သင်္ဘောပေါ်က စွမ်းအားမြင့် လေဆာလက်နက်ဆန်း

သင်္ဘောပေါ်က စွမ်းအားမြင့် လေဆာလက်နက်ဆန်း

လေဆာ အခြေပြု လက်နက်တစ်မျိုးနဲ့ လေယာဉ်တွေ၊ ဒရုန်းတွေကို ပစ်ခတ်ဖျက်ဆီးနိုင်တဲ့စနစ်တခုကို သင်္ဘောမှာ တပ်ဆင်စမ်းသပ်ခဲ့တာ လုံးဝအောင်မြင်မှုရရှိခဲ့တယ်လို့ အမေရိကန်စစ်ဖက်က ကြေညာလိုက်ပါတယ်။

ဒီ‌ လေဆာအ‌ခြေခံလက်နက်စမ်းသပ်မှုကို ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလမှာပဲ စမ်းသပ်အောင်မြင်ခဲ့တာပါ။ ဒီလက်နက်ဟာ ပစ်မှတ်ကို လွယ်ကူစွာ ချိန်ရွယ်ပြီး ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အမည်ကတော့ LLD ( The Layered Laser Defence ) လို့ ခေါ်ပါတယ်။ စမ်းသပ်မှုမှာတော့ သူဟာ မောင်းသူမဲ့ယာဉ် ( drone ) တစ်ခုကို ပစ်ချပြခဲ့ပါတယ်။ လက်နက်ဟာ ပစ်မှတ်ကို လျှင်မြန်စွာချိန်ရွယ်ပြီး မျက်စိတမှိတ်အတွင်း ဖျက်ဆီးပြခဲ့ပါတယ်။ ချိန်ရွယ်တဲ့ ပြင်းအားမြင့် လိ‌ ‌မ္မော်ရောင် ရောင်ချည်ဟာ သာမန်မျက်စိနဲ့ မြင်နိုင်ပါတယ်။

မျက်မြင်လေ့လာသူတွေအဆိုအရ ပစ်မှတ်ဟာ စူးရှတဲ့ လိမ္မော်ရောင် ရောင်ခြည်နဲ့ ထိတွေ့ပြီး မကြာခင်မှာပဲ မီးခိုးတွေထွက်လာပြီး လုံးဝပျက်ဆီးသွားပါတယ်တဲ့။

ထူးခြားတာကတော့ US Navy ဟာ ဒီစမ်းသပ်မှုကို လူသိရှင်ကြား ထုတ်ဖေါ်ပြသခဲ့တာပါ။ ဒီစွမ်းအင်မြင့် လေဆာလက်နက်ဟာ လေကြောင်းရန် ကာကွယ်ဖို့နဲ့ Subsonic missile များကို ဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ထုပ်လုပ်တာ ဖြစ်ပါတယ်။

လက်နက်ဒီဇိုင်းကိုတော့ နည်းပညာဆရာကြီးဖြစ်တဲ့ ( Lockheed Martin ) ရဲ့ကျွမ်းကျင်သူတွေက ရေးဆွဲတာပါ။ ရည်ရွယ်ချက်ကတော့ မိမိထံချဉ်းကပ်လာတဲ့ မည်သည့် မြန်နှုန်းမြင့် ဒရုန်းများ၊ရေယာဉ်များကိုမဆို ပစ်ခတ်ဖျက်ဆီးဖို့ပါ။

မော်နီတာ ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့‌‌ ရေပါ်၊ လေပေါ်ကပစ်မှတ်ကို စက္ကန့်ပိုင်းအတွင်း ချိန်ရွယ်ပစ်ခတ် နိုင်စွမ်းရှိအောင် ရေဒါနဲ့ချိတ်ဆက်ထားလို့ သူ့ရဲ့အစွမ်းက ထက်မြက်လှပါတယ်။ ဒါ့အပြင် သူ့ကို တယ်လီစကုပ်အနေနဲ့ အသုံးပြုပြီး စစ်ပွဲအတွင်းပစ်မှတ် များခွဲခြားသတ်မှတ်ပေးခြင်းကိုလဲလုပ်ဆောင်နိုင်ပါသေးတယ်။

ဒါကြောင့်လဲ အမေရိကန်ဟာ စစ်ရေးနည်းပညာမှာ အမြဲတမ်း သာလွန်နေရတာဖြစ်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.