Lockheed Martin ကုမ္ပဏီအကြောင်း တစေ့တစောင်း

Lockheed Martin ကုမ္ပဏီအကြောင်း တစေ့တစောင်း

နိုင်ငံအသီးသီးမှာ စစ်လက်နက်ပစ္စည်းတွေကို သူ့ထက်ငါ ခေတ်မီအောင် အပြိုင်အဆိုင် ထုတ်လုပ်နေကြပါတယ်။ ဒီလိုထုပ်လုပ်ကြတဲ့အထဲက အမေရိကန်ရဲ့နာမည်ကျော် ကုမ္ပဏီကြီးဖြစ်တဲ့ လောခ်ဟိ မာတင်(Lockheed Martin)ကုမ္ပဏီ အကြောင်း လက်လှမ်းမီသလောက် ဖေါ်ပြလိုက်ပါတယ်။

Lockheed Martin ကုမ္ပဏီဟာ အမေရိကန်နိုင်ငံ မေရီလင်းပြည်နယ် Bethesda မြို့မှာ တည်ရှိပါတယ်။ လက်နက်မျိုးစုံ၊ကာကွယ်ရေးပစ္စည်းမျိုးစုံ၊ သတင်းလုံခြုံမှုဆိုင်ရာ စက်ပစ္စည်းများ၊ အာကာသယာဉ်များနဲ့ ခေတ်ပေါ် တိုက်လေယာဉ်များကို ထုတ်လုပ်ပြီး ကမ္ဘာအနှံ့အပြားတင်ပို့ရောင်းချပါတယ်။

ဝန်ထမ်းအင်အားအနေနဲ့ ၂၀၂၂ စာရင်းအရ ၁၁၅၀၀၀ ရှိပါတယ်။ ၂၀၂၀ တစ်နှစ်အတွင်းအမြတ်ငွေ အမေရိကန်ဒေါ်လာ ၆၅.၄ ဘီလီယံ ရှိပါတယ်။

ထင်ရှားတဲ့ ထုတ်ကုန်တွေကတော့ Atlas V Launch Vehicle တွေ C-130 Super Hercules လေယာဉ်နဲ့ F-35 Lighting ll တို့ ဖြစ်ပါတယ်။ စတင်ဖွဲ့စည်းတာက ၁၉၉၅ ခုနှစ်မှာဖြစ်ပြီး ထင်ရှားတဲ့ ရှယ်ယာရှင်တွေကတော့ Marrillyn Hewson, Daniel Akerson, Scott Greene, State Street Corp.,Vanguard Group Inc. နဲ့ Black Rock Inc. တို့ဖြစ်ပါတယ်။

Lockheed Martin ဟာ ဘာ့ကြောင့်ထင်ရှားရသလဲဆိုရင် သူ့ရဲ့သု‌ တေသနပြုမှု၊ တီထွင်ဖန်တီးနိုင်မှု၊ ဆန်းသစ်တဲ့ဒီဇိုင်း မြင့်မားတဲ့နည်းပညာတွေအပြင် ဒီနည်းပညာတွေကို တိုးတက်အောင် အမြဲကြံဆနေပြီး လုံခြုံစိတ်ချရအောင်လဲ အမြဲသတိရှိနေတတ်လို့ပါတဲ့။

ထုတ်လုပ်ခဲ့သမျှထဲမှာ F-16 Fighting Falcon ဟာဆိုရင် ဘက်စုံသုံးတိုက်လေယာဉ်အဖြစ် ယခုထိ အသုံးဝင်နေဆဲဖြစ်သလို P-3 Orion ရေတပ်ကင်းထောက်လေယာဉ်ဟာလဲ အသုံးတဲ့ပါတယ်။

Lockheed Martin ဟာ Boeing ကုမ္ပဏီ Raytheon ကုမ္ပဏီတို့လို အခြားကုမ္ပဏီ များနဲ့လည်း နည်းပညာနယ်ပယ် ထုတ်လုပ်မှု နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။

ဒီလုပ်ငန်းစဉ်ကလဲ အကျိုးအမြတ်ကို ဖြစ်ထွန်းစေပါတယ်။ ခန့်မှန်းတွက်ချက်မှုတွေအရ ၂၀၂၄ မှ ၂၀၂၆ အတွင်း Boeing ဟာ ဒေါ်လာ ဘီလီယံ ၁၀၀ အထိရနိုင်ဖွယ်ရှိပြီး Lockheed Martin ကတော့ ၈၁.၅ ဘီလီယံအထိ ရနိုင်ပါတယ်။

မှတ်တမ်းများအရ Lockheed ကထုပ်တဲ့ F-35 ဟာ နံပါတ်တစ် ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးအဖြစ် သတ်မှတ်ကြပါတယ်။ ( F-22 ဟာ အခြားနိုင်ငံကိုရောင်းချမှုမရှိလို့ သူ့ကိုထဲ့တွက်ခြင်းမရှိလို့ထင်ပါတယ်)။

TR3-B Black Manta တို့လို X-44 Manta တို့လို လျှို့ဝှက် နည်းပညာမြင့် လေယာဉ်ဆန်းများကို ဖန်တီးနေတဲ့ Aurora စီမံကိန်းဟာလဲ ဒီဇိုင်းပိုင်းဆိုင်ရာမှာ Lockheed Martin ရဲ့ လက်စလက်နတွေ ပါဝင်လေ့ရှိပါတယ်။

အခုတင်ပြခဲ့တာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Lockheed Martin အကြောင်း တစေ့တစောင်း ဖြစ်ကြောင်းပါ။

Leave a Reply

Your email address will not be published.