ကမ္ဘာ့ပထမဆုံး ရေငုပ်သွားလာနိုင်တဲ့ ရေပေါ်ရှပ်ပြေးယာဉ်

ကမ္ဘာ့ပထမဆုံး ရေငုပ်သွားလာနိုင်တဲ့ ရေပေါ်ရှပ်ပြေးယာဉ်

အီတလီနည်ပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ iSpace2o ကုမ္ပဏီကနေ ကမ္ဘာ့ပထမဆုံး ရေအောက်ငုပ်လျှိုးသွားလာနိုင်တဲ့ ရေပေါ်ရှပ်ပြေးယာဉ်များကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

အဆိုပါယာဉ်ကို Deepseaker DS1 လို့နာမည်ပေးထားပါတယ်။ ရေပေါ်မှာ ရှပ်ပြေးမောင်းနှင်နိုင်သလို ရေငုပ်သင်္ဘောကဲ့သို့လည်း ရေအောက်ကို ငုပ်လျှိုးသွားလာနိုင်ပါတယ်။ ရေပေါ်ဆို တစ်နာရီ ၄၃ မိုင်းနှုန်းနဲ့ မောင်းနှင်နိုင်ပြီး ရေအောက်ကိုလည်း ၁၆၄ ပေအထိ ငုပ်လျှိုးနိုင်ပါတယ်။

ဒီယာဉ်ဟာ ရေပေါ်ရှပ်ပြေးယာဉ်အားလုံးထဲမှာ ရေငုပ်နိုင်တဲ့ ပထမဆုံးအမျိုးအစားဖြစ်ပါတယ်။တစ်ခြား ဘယ်ရေပေါ်ရှပ်ပြေးယာဉ်မှ ရေအောက်မငုပ်လျှိုးနိုင်ဘူးလို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

ဒီ ရေပေါ်ရှပ်ပြေးယာဉ်ဟာ Hydrofoil အမျိုးအစားဖြစ်ပါတယ်။ Hydrofoil ဆိုတာကတော့ ယာဉ်ကိုယ်ထည်မှာ အတောင်ပံများ တပ်ဆင်ထားတာပါ။ အရှိန်မြင့်မောင်းနှင်တဲ့အခါ အတောင်ပံများဟာ ယာဉ်ကို ရေပေါ်ကြွတက်အောင် ပြုလုပ်ပေးထားပါတယ်။

Deepseaker DS1 ယာဉ်မှာ လူ ၄ ယောက်လိုက်ပါစီးနင်းနိုင်ပြီး အကန့်အသတ်မရှိ အောက်ဆီဂျင်ကို ထောက်ပံ့ပေးထားပါတယ်။ မော်တာနှစ်လုံးတပ် ရာနှုန်းပြည့်လျှပ်စစ်စွမ်းအင်သုံးယာဉ်လည်း ဖြစ်ပါတယ်။

ယာဉ်မှာ AI နည်းပညာသုံး မြေပုံလမ်းညွန်စနစ်ပါရှိပါတယ်။ အရေးပေါ်အခြေအနေမှာ ယာဉ်ကို ရေပေါ်ပြန်တက်နိုင်အောင်လဲ လေအိတ်များတပ်ဆင်ထားပါတယ်။ နောက်ပြီး ရေအောက်အသံစနစ်တွေ၊ရေအောက်မှာ ရိုက်လို့ရတဲ့ ကင်မရာတွေ၊အချက်ပြစ‌နစ်တွေ အားလုံးတပ်ဆင်ထားပါတယ်။

ယဉ်ကိုယ်ထည်လည်း နှစ်ထပ်ပြုလုပ်ထားပါတယ်။ ဒါ့ကြောင့် ယာဉ်ရဲ့ အပြင်ပိုင်းကို တိုက်မိခိုက်မိလို့ ပျက်စီးခဲ့ရင်တောင် အတွင်းပိုင်းကို မထိခိုက်အောင် ကာကွယ်ထားမှာ ဖြစ်ပါတယ်။

Deepseaker DS1 ရေပေါ်ရှပ်ပြေးယာဉ်ကို ဘယ်လိုအရာတွေအတွက် အသုံးပြုလို့ ကောင်းလဲဆိုလျှင် ခရီးသွား‌အော်ပ‌ရေတာများအတွက် ရေငုပ်သင်္ဘောငယ်များကဲ့သို့ အသုံးပြုနိုင်ပါတယ်။ စူပါဇိမ်ခံသင်္ဘောကြီးများတွင်လည်း ထားရှိထားရင် ကောင်းတယ်လို့ ဖော်ပြထားပါတယ်။

Knight News Team

World’s first submersible hydrofoil (DeepSeaker DS1 )

Leave a Reply

Your email address will not be published. Required fields are marked *