အိုစမာဘင်လာဒင်ကို ဘယ်လိုရှာ‌ဖွေ သုတ်သင်ခဲ့သလဲ

အိုစမာဘင်လာဒင်ကို ဘယ်လိုရှာ‌ဖွေ သုတ်သင်ခဲ့သလဲဆိုတာ

SEAL အဖွဲ့ဆိုရင် တော်တော်များများက အမေရိကန်တပ်သားတွေကို မျက်စိထဲ ပြေးမြင်ကြမှာပါ။ ဟုတ်ပါတယ် သူတို့က ဘင်လာဒင် ဒီခြံဝင်းထဲမှာရှိနေတာကို အတိအကျ သိထားပါတယ်။

၂၀၁၁ခုနှစ်၊ မေလ ၂ ရက်နေ့မှာပါ။ အမေရိကန်တပ်ဖွဲ့တွေဟာ ပါကစ္စတန်က မြိုတစ်မြို့ရဲ့ ခြံဝန်းတခုကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ ဒီစစ်ဆင်ရေးအကြောင်းကို ပင်တဂွန်က အခုလိုပြောပါတယ် ” ကျနော်တို့အဖွဲ့ကအဲ့နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ သူ (ဘင်လာဒင်) ကခုခံပါတယ်။
ဒါပေမဲ့ကျနော်တို့အဆုံးသတ်နိုင်ခဲ့ပါတယ်။” ဒီလိုနဲ့ အိုစမာဘင်လာဒင်ကို အမဲလိုက်ခြင်းဟာ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုရှာဖွေဖို့ အမေရိကန်ဟာ ၁၀ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ဘာကြောင့်ပါလဲ

အိုစမာဘင်လာဒင်ဟာ သူ့မျက်နှာကို ဘယ်တော့မှ လူမြင်မခံပါဘူးတဲ့။ သူဟာ အယ်ကိုင်ဒါတွေဆီပြေးသွားခဲ့ပြီး စိတ်ချရတဲ့ ဆက်သားနဲ့သာ အလုပ်လုပ်ပါတယ်။ CIA က ဆက်သားလုပ်သူရဲ့ သဘောသဘာဝကိုလေ့လာရင်း ဆက်သားတယောက်ကို နောက်ယောင်ခံနိုင်ခဲ့ပါတယ်။

သူကတော့ Abu Ahmed al- Kuwaiti ပါ။ ၂၀၀၇ ခုနှစ်မှာ CIA ဟာ သူ့ရဲ့အမည်ရင်းကို သိရှိရပါပြီ။ ၂၀၀၉ ခုနှစ်မှာတော့ ဒီ al- Kuwaiti ကို ပါကစ္စတန်နိုင်ငံရဲ့ အဘူတာဘတ် (Abbottabad) မြို့ မှာရှိကြောင်း သိလိုက်ရပါတယ်။

CIA ဟာသူ့လှုပ်ရှားမှုကို စောင့်ကြည့်ခဲ့ပါတယ်။ al-Kuwaiti ဟာ အခိုင်အမာတည်ဆောက်ထားတဲ့ ခြံဝန်းတခုကို ပုံမှန်သွားရောက်လေ့ရှိတာကို CIA ကသတိထားမိပါတယ်။ ဒီခြံဟာ အဘူတာဘက်မြို့ပြင်မှာ ရှိပါတယ်။ ခြံထဲကိုမမြင်နိုင်အောင်ပြုလုပ် ထားပါတယ်။ CIA ဟာ ဂြိုလ်တုဓါတ်ပုံများနဲ့ ထောက်လှမ်းရေးသတင်းများကို သုံးပြီး စီစစ်ကြပါတယ်။

ဒီအိမ်ဟာ သေသေခြာခြာ တည်ဆောက်ထားတယ် ဆိုတာကို သတိပြုမိကြပါတယ်။ ဒီအိမ်မှာ တစုံတယောက်ရှိနေတယ်လို့ ကောက်ချက်ချနိုင်ခဲ့ပါပြီ။ ဒါဘယ်သူဖြစ်နိုင်မလဲ။၊ဘယ်သူဆိုတာကိုတော့ အေဂျင်စီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဘင်လာဒင်ဖြစ်နိုင်တယ်လို့တော့ မှန်းဆနိုင်ပါပြီ။ လုပ်ပိုင်ခွင့်ကို သမ္မတအိုဘားမား က ခွင့်ပြုဖို့လိုပါတယ်။ အိုဘားမားက “ဒါဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ရတာပါ။ ဘာကြောင့်လဲဆိုတော့ အထောက်အထားက သိပ်သေချာတာတော့မဟုတ်ဘူး” လို့ပြောပါတယ်။

ဒါပေမဲ့ စစ်ဆင်ရေးကို ခွင့်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးလဲဖြစ် ပူးတွဲဥက္ကဌလဲဖြစ်တဲ့ Mick Mullan ကလဲ သတိထားရမဲ့ စစ်ဆင်ရေးဖြစ်ကြောင်းမှတ်ချက်‌ပြုပါတယ်။ သူက ဒီစစ်ဆင်ရေးဟာ ၅၅ ရာခိုင်နှုန်းသာရှိကြောင်း ထောက်ပြပါတယ်။

ဘယ်လိုပဲဖြစဖြစ် စစ်ဆင်ရေးကစပါပြီ။ စစ်ဆင်ရေး လျှို့ဝှက်အမည်က Neptune Spear ပါ။ SEAL အဖွဲ့သား ၂၄ ယောက်ဟာ ရဟတ်ယာဉ်နှစ်စီးနဲ့ စတင်ပျံသန်းလာခဲ့ပါတယ်။ ရေဒါဖမ်းမမိအောင် ရှောင်ကွင်းပျံသန်းခဲ့ပါတယ်။

ခြံဝန်းဟာ ၁၈ ပေမြင့်တဲ့နံရံများကာရံထားပါတယ်။ထိပ်ဖျားမှာလဲ သံဆူးကြိုးလိပ်တွေအပြည့် ကာထားပါသေးတယ်။ လေသာဆောင်ကလဲ ၇ ပေ အမြင့်ရှိတဲ့ အရံအတားနဲ့ ဆောက်ထားတာပါ။ ဒါက အတွင်းပိုင်းကို မမြင်နိုင်အောင်လုပ်ထားတာပါ။ တကယ့်ကိုပုံစံကျ တည်ဆောက်ထားမှုတခုပါ။

ဒါပေမဲ့ SEAL အဖွဲ့သားတွေက အာဖဂန်မှာ ပုံစံတူ လေ့ကျင့်မှုတွေ အထပ်ထပ်ပြုလုပ်ခဲ့ပြီးပါပြီ။ ဒါကြောင့်အဆောက်အဦထဲမှာ ဘယ်လိုသွားလာ လှုပ်ရှားရမယ်ဆိုတာ သိနေပါတယ်။

စစ်ဆင်ရေးစတင်ဖို့ အမှောင်ဆုံးအချိန်ကိုရွေးချယ်ပါတယ်။ ညကြည့်ကရိယာများကို သူတို့ရဲ့ခေါင်းဆောင်းမှာ တပ်ဆင်ထားပါတယ်။ သူတို့ခြံဝန်းထဲကို ဝင်ရောက်ခဲ့ပါတယ်။ ခုခံသူ ဘယ်သူ့ကိုမဆို ပစ်ခတ်ချေမှုန်းပါတယ်။ အယ်ကိုင်ဒါလေးယောက်သေပါတယ်။

မိန်းမတွေကလေးတွေကို ဘေးကင်းရာမှာ ထားပါတယ်။ သူတို့ကိုအပြင်ကို‌ ခေါ်ထုတ်တာပါ။ ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များကို သိမ်းဆည်းပါတယ်။ ဖုန်းတွေ hardic drive တွေအပါအဝင်ပေါ့။ သူတို့အားလုံး ဘင်လာဒင် ရှိမရှိ သေချာမသိသေးပါဘူး။ ဒီလိုနဲ့အိမ်ရဲ့ တတိယထပ်အထိ ရောက်ခဲ့ပါတယ်။ ဘင်လာဒင်ကိုတွေ့ပါပြီ။ သူ့ကိုလျင်လျင်မြန်မြန်ပဲ ပစ်ခတ်ခဲ့ပါတယ်။

ခေါင်းဆောင်ဖြစ်သူက ရေဒီယိုမှတဆင့် စကားဝှက်ကို အစီရင်ခံလိုက်ပါတယ်။ စကားဝှက်ရဲ့အဓိပ္ပါယ်က မစ်ရှင်အောင်မြင်ပြီလို့ ဆိုလိုတာပါ။ စစ်ဆင်ရေးကို သမ္မတ ကိုယ်တိုင်အိမ်ဖြူ‌တော်က တိုက်ရိုက်ကြည့်ရှုနေတာပါ။ သူ့ကိုရပြီကွလို့သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ စစ်ဆင်ရေးတခုလုံးဟာ မိနစ်လေးဆယ်သာ ကြာပါတယ်။

တိုက်ခိုက်ရတာက ၁၅ မိနစ်သာ ကြာပါတယ်။ ဘင်လာဒင်ရဲ့အလောင်းကို Chinook ဟယ်လီကော်ပတာနဲ့ သယ်ဆောင်သွားပါတယ်။ DNA စစ်ဆေးချက်နဲ့ ဘင်လာဒင် ဟုတ်မဟုတ် အတည်ပြုချက် ရယူပါတယ်။ လေယာဉ်သင်္ဘော Carl Vison နဲ့ သယ်ယူပြီး ပင်လယ်ထဲမှာ သင်္ဂြိုလ်လိုက်ပါတယ်။ မြောက်အာရေးဗျ ပင်လယ်ရဲ့တစ်နေရာမှာ အမေရိကန်ရဲ့ ရန်သူကြီးတစ်ယောက် အနားယူသွားခဲ့ပါပြီ။

အခုတင်ပြခဲ့တဲ့အထဲမှာ သူ ( SEAL ) တို့သုံးခဲ့တဲ့ ရဟတ်ယာဉ်တစ်စီး ဆုံးရှုံးခဲ့ပါတယ်။ ဒီအကြောင်းကို အလျဉ်းသင့်ရင် ဆက်လက်တင်ပြပါအုံးမယ်။

Leave a Reply

Your email address will not be published.