ကမ္ဘာပေါ်ရှိ အစိုစွတ်ဆုံးနေရာများ

ကမ္ဘာပေါ်ရှိ အစိုစွတ်ဆုံးနေရာများ

မိုးများသော ဒေသတွေကို ကြားဖူးတွေ့ဖူး ကြမှာပါ။ ယခုတင်ပြမယ့် ဒေသ‌တွေကတော့ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား တစ်နှစ်ပတ်လုံး မိုးရွာလေ့ရှိတဲ့ ကမ္ဘာ့ အစိုစွတ်ဆုံး မိုးအများဆုံးဒေသ(၅)ခု အကြောင်း ဖြစ်ပါတယ်။

(၅) ဆန်အန်တိုနီယိုဒီယူရေကာ၊ ဘိုင်အိုခိုကျွန်း၊ အီကွေတိုရီ ယယ်ဂီနီ (San Antonio de Ureca, Bioko Island, Equatorial Guinea)

ဒီဒေသဟာ နှစ်စဉ် ပျှမ်းမျှ မိုးရေချိန် ၁၀၄၅၀ မီလီမီတာရှိပါတယ်။ ဆန်အန်တိုနီယိုဒီယူရေကာသည် အာဖရိကတိုက်တွင် အစိုစွတ်ဆုံးနေရာဖြစ်တယ်။ခြောက်သွေ့ ရာသီဟာ နိုဝင်ဘာလမှ မတ်လအထိဖြစ်ပြီး ကျန်လများတွင် မိုးသည်းထန်စွာရွာသွန်းပါတယ်။ ခြောက်သွေ့ရာသီကာလအတွင်း ကမ္ဘာလှည့်ခရီးသွားများဟာ ကမ်းခြေတွင် ဥဥနေသည့် လိပ်များကို စောင့်ကြည့်နိုင်ကြပါတယ်။

(၄) ကော့မြစ်၊ နယူးဇီလန် (Cropp River, New Zealand)

ပျမ်းမျှ နှစ်စဉ် မိုးရေချိန် ၁၁၅၁၆ မီလီမီတာရှိပါတယ်။ မြစ်ဟာ ၉ ကီလိုမီတာသာ ရှည်လျားသော်လည်း မိုးရွာသွန်းမှုသည် ၎င်း၏အလေးချိန်ထက်ပင် ကျော်လွန်နေပါတယ်။

(၃) တူတန်ဒို၊ ကိုလံဘီယာ၊ တောင်အမေရိက (Tutendo, Colombia, South America)

ပျမ်းမျှ နှစ်စဉ် မိုးရေချိန် ၁၁၇၇၀ မီလီမီတာရှိပြီး ၎င်းဒေသတွင် မိုးရာသီ ၂ ခုရှိပါတယ်။ ထို့ကြောင့် တစ်နှစ်ပတ်လုံးမိုးရွာသွန်းမှုဟာလည်း အလွန်များလှပါတယ်။ အနီးအနားရှိ ကွတ်ဘ်ဒိုမြို့သည် ကမ္ဘာပေါ်တွင် အန် ဓာတ်အများဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။

(၂) ချယ်ရာပန်ဂျီ၊ မက်ဂယ်လာရာပြည်နယ်၊ အိန္ဒိယ (Cherrapunji, Meghalaya State, India)

ပျမ်းမျှ နှစ်စဉ် မိုးရေချိန် ၁၁၇၇၇ မီလီမီတာရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် အစိုစွတ်ဆုံးနေရာဖြစ်ပါတယ်။ သို့ပေမဲ့ ထူးဆန်းသည်မှာ ၎င်းရွာရှိ ဒေသခံများဟာ ဆောင်းတွင်းတစ်လလျှင် တစ်လလုံး မိုးမရွာဘဲ ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါတယ်။

စိုစွတ်သောရာသီတွင် မိုးရွာသွန်းမှုသည် တစ်ခါတစ်ရံ ၁၅ ရက်မှ ၂၁ ရက်အထိ ဆက်တိုက်ရွာသွန်း‌ေလ့ရှိပါတယ်။ ၎င်းဒေသဟာ ရေတံခွန်များ၊ တောင်ကုန်းများနှင့် သစ်အမြစ်တံတား များကြောင့် ထင်ရှားကျော်ကြားလှပါတယ်။

(၁) မာဆင်းရမ်၊ မက်ဂယ်လာရာပြည်နယ်၊ အိန္ဒိယ (Mawsynram, Meghalaya State, India)

ပျမ်းမျှ နှစ်စဉ်မိုးရေချိန် ၁၁၈၇၁ မီလီမီတာရှိပြီး ချယ်ရာပန်ဂျီမှ ၁၅ ကီလိုမီတာအကွာတွင်တည်ရှိပါတယ်။ နေရောင်ခြည် ကျရောက်မှု အလွန်နည်းသော ဒေသလည်းဖြစ်ပါတယ်။ ထူးထူးခြားခြား ၁၉၈၅ ခုနှစ်တွင် မိုးရေချိန် လက်မ ၁၀၀၀ အထိ ရွာသွန်းခဲ့ပြီး ကမ္ဘာ့မိုးအများဆုံး အစိုစွတ်ဆုံးဒေသအဖြစ် ဂင်းနစ်မှတ်တမ်းတွင် စံချိန်တင်ခဲ့ပါတယ်။

ရွာသားများဟာ မိုးဒဏ်မှကာကွယ်နိုင်ရန် ၎င်းတို့၏ အိမ်ခေါင်မိုးများကို မြက်များဖြင့် အကာအကွယ်ပြုလုပ်ထားကြပါတယ်။ မာဆင်းရမ်ရွာရဲ့ တည်နေရာဟာ ဘင်္ဂလားဒေ့ရှ်နှင့် ပင်လယ်အော်တို့နှင့် နီးကပ်စွာ တည်ရှိတာကြောင့် မိုးသည်းထန်စွာရွာ သွန်းခြင်းဖြစ်သည်ဟု မိုးလေ၀သပညာရှင်များက ပြောကြားကြပါတယ်။

ကမ္ဘာပေါ်က အစိုစွတ်ဆုံး‌နေရာများအကြောင်းကို ဗဟုသုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published.