ယူကရိန်းနှင့် တစ်သားတည်းရှိသည့်အနေဖြင့် စပိန်ရှိ ရွာတစ်ရွာ ယူကရိန်းဟု အမည်ပြောင်း
စပိန်နိုင်ငံမှ ဆီးဗီးလ်လားမြို့အရှေ့ဘက်နားက အေးချမ်းတဲ့ရွာလေးတစ်ရွာဟာ မိုင်ပေါင်း ၂,၅ဝဝ အကွာက ယူကရိန်းနိုင်ငံနဲ့ တစ်သားတည်းရပ်တည်ကြောင်းပြတဲ့အနေနဲ့ ရွာနာမည်ကို ယူကရိန်းလို့ ပြောင်းလဲလိုက်ပါတယ်။
ရွာထဲကိုဝင်တဲ့ အဝင်ဝလမ်းမှာ အရင်ကပေးထားတဲ့ Fuentes de Andalucia ဆိုတဲ့ နာမည်အစား ယူကရိန်းဆိုတဲ့ နာမည်က အစားထိုးဝင်ရောက်လာသလို အပြာနဲ့အဝါ တွဲစပ်ထားတဲ့ ယူကရိန်းနိုင်ငံတော်အလံကိုလည်း ဆွဲထားပါတယ်။
ရွာနာမည်ကိုတင်မဟုတ်ဘဲ ရွာလမ်းတွေရဲ့ နာမည်တွေကိုလည်း ကီယက်မြို့တော်၊ အိုဒက်ဆာ၊ မာရီယူပိုလ်စတဲ့ ယူကရိန်းက မြို့တွေရဲ့နာမည်တွေ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
“အဓိက ရည်ရွယ်ချက်ကတော့ ယူကရိန်းမှာ ပဋိပက္ခဖြစ်နေတာကို မီးမောင်းထိုးပြချင်တာပါ။
ဒါပေမဲ့လည်း လက်ရှိအချိန်မှာ ဘယ်နိုင်ငံတွေမှာ စစ်ဖြစ်နေလဲဆိုတာ ပြချင်တာလည်း ပါပါတယ်”လို့ ကီယက်မြို့တော်လို့ နာမည်ပြောင်းထားတဲ့ လမ်းပေါ်မှာ ရပ်နေတဲ့ ဖရန်ဆီယိုမာတီနက်ဇ်ဆိုတဲ့ ရွာသားတစ်ဦးက ဆိုပါတယ်။
ဒီလိုနာမည်ပြောင်းတာဟာ အပြသဘောသက်သက်မဟုတ်ဘဲ ရွာသားတွေဟာ ဒုက္ခသည်စခန်းတစ်ခု ဖွင့်လှစ်ဖို့ နှစ်ရက်အတွင်း ယူရို ၃,၅၀၀ လောက် ငွေစုဆောင်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဖြစ်နိုင်ရင် ယူကရိန်းဒုက္ခသည် ၂၅ ယောက်လောက်ကို စခန်းမှာဖြစ်ဖြစ် မိသားစုတွေနဲ့ဖြစ်ဖြစ် လက်ခံသွားဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။
Source-Pyi Myanmar
ရွာနာမည်ကိုတင်မဟုတ်ဘဲ ရွာလမ်းတွေရဲ့ နာမည်တွေကိုလည်း ကီယက်မြို့တော်၊ အိုဒက်ဆာ၊ မာရီယူပိုလ်စတဲ့ ယူကရိန်းက မြို့တွေရဲ့နာမည်တွေ ပြောင်းလဲ သတ်မှတ်လိုက်တာ လေးစားစရာပါ။