးခုပါဝင်ပါတယ်။ဒီဟယ်လီကော်ပတာက ပျံတက်ရုံပဲတတ်နိုင်ပါတယ်။ ဒါပေမဲ့ဒေါင်လိုက်တက်နိုင်ဆင်းနိုင်ဖို့အခြေခံရခဲ့ပါတယ်။
Sikorsky ဟာ ထပ်မံပြီးလက်တွေ့ကျကျ ကြံဆခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာ သူနဲ့အပြိုင် ဥရောပမှာ C-5 ဟယ်လီကော်ပတာကို ပွဲထုတ်နိုင်ခဲ့ကြပါတယ်။ ဒီယာဉ်ရဲ့အင်ဂျင်ဟာ ၃၇ မိုင်အကွာအဝေးကို တစ်နာရီ ၇ဂ မိုင်နှုန်းနဲ့ ပျံသန်းနိုင်ခဲ့ပါတယ်။
အမြင့်ပေ ၁၆၄၀ အထိ တက်နိုင်ခဲ့ပါတယ်။
Sikorsky ဟာ ဂရုတစိုက်နဲ့ ရှေ့တိုးလုပ်ဆောင်နေခဲ့ပါတယ်။ နည်းပညာအခက်အခဲများကို ပြီးဆုံးအောင်မြင်နိုင်ဖို့ သူကအမြဲကြံဆနေခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်မှာ Sikorsky Aero Engineering Corporation ကို သူစတင်တည်ထောင်ပါတယ်။
၁၉၃၈ ခုနှစ်မှာ United Aircraft Co. က သူ့ရဲ့အင်ဂျင်နီယာအဖွဲ့ကို ဒေါ်လာ ၃၀၀၀၀ မတည် အရင်းမနှီး ထုတ်ပေးခဲ့ပါတယ်။ သူဟာ ဝင်ရိုးတစ်ချောင်းသာပါတဲ့ Single rotor စနစ်နဲ့ပျံနိုင်မဲ့ ဟယ်လီကော်ပတာကို စတင်စမ်းသပ်ပါတယ်။
သူရဲ့ရိုးရှင်းတဲ့တီထွင်မှုကို ပဲသူကရွေးချယ်ပါတယ်။ အဓိကကျတဲ့ပစ္စည်းတွေကိုနေရာတကျ တပ်ဆင်ပါတယ်။ဥပမာ control stick ကို လေယာဉ်မှူးရဲ့ရှေ့ ခြေနှစ်ချောင်းကြားမှာ နေရာချတာမျိုးပါ။ ဒါကလေယာဉ်မှူးကို အဆင်းအတက်ပြုလုပ်ရာမှာ မှန်ကန်တဲ့ထိန်းကြောင်းမောင်းနှင်မှုရစေပါတယ်။
ဒေါင်လိုက်တက်ဆင်းမှုအပြင် ရေပြင်ညီပျံသန်းမှုအတွက်လဲ သူကထည့်သွင်း စဉ်းစားလုပ်ဆောင်နိုင်ခဲ့ပါပြီ။ ၁၉၃၉ ခုနှစ်၊စက်တင်ဘာ ၁၄ မှာတော့ Vought Sikorsky ရဲ့ VS-300 ဟာလေထဲမှာ အောင်မြင်စွာပျံသန်းပြနိုင်ခဲ့ပါတယ်။
ယာဉ်ဟာ စက္ကန့်အနဲငယ်အတွင်း မြေပြင်မှကြွတက်ပြခဲ့ပြီး အမြင့်ကိုပျံတက်နိုင်ကြောင်းပြသခဲ့ပါတယ်။ ၁၉၄၀ ခုနှစ် ဂျူလိုင် ၁၈ ရက်မှာ သူ့ရဲ့ဟယ်လီကော်ပတာဟာ လေထဲမှာ ၁၅ မိနစ်ကြာပျံဝဲပြနိုင်ခဲ့ပါတယ်။
၁၉၄၀ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာတော့ VS-300 ဟာ နောက်ထပ်ပျံသန်းမှု တစ်ခုကိုပြုလုပ်ပါတယ်။ ယာဉ်ဟာ တနာရီ ၂၉ မိုင်နှုန်းနဲ့ပျံနိုင်ခဲ့ပါပြီ။ အဲ့ဒီနှစ်အောက်တိုဘာလ ၁၄ ရက်မှာ ၁၄ မိနစ်ကြာအောင် ပျံနိုင်ခဲ့ပါတယ်။အမြန်နှုန်းကလဲ တစ်နာရီ ၄၉ မိုင်နှုန်းအထိ တိုးတက်လာပါတယ်။
ယာဉ်ဟာလေထဲမှာ အရပ်မျက်နှာအားလုံး လှည့်ပါတ်ပြနိုင်ခဲ့ပါတယ်။ အင်္ဂလိပ်အက္ခရာ 8 ပုံစံပျံသန်းပြခဲ့တာပါ။ အမြင့်ကတော့ ၉၅ ပေအထိ တက်ခဲ့ပါတယ်။ ဆက်ပြီး ၁၉၄၁ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်မှာ ၂၆ မိနစ် ပျံပြပါတယ်။ဒါဟာ အမေရိကမှာအဲဒီခေတ်က အကြာဆုံးစံချိန်ပါ။
သူ့ရဲ့ဒေါင်လိုက်တက်ဆင်းနိုင်မှုကိုလဲ ပြသနိုင်ခဲ့ပါပြီ။ စက်ဝိုင်းပုံပျံသန်းမှုနဲ့အတူ လေထဲမှာဝဲနေနိုင်မှု ( Hovering )ကိုပါ ပြသနိုင်ခဲ့ပါတယ်။ ရာသီဥတု အခြေအနေ အမျိုးမျိုးမှာလဲ ပျံသန်းပြခဲ့ပါတယ်။ တစ်နာရီ၂၅ မိုင်နှုန်းတိုက်နေတဲ့လေထဲမှာပျံသန်းပြနိုင်ခဲ့ပါတယ်။ အကြိမ်များစွာ တက်ဆင်းခြင်း၊ရှေ့နောက်ဘေးတိုက် ရွေလျားခြင်းများ ပြုလုပ်ပြနိုင်ခဲ့ပါတယ်။ ကျဉ်းမြောင်းတဲ့နေရာမှ ပျံတက်ခြင်း၊ ဆင်းသက်ခြင်းတို့ကိုလဲ ပြုလုပ်ခဲ့ပါတယ်။
ဒီနောက်မှာတော့ Sikorsky နဲ့သူ့အဖွဲ့ဟာ VS-300 ရဲ့ပုံစံကွဲများစွာကို ထုတ်လုပ်ခဲ့ပါတော့တယ်။ အမေရိကန်ကလဲ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ အခြားတပ်အတွက် တိုက်ပွဲဝင်နိုင်တဲ့ ဟယ်လီကော်ပတာ အစီး ၄၀၀ အလိုရှိကြောင်းအမိန့်ထုတ်ပြန်ပါတယ်။
သတ်မှတ်ချက်တွေကတော့ ဟယ်လီကော်ပတာမှာ ဗုံးတင်ဆောင်လို့ရမဲ့ အခန်းငယ် ပါရှိရမှာဖြစ်ပါတယ်။ ရေငုပ်သင်္ဘောကို ပစ်ခတ်နိုင်တဲ့ ဗုံးရှစ်လုံး တင်ဆောင်နိုင်ရပါမယ်။ တလုံးကို ၂၇ ပေါင်လေးပါတယ်။
ယာဉ်ဟာ ကုန်းပေါ်၊ ရေပေါ်နဲ့ သင်္ဘောပေါ်မှာပါ တက်ဆင်းနိုင်ရမှာ ဖြစ်ပါတယ်။ ဟယ်လီကော်ပတာရဲ့ပုံစံဟာ ဒုတိယကမ္ဘာစစ်ကို ပါဝင်ဆင်နွဲဖို့ ဖြစ်လာခဲ့ပါတယ်။ ဆိုင်ကောစကီးနဲ့ သူ့အဖွဲ့ဟာလဲ အောင်မြင်တဲ့ ဟယ်လီကော်ပတာ ထုတ်လုပ်သူများများဖြစ်ခဲ့ပါပြီ။
အခုတင်ပြခဲ့တာကတော့ ဟယ်လီကော်ပတာ ခေါ် ရဟတ်ယာဉ်ရဲ့အစဦး သမိုင်းကြောင်းလေးသာ ဖြစ်ပါတယ်လို့။