ဆွီဒင် နဲ့ Gripen
Saab JAS-39 Gripen လေယာဉ်ဆိုတာ ဆွီဒင်နိုင်ငံရဲ့ ကိုယ်ပိုင်တီထွင်ထုတ်လုပ်ခဲ့တဲ့ ဖိုက်တာဂျက်တစ်မျိုးပါ။ သူက အင်ဂျင်တစ်လုံးတပ် လေယာဉ်ဖြစ်ပြီး ကိုယ်ပျောက်အမျိုးအစား မဟုတ်ပါဘူး။
ဒါပေမဲ့ ဒါဇင်ဝက်လောက်ရှိတဲ့ နိုင်ငံတွေရဲ့ လေတပ်ကဏ္ဍမှာ ပါဝင်အသုံးပြုနေပါတယ်။
Gripen မျိုးဆက်ဟာ ၁၉၇၉ ခုနှစ်မှာ စတင်သန္ဓေတည် ခဲ့ပါတယ်။ သူ့ရဲ့အခြေခံလိုအပ်ချက်က ပေါ့ပါးပြီး အသံထက် နှစ်ဆ မြန်နှုန်းရှိဖို့ပါ။ ပြေးလမ်းတိုတိုအတွင်း တက်ဆင်းနိုင်ဖို့ပါ လိုအပ်ပါတယ်။
ဆွီဒင်ရဲ့ ရည်ရွယ်ချက်က အကယ်၍ ကျူးကျော်ခံရမယ်ဆိုရင် ဒီလေယာဉ်တွေကိုအလွယ်တကူ ဖြန့်ကျက်ချထားနိုင်ဖို့ပါ။ ဒါဆိုရင် လေယာဉ်များက နေရာစုံကနေ စစ်ပြိုင်ကစားနိုင်မှာ ဖြစ်ပါတယ်။
ပြိုင်ဆိုင်မှုများတဲ့ ဖိုက်တာလေယာဉ်လောကမှာ ကိုယ့်နိုင်ငံအတွက် ထုတ်လုပ်နိုင်တဲ့ နိုင်ငံဟာ အနည်းငယ်သာ ရှိပါတယ်။ (မှတ်ချက်။ အင်အားကြီးနိုင်ငံများကို မဆိုလိုပါ။)
ဆွီဒင်က ပုံစံထုတ်ရေးဆွဲသူများဟာ အခြားနိုင်ငံများရဲ့ (4th generation) တိုက်လေယာဉ်ပုံစံများကို လေ့လာကြပါတယ်။ အထူးသဖြင့် MIG-29 နဲ့ F14 တို့ပါ။ သူတို့က ကုန်ကျစရိတ်အတွက် ကိုယ်ပျောက်နည်းပညာကို မသုံးခြင်ပါ။
လေယာဉ်ရဲ့ ကုန်ကျစရိတ်နည်းပါးပေမဲ့ အစွမ်းထက်တဲ့အတွက် အခြားနိုင်ငံတွေရဲ့စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။
ပထမဆုံး JAS-39 ရဲ့ ပျံသန်းမှုကို ၁၉၈၈ ဒီဇင်ဘာမှာ စတင်ခဲ့ပါတယ်။ စတင်လုပ်ငန်းခွင်ဝင်တာကတော့ ၁၉၉၆ ခုနှစ်မှပါ။ Logo ကတော့ Saab ကုမ္ပဏီ Logo ဖြစ်ပြီး ဆွီဒင်လို Griffin လို့ အမည်ရပါတယ်။
သူဟာ အခြား 4th generation လေယာဉ်များနဲ့ သိသိသာသာ ကွဲပြားပါတယ်။ အရွယ်အစားသေးငယ်ပြီး တန်ဖိုးကလဲ နဲပါတယ်။
ခေတ်ပေါ်လေယာဉ်များနဲ့ယှဉ်ရင် ပြုပြင်ထိမ်းသိမ်းမှုကုန်ကျစရိတ်ကလဲ သက်သာလှပါတယ်။ လေယာဉ်မှူးများကြားမှာ မောင်းနှင်ထိန်းကျောင်းရလွယ်လို့ ဂုဏ်သတင်း မွှေးပါတယ်။
အဓိက အချက်ကတော့ လေယာဉ်မှူးရဲ့ ရှေ့မြင်ကွင်းတည့်တည့်က(easy-to-grasp display) ပါ။ သူက ရှုပ်ထွေးမှုမရှိစေဘဲ ပစ်မှတ်ကို ချိန်ရွယ်နိုင်ပါတယ်။
အင်ဂျင်အမျိုးအစားက Volvo flygmotor RM12 ပါ။ ဒါက General Electric ကထုပ်ပြီး F/A-18 မှာသုံးတဲ့ F404-GE -400 ရဲ့မျိုးကွဲတစ်ခုပါ။
လေယာဉ်မှာအသုံးပြုထားတဲ့ နည်းပညာများကတော့ ပြည်ပနည်းပညာများဖြစ်ပါတယ်။ နှစ်တွေကြာခဲ့ပြီးနောက်မှာတော့ ပြုပြင်မွမ်းမံမှုအသစ်တွေနဲ့အတူ Gripen ဟာ ပိုမိုခေတ်မီလာခဲ့ပါတယ်။ မူလက Model A နဲ့ B ကနေ C နဲ့ D အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါပြီ။
သူ့မှာ Meteor အမျိုးအစား ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တပ်ဆင်ထားပါတယ်။ မျက်မြင်အကွာအဝေးထက်ကျော်လွန်ပြီးခြေရာခံနိုင်တဲ့ဒုံးကျည်အမျိုးအစားပါ။ မိုင်၈၀ အကွာကပစ်မှတ်ကိုပစ်ခတ်နိုင်ပါတယ်။ C နဲ့ D လေယာဉ်များမှာ Meteor အမျိုးအစား ဒုံးကျည် ၄ ခုအထိ သယ်ဆောင်နိုင်ပါတယ်။
ခုလောလောဆယ်မှာ Saab ကုမ္ပဏီဟာ JAS-39 E/F Gripen NG မျိုးဆက်သစ်လေယာဉ်ကို စမ်းသပ်ထုပ်လုပ်နေပါပြီ။ ပထမဆုံး Gripen E အမျိုးအစား လေယာဉ်တွေဟာ ဘရာဇီးနဲ့ ဆွီဒင် လေတပ်တွေမှာတာဝန်ထမ်းဆောင်နေပါတယ်။
E/F မျိုးဆက်သစ်တွေဟာ ဝန်ပိုမိုတင်ဆောင်နိုင်ပြီး ပျံသန်းနိုင်တဲ့အကွာအဝေး ပိုများလာပါတယ်။Max take off weight က ပေါင် ၃၆၀၀၀ အထိရှိပါတယ်။
ဒါဟာ Cနဲ့D အမျိုးအစားရဲ့ဝန်တင်နိုင်မှုပမာဏ ၃၁၀၀၀ ထက် ပိုများလာတာပါ။ စုစုပေါင်းအနေနဲ့ ၄၀ ရာနှုံးအထိတက်လာပါတယ်။ ဆီကို ပိုမိုတင်ဆောင်နိုင်တဲ့အတွက် တိုက်ပွဲဝင်နိုင်မှု အချိန်နဲ့ အကွာအဝေးကလဲပိုထိရောက်လာပါတယ်။ E နဲ့ F မှာ meteor ဒုံးကျည် ၇ စင်းအထိ သယ်ဆောင်နိုင်လာပါတယ်။
After burner ကိုမသုံးဘဲနဲ့ Gripen ဟာ အသံထက် ၁.၂ အမြန်နှုန်းထိ ပျံနိုင်ပါတယ်။ Saab ဟာ Gripen လေယာဉ်များကို ဟန်ဂေရီ၊ ချက်နဲ့ ထိုင်းနိုင်ငံများကို တင်ပို့ရောင်းချခဲ့ပါတယ်။
ဘရာဇီးနဲ့ တောင်အာဖရိကကိုလဲ တင်ပို့ခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့နိုင်ငံများမှာ Gripen များဟာ ဝဲပျံနေကြပါတယ်လို့ တင်ပြလိုက်ရပါတယ်။
knight News