ဥရောပတိုက်ကို မိနစ်ပိုင်းအတွင်း စိစိညက်ညက်ကျေသွားစေမည့် Sarmat

ဥရောပတစ်လုံးတိုက်ကို မိနစ်ပိုင်းအတွင်း စိစိညက်ညက်ကျေသွားစေမည့်Sarmat

ရုရှားဟာ RS-28 Sarmat (ICB-Inter-Continental Ballistic)အမည်ရှိ တိုက်ချင်ပစ် နျူကလီးယားဒုံးကျည်အသစ်တစ်မျိုးကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ရုရှားစစ်ဘက်က ဧပြီ ၂၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

အဆိုပါ ဒုံးကျည်ဟာ နိုင်ငံမြောက်ပိုင်းရှိ Plesetsk Cosmodrome မှ စမ်သပ်ပစ်ခတ်ခဲ့ပြီး တစ်နိုင်ငံလုံးကို‌ ကျော်ဖြတ်ကာ ရုရှားနိုင်ငံ အရှေ့ဖျား ကမ်ချက်တာ(Kamchatka)ကျွန်းရှိ ပစ်မှတ်များကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်မှုအတွက် ရုရှားစစ်တပ်ကို ဂုဏ်ပြုကြောင်းနှင့် ရုရှားရဲ့ နျူကလီးယားထိပ်ဖူးတပ် ပစ်လွှတ်လိုက်တဲ့ဒုံးကျည်အသစ်ဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်တယ်လို့လည်း ချီးကျူးပြောဆိုခဲ့ပါတယ်။

ရုရှားစစ်တပ်ရဲ့ နျူကလီးယားတပ်ဖွဲ့များဟာ RS-28 Sarmat တိုက်ချင်းပစ်နျူကလီးယား ပဲ့ထိန်းဒုံးကျည်အသစ်များကို ယခုနှစ်အတွင်း တပ်တော်ဝင် အသုံးပြုတော့မည်ဖြစ်ကြောင်း သိရပါတယ်။

ရုရှားဟာ ကမ္ဘာပေါ်မှာ အရွယ်အစားအကြီးဆုံးဖြစ်တဲ့ PC-20B Satan ဆိုတဲ့ တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်များကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သို့သော် အဆိုပါ ဒုံးကျည်များဟာ သက်တမ်းအိုဟောင်းနေပြီဖြစ်လို့ Sarmat ဒုံးကျည်အသစ်များဖြင့် အစားထိုးဖို့ စီစဉ်ခဲ့တာပါ။

ယခု စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ Sarmat ဒုံးကျည်တစ်စင်းဟာ နျူကလီးယားလက်နက်ထိပ်ဖူး အလေးချိန် ၁၀ တန်အထိ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ အကြီးစား နျူလက်နက်ထိပ်ဖူး ၁ဝ လုံး၊ ဒါမှမဟုတ် အငယ်စား နျူလက်နက်ထိပ်ဖူး ၁၅ လုံးအထိ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ရုရှားရဲ့ နျူလက်နက် ဒုံးကျည်များထဲမှာ တော့ အရွယ်အစားအကြီးဆုံးနှင့် စွမ်းအားမြင့် ပြိုင်ဘက်ကင်း အပြင်းထန်ဆုံး ဒုံးကျည်ပဲ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဂျာမနီအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ နျူးကလီးယားဒုံးကျည်တွေ ဖြန့်ကြက်နေရာချထားကာ မိမိတို့ကို ခြိမ်းခြောက်‌နေတာကြောင့် Sarmat တိုက်ချင်းပစ်နျူကလီးယားဒုံးကျည်ကို တီထွင်ထုတ်လုပ်ရခြင်းဖြစ်တယ်လို့ ရုရှားက ပြောကြားထားပါတယ်။

ရုရှားရဲ့ Sarmat ဒုံးကျည်တစ်စင်းဟာ အင်္ဂလန်နှင့်ဝေးလ် နှစ်နိုင်ငံပေါင်းကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပါတယ်။ အကွာအဝေး ကီလိုမီတာ ၁၈၀၀၀ အထိ ရောက်ရှိနိုင်တာကြောင့် အမေရိကန်ရဲ့ မြို့ကြီးများကို လည်းတိုက်ခိုက်ချေမှုန်းနိုင်စွမ်း ရှိပါတယ်။

Sarmat ဒုံးကျည်ရဲ့ လက်နက်ထိပ်ဖူးများဟာ ပစ်မှတ်ဆီကို ဦးစိုက်ကျဆင်းလာချိန်မှာ အမြန်နှုန်းက အသံထက် ၂ဝ ဆနီးပါး ပိုမြန်ပါတယ်။ ဒါ့ကြောင့် ဒုံးခွင်းဒုံးများနဲ့ ကြားဖြတ်ပစ်ချရန် လုံးဝနီးပါ မဖြစ်နိုင်ပါဘူး။

ပစ်မှတ်တိကျမှုကလည်း ယခင် ဒုံးကျည်များထက် သိသိသာသာ ပိုမိုကောင်းမွန်လာပါတယ်။ မြောက်ဝင်ရိုးစွန်းက‌နေ တောင်ဝင်ရိုးစွန်းဒေသများကို ဖြတ်ကျော် တိုက်ခိုက်နိုင်တဲ့အတွက် ဒုံးခွင်းဒုံးများရှိတဲ့ နေရာများကိုလည်း ရှောင်ရှားနိုင်စွမ်းရှိကြောင်း ဖော်ပြလိုက်ပါတယ်ခင်ဗျား။

Knight News Team

Leave a Reply

Your email address will not be published.