လူကိုအန္တရာယ်ပေးနိုင်သည့် ချစ်စရာကောင်းသော သတ္တဝါများ

လူကိုအန္တရာယ်ပေးနိုင်သည့် ချစ်စရာကောင်းသော သတ္တဝါများ

ကမ္ဘာပေါ်တွင် တိရစ္ဆာန်မျိုးစိတ်ပေါင်း များစွာရှိပါသည်။ ထိုတိရစ္ဆာန်မျိုးစိတ်များတွင် ချစ်စရာကောင်းသည့် တိရစ္ဆာန်လေးများရှိသကဲ့သို့ ကြောက်စရာကောင်းသည့် တိရစ္ဆာန်လေးများလည်း ရှိပါသည်။

သို့သော် ချစ်စရာကောင်းသည့်အပြင် ကြောက်စရာလည်းကောင်းသည့် တိရစ္ဆာန်များအကြောင်းကို ပရိသတ်များအတွက် ရေးသားဖော်ပြပေးလိုက်ရပါသည်။ ထိုသို့သော တိရစ္ဆာန်များကိုတွေ့လျှင် ချစ်စရာကောင်းသည့်အတွက် ထွေးပွေ့ရန် ကြိုးစားသည်ထက် ၎င်းနှင့်အဝေးဆုံးနေရာကို လျင်မြန်စွာရှောင်ပြေးနိုင်မှသာ မိမိအသက်ကို ကာကွယ်နိုင်မှာပင် ဖြစ်ပေသည်။

၁။ ပင်လယ်ဖျံ (Leopard Seal)

အလွန်ချစ်စရာကောင်းသော်လည်း ၎င်းတို့သည် ပင်လယ်ထဲတွင် ကျားသစ်များကဲ့သို့ ကျက်စားသည့် ပင်လယ်ဖျံတစ်မျိုးဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ၎င်းပင်လယ်ဖျံများထံမှ တိုက်ခိုက်မှုများရှိလာနိုင်သည်ဆိုသည့် အချက်ကို မျှော်လင့်ထားမိမှာမဟုတ်ပေ။

ထိုတိရစ္ဆာန်လေး၏ ချစ်စရာကောင်းသည့် အဓိကအချက်မှာ ပြုံးနေသည့်မျက်နှာလေးပင်ဖြစ်ပါသည်။ ၎င်း၏ နှုတ်ခမ်းက အပေါ်ဘက်ကို ကွေးတက်နေသည့်အတွက် ပြုံးနေသည့်မျက်နှာပုံစံကို ဖြစ်ပေါ်စေခြင်းပင် ဖြစ်သည်။

၎င်းက ရေနေနို့တိုက်သတ္တဝါများဖြစ်သည့်အပြင် ပင်ဂွင်းဧကရာဇ်ဟုခေါ်သည့် ကြီးမားသော အရွယ်အစားရှိသည့် ပင်ဂွင်းများကိုပါ သဝာ်ဖြတ်စား သောက်ကြပါသည်။ ၎င်းတို့မစားနိုင်သည့် ရေနေသတ္တဝါမှာ မရှိသလောက်ဖြစ်ပြီး ရေနေသတ္တဝါအားလုံးကို သဝာ်ဖြတ်စားသောက်တတ်ကြသည်။

ထို့ကြောင့် စာဖတ်သူတို့အနေဖြင့် ၎င်းပင်လယ်ဖျံလေးများနှင့် အတူတကွ ရေကူးချင်စိတ်များဖြစ်ပေါ်လာပါက ထိုအချက်များကို သတိရမိစေရန် လိုအပ်ပေသည်။

၂။ ပန်ဒါ (Panda)

ပန်ဒါများကို ချစ်စရာကောင်းသည်ဟု မမြင်တဲ့သူ ရှိမှာမဟုတ်ပေ။ ပန်ဒါလေးများက အလွန်ဖြူစင်ပြီး အန္တရာယ်မပေးနိုင်သည့် သတ္တဝါလေးများဟု မြင်မိကြမှာ အမှန်ပင်ဖြစ်ပါသည်။

ထို့ပြင် ၎င်းတို့သည် ငြိမ်းချမ်းရေးနှင့် အကြင်နာတရားများကို ပြသသော သင်္ကေတတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ ၎င်းတို့၏ အနက်ရောင် မျက်ကွင်းလေးများသည် ၎င်းတို့ကို ပွေ့ဖက်ထားချင်စိတ်ပေါက်လာအောင် ချစ်စရာကောင်းလွန်းလှပါသည်။

သို့သော် မိမိတို့အနေဖြင့် ပန်ဒါများနှင့် အလွန်အမင်း နီးကပ်စွာမနေပါက ပိုမိုကောင်းပေသည်။ ၎င်းတို့၏ ပိုင်နက်နယ်မြေကို ကျူးကျော်မိသွားပြီဆိုလျှင် ၎င်းတို့၏ အန္တရာယ်ပြုခြင်းကို ခံစားရနိုင်ပါလိမ့်မည်။

ပန်ဒါလေးများတွင် လွန်စွာသန်မာသော သားကောင်တို့ကို ကိုက်ဖြတ်စားသောက်နိုင်သည့် သွားများ ရှိနေပါသည်။ ထို့ပြင် သင်ပြေးနိုင်တာထက်ကို ပိုမိုပြေးနိုင်ပြီး သင့်ကို အချိန်အကြာကြီး လိုက်လံဖမ်းဆီး အန္တရာယ်ပြုနိုင်ခြင်းက သေချာသည့်အချက်ပင်ဖြစ်သည်။

ပန်ဒါများသည် ရေကူးနိုင်သည့်အပြင် သစ်ပင်များပေါ်ကိုလည်း တက်နိုင်သည့် သတ္တဝါဖြစ်သည်။ ထိုအချက်များကြောင့် ၎င်းတို့နှင့်ရင်ဆိုင်တွေ့ပါက လွတ်မြောက်နိုင်ရန် မလွယ်ကူလှပေ။ မည်သို့ပင် ချစ် စရာကောင်းလွန်းနေသည့် သတ္တဝါဖြစ်နေစေကာမူ လူများကိုအန္တရာယ်ပေးနိုင်သည့် ဝက်ဝံမျိုးနွယ်များဖြစ် သည်ဆိုတာကို မမေ့သင့်ပေ။

၃။ ငန်း (Swan)

ငန်းများသည် အလွန်ကျက်သရေရှိသော သတ္တဝါဖြစ်သည့်အတွက် ချစ်ခြင်း၏ သင်္ကေတတစ်ခုဟု ပြောဆိုကြပါသည်။ သို့သော် အချစ်ဆိုသည့်အရာမျိုးကလည်း ကျွန်ုပ်တို့ကို နာကျင်စေသည်ဆိုသောအချက်ကို ဘယ်တော့မှ မမေ့လျော့သင့်ပါ။

၎င်းတိရစ္ဆာန်လေးများက သူတို့ကိုခြိမ်းခြောက်သည်ဟု ခံစားမိလာပြီဆိုလျှင် သင့်ကိုကောင်းစွာ အန္တရာယ်ပေးနိုင်သည်။ ငန်းတစ်ကောင်ကြောင့် လူတစ်ယောက်သဆုံးပါးသွားရသည့် ဖြစ်ရပ်ပင် ရှိခဲ့ဖူးသည်။ ထိုငန်းသည် လူစီးလာသည့် လှေပေါ်တက်ပြီး လှေကိုမှောက်အောင်ပြုလုပ်ခဲ့သည်။ ထိုသူက ရေကူးပြီး ထွက်ပြေးရန်ကြိုးစားခဲ့ပေမဲ့ ငန်းက လိုက်လံတိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်သည်။

ထို့ကြောင့် ငန်းများကို အရသာမရှိသောအစာများ ကျွေးရန်ပင် မစဉ်းစားပါနှင့်။ ဤသို့လုပ်လိုက်ခြင်းက သင်သည် ၎င်းတို့ရဲ့အသိုက်ကို စိတ်ဝင်စားနေသည်ဟု ငန်းများကို ထင်စေနိုင်ပါသည်။ ၎င်းတို့က သင့်ကို စောင့်ကြည့်နေခြင်းအား မမေ့လျော့သင့်ပါ။

၄။ တောကြောင် (Tasmanian Devil)

ဤတောကြောင်မျိုးနွယ်စုဝင် သတ္တဝါသည် ကျွန်ုပ်တို့ ကြိုက်နှစ်သက်ကြသည့် ကာတွန်းဇာတ်ကားများထဲတွင် ပါဝင်တတ်သည့်အတွက် လူအများရင်းနှီးကြလိမ့်မည်ဟု ထင်ပါသည်။

ကာတွန်းဇာတ်ကားများ ထဲတွင် ၎င်းကအရမ်းရယ်ရပြီး ကာတွန်းဇာတ်ရုပ်နှင့်
လိုက်ဖက်ကာ ကြည့်ကောင်းလွန်းသည့်အတွက်ကြောင့် အန္တရာယ်ပေးနိုင်သည့်သတ္တဝါဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့အနေဖြင့် မျှော်တွေးကြည့်မိမှာ မဟုတ်ပေ။

၎င်းသတ္တဝါလေးသည် သေးငယ်သည့်သားကောင်များဖြစ်သော မြွေ၊ ငါး၊ ငှက်အင်းဆက် စသည်တို့ကို စားသုံးပြီး ဆာလောင်နေသည့်အချိန်တွင် ၎င်းတို့၏ အမြီးမှာ ကြီးထွားလာတတ်သည်။

၎င်းတောကြောင်လေးများ၏သွားများက အရိုးများကိုစားနိုင်သည်အထိ မာကျောပါသည်။ ၎င်းတို့၏ပုံစံက ပွေးများနှင့် ဆင်တူသကဲ့သို့ရှိသော်လည်း အန္တရာယ်ကြီးသည့်သတ္တငါ များပင်ဖြစ်ပါသည်။

၎င်းသတ္တဝါသည် ညအချိန်တွင်မှသာ အမဲလိုက်သူများဖြစ်ကြသည့်အပြင် ၎င်းတို့သည် သားကောင်ကို အနံ့ခံသည့်နေရာမှာ ကျွမ်းကျင်မှုရှိပြီး စည်းလုံးညီညွတ်မှုလည်းရှိသောကြောင့် ၎င်းတို့ကို အလွယ်တကူ မြင်တွေ့နိုင်ကြရမည်မဟုတ်ပေ။

၅။ လင်းပိုင် (Dolphin)

ချစ်စရာကောင်းလွန်းသည့် လင်းပိုင်များသည် ကျွန်ုပ်တို့အား အန္တရာယ်ပြုနိုင်သည်ဆိုသောအချက်ကို ကျွန်ုပ်တို့အနေဖြင့် လက်ခံချင်စိတ်ရှိမည်မဟုတ်ပေ။ သို့သော် ယင်းမှာ တကယ်အမှန်တရားတစ်ခုပင် ဖြစ်သည်။

လင်းပိုင်များက ရေကူးကန်ထဲတွင် အတူတူ ရေကူးချင်စိတ်များဖြစ်ပေါ်လာအောင် အလွန်အမင်း ချစ်စရာကောင်းကြသည်။ ဤအချက်က အရမ်းကောင်းသည့် လှည့်ကွက်တစ်ခုပင် ဖြစ်သည်။

လင်းပိုင်များသည် အကြောင်းပြချက်မရှိဘဲ အန္တရာယ်ပြုနိုင်သည့် တစ်ခုတည်းသော တိရစ္ဆာန်မျိုးစိတ်တစ်ခုလည်းဖြစ်သည်။ ၎င်းတို့သည် ဉာဏ်ရည်မြင့်မားသည့် တိရစ္ဆာန်လေးများဖြစ်ပေမဲ့ တစ်ခါတစ်ရံတွင် ကံမကောင်းစွာဖြင့် လူကိုအန္တရာယ်ပြုနိုင်ပါသည်။

၎င်းတို့သည် လူများကို မကြာခဏ သဝာ်ဖြတ်လေ့မရှိသော်လည်း သူတို့ကို ချဉ်းကပ်မည်ဆိုပါက နှစ်ခါပြန်စဉ်းစားရန် အကြံပြုရပါလိမ့်မည်။ လင်းပိုင်တိုင်း မဟုတ်ပေမဲ့ အထူးသတိပြုရမှာက တောတွင်း၌ရှိသည့် လင်းပိုင်များပင်ဖြစ်ပါသည်။

Source from Knowledge Light

Leave a Reply

Your email address will not be published.