SU-35 သို့မဟုတ် အသုံးမကျသော တန်ဖိုးမြင့်လေယာဉ်

SU-35 သို့မဟုတ် အသုံးမကျသော တန်ဖိုးမြင့်လေယာဉ်

SU-35 လေယာဉ်ဆိုတာနဲ့ ရုရှားရဲ့ ပဉ္စမမျိုးဆက် နည်းပညာမြင့် တိုက်လေယာဉ်လို့သိကြမှာပါ။ ဒါပေမဲ့ ယူကရိန်းမှာတော့ ပစ်ချခံလိုက်ရပါတယ်။ စစ်ပွဲအတွင်း လေယာဉ်ပစ်ချခံရတာ မဆန်းပေမဲ့ ဒီ SU-35 သို့မဟုတ် အသုံးမကျသော တန်ဖိုးမြင့်လေယာဉ် လေယာဉ်ပစ်ချခံရတယ် ဆိုတာကတော့ လက်နက်နဲ့ နည်းပညာနယ်ပယ်မှာ ဂယက်ကြီးကြီး ထသွားပါတယ်။

ယူကရိန်းအရှေ့ပိုင်းက အီဇူရမ် နားမှာပါ။ ယူကရိန်းကာကွယ်ရေးအဖွဲ့က‌ အွန်လိုင်းမီဒီယာကနေ ထုတ်ပြန်ရာမှာတော့ ဒါဟာ SU 35 ကိုတင်မကပဲ အင်ပါယာတစ်ခုလုံးကို ပစ်ချနိုင်ခဲ့တာ လို့ဆိုပါတယ်။

ပိုင်း‌လော့ဟာ ခုန်ထွက်နိုင်ခဲ့ပေမဲ့ ယူကရိန်းရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ကျွမ်းကျင်သူများရဲ့ စစ်မြေပြင်အတွင်း စစ်ဆေးတွေ့ရှိချက်အရ လေယာဉ်ဟာ SU 35 ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီသတင်းဟာ ရုရှားအဖို့တော့ အိမ်မက်ဆိုးတစ်ခုပါ။

SU 35 ဟာ နည်းပညာမြင့် မျိုးဆက်သစ် တိုက်လေယာဉ် ဖြစ်ပါတယ်။ သူ့ရဲ့ rating က 4++ ပါ။Supermaneurable ပြုလုပ်နိုင်တဲ့အမျိုးအစားပါ။ ရုရှားလေတပ်က ဒါကိုဂုဏ်ယူဝင့်ကြွားခဲ့ကြပါတယ်။

ရုရှားလေတပ်မှာ SU 35 ၁၀၃ စင်းတာဝန်ထမ်းဆောင်နေပါတယ်။ တစီးကို ဒေါ်လာသန်း ၅၀ တန်ကြေးရှိပါတယ်။ အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး အဆင့်မြင့် အီလက်ထရောနစ် နည်းစနစ်တွေ သုံးထားပါတယ်။ Digital information control system နဲ့ ရေဒါနည်းပညာအသစ်ကိုလဲ သုံးထားတယ်လို့ဆိုပါတယ်။

သူဟာ ပစ်မှတ် ၈ ခုကို တစ်ပြိုင်တည်း ချိန်ထားနိုင်ပါတယ်။ တစ်ယောက်မောင်းအမျိုးအစားဖြစ်ပြီး အမြန်နှုန်းက တစ်နာရီကို မိုင် ၁၅၀၀ အထိ မောင်းနှင်နိုင်ပါတယ်။ မိုင် ၂၂၀၀ အကွာအဝေးအထိ ပျံသန်းတိုက်ပွဲဝင်နိုင်ပါတယ်။ ရုရှားလေတပ်မှာ ၂၀၁၄ ကစပြီး အသုံးပြုခဲ့ပါတယ်။

သူ့မှာတပ်ဆင်ထားတဲ့ လက်နက်တွေကတော့ လေယာဉ်ခြင်းပစ် ဒုံးကျည်၊ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်တွေအပြင် လေဆာလမ်းညွှန်၊ ဂြိုလ်တုလမ်းညွှန် ဗုံးများပါတပ်ဆင်နိုင်ပါတယ်။

ပစ်မှတ်ရဲ့ အချက်အလက်များကိုလဲ data link ကတဆင့်အခြားလေယာဉ်များကို မျှဝေနိုင်ပါတယ်။ thrust vectoring engine ကိုသုံးထားပြီးပျံသန်းမယ်ဆိုရင် စက်ဝိုင်းပုံကျဉ်းမြောင်းစွာပျံသန်းနိုင်ပါတယ်။ ဒီလိုပျံသန်းနိုင်ဖို့ အခြားလေယာဉ်များအတွက် မလွယ်ကူပါဘူး။

ခုတော့ဒီလိုအစွမ်းထက် လေယာဉ်ဟာ ပစ်ချခံလိုက်ရပါပြီ။ ဒီလေယာဉ်ကို ဘယ်လိုအမျိုးအစား ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဖြစ်နိုင်ဆုံး ခန့်မှန်းကြတာကတော့ S-300 လေကြောင်းကာကွယ်ရေးဒုံးကျည်ဖြစ်ပါတယ်။

ဒီဒုံးကျည်စနစ်ဟာ ရုရှားရဲ့ ဆိုဗီယက်‌ခေတ်တ်က ဟောင်းနွမ်းနေတဲ့ စနစ်တစ်ခုဖြစ်နေပြန်ပါတယ်။ စနစ်ဟောင်းဒုံးကျည်တစ်ခုက ခေတ်သစ်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့တာပါ။ ဒါဟာအရာရာကို ပြောင်းလဲစေခဲ့ပါပြီ။

SU 35 တွေကို ရုရှားက ဆီးရီးယားစစ်မြေပြင်မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပါတယ်။၂၀၁၀ မှာပါ။ ခုတော့ တစ်စီး ယူကရိန်းမှာ ပစ်ချခံလိုက်ရပါပြီ။ ဒါဟာတရုပ်ကို ရှော့ရစေပါတယ်။ တရုပ်ဟာ ရုရှားရဲ့ SU 35 ကို ၂၄ စီးအထိ ဝယ်ယူခဲ့တာပါ။

တရုပ်ဟာ ရုရှားရဲ့ ဒုတိယ အကြီးဆုံး ဝယ်ယူသူပါ။ သူနောက်ထပ်ဝယ်မယ်မထင်တော့ပါ။ အီဂျစ်ကလဲ SU 35 ၁၇ စီးဝယ်ပါတယ်။ တခြား ဖေါက်သည်တွေကတော့ အယ်ဂျီးရီးယားနဲ့ အိန္ဒိယပါ။ ယူအေအီးကလဲ ဝယ်ယူဖို့ စီစဉ်ထားပေမဲ့ ခုဖြစ်ရပ်ကြောင့် မသေချာတော့ပါ။

၂၀၂၁ ရဲ့ ဂျူလိုင်လထဲမှာ SU 35 တစ်စီး ပျက်ကြခဲ့ဘူးပါတယ်။ ရုရှားမှာ လေ့ကျင့်နေတုန်းကပါ။ ရုရှားအပြောကတော့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်လို့ ဆိုပါတယ်။ ခုတော့ ဒေါ်လာ သန်း ၅၀ တန်လေယာဉ်ဟာ ပစ်ချခံရခြင်းနဲ့အတူ မျိုးဆက်တစ်ခုလုံးရဲ့အနာဂတ်ဟာ မရေရာတော့ပါဘူး။

ဒါကြောင့်လဲ ယူကရိန်းဟာ လေယာဉ်တစ်စီးတင်မကဘဲ အင်ပါယာတစ်ခုလုံးကိုပစ်ချခဲ့တာလို့ ဟစ်ကြွေးလိုက်တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *