ဖုန်းအလုံး ၅၀၀၀၊တီဗီနဲ့ အဝတ်လျှော်စက်တွေပါ အသုံးပြုလို့ရတဲ့ ကမ္ဘာ့အကြီးဆုံး Power Bank
တရုတ်နိုင်ငံက Handy Geng ဆိုတဲ့ အမျိုးသားဟာ ၂၇ဝဝဝဝဝဝ mAh အထိ သိုလှောင်နိုင်တဲ့ Power Bank ကို ဖန်တီးခဲ့တယ်လို့ သူ့ရဲ့ Weibo နဲ့ YouTube ကနေ ပြောဆိုလိုက်ပါတယ်။
ဗီဒီယိုထဲမှာတော့ သူဟာ သူငယ်ချင်းတွေကို ပိုမိုကြီးမားတဲ့ Power Bank ကို ပိုင်ဆိုင်ထားတယ်ဆိုတာ ပြသချင်တာကြောင့် ဖန်တီးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အားလုံးထက် ပိုမိုကြီးမားပြီးတော့ အချိန်အကြာဆုံးအသုံးပြုနိုင်မဲ့ဘက်ထရီကို ပိုင်ဆိုင်ထားတယ်ဆိုတာလဲ သိစေချင်တယ်လို့ သူကပြောကြားခဲ့ပါတယ်။
သူဟာ Power Bank ကို အထွက် အားသွင်းပေါက် ၆ဝ အထိ ပါဝင်အောင် ဖန်တီးထားပြီး အားသွင်းဖို့အတွက်တော့ ၁ ခုသာ ပါဝင်ကာ ၂၂ဝ ဗို့အားနဲ့ အသုံးပြုနိုင်မှာလဲ ဖြစ်ပါတယ်။
Power Bank ရဲ့ မြင့်မားတဲ့ ၂၂ဝ ဗို့အားကြောင့် တီဗီ၊ အဝတ်လျှော်စက်နဲ့ ထမင်းဟင်းတွေကိုပါ တစ်ပြိုင်နက်တည်း ချက်ပြုတ်နိုင်မှာလဲဖြစ်ပြီး ဘယ်လိုကြီးကြီး မားမားပြဿနာမျိုးမှလဲမဖြစ်ဘူးလို့ ဆိုပါတယ်။ ဒီ Bank ဟာ ဖုန်းအလုံးပေါင်း ၅ဝဝဝ အထိကို အားသွင်းနိုင်မှာလဲ ဖြစ်တယ်လို့ Kotaku ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
သတ္တုဖရိန်နဲ့ ကိုယ်ထည်ကို ပြုလုပ်ထားပြီး ပုံမှန် အရွယ်အစားရှိတဲ့ Power Bank တွေရဲ့ အဆပေါင်း ၉ဝဝ အထိ ကြီးမားတာလဲ ဖြစ်ပါတယ်။ သူ့ရဲ့အရွယ်အစားဟာ ၅ ဒသမ ၉ ပေ × ၃ ဒသမ ၉ ပေ ရှိပြီး တော်တော်လေးတော့ ကြီးမားတာဖြစ်ပါတယ်။
ဒါကို သယ်ဆောင်ဖို့အတွက်ဆိုရင်တော့ ကြိုးတစ်ချောင်း သေချာပေါက်လိုအပ်မှာဖြစ်ပြီး ပခုံးပေါ်ကြိုးတင်ကာ ဆွဲယူရပါလိမ့်မယ်။