သာကောတို့ရဲ့ လေယာဉ်တင်သင်္ဘောအခြပြု ကိုယ်ပျောက်တိုက်လေယာဉ်သစ်

သာကောတို့ရဲ့ လေယာဉ်တင်သင်္ဘောအခြပြု ကိုယ်ပျောက်တိုက်လေယာဉ်သစ်

ယူကရိန်းအရေးကလဲ နှစ်ဝက်ကျော်ကာလထဲရောက်ရှိလာပါပြီ။ အနောက်နိုင်ငံများကလည်း ယူကရိန်းကို လက်နက်များထောက်ပံ့ပေးထားပါတယ်။

ပူတင်ကလည်း တတိယကမ္ဘာ ဖြစ်လာနိုင်တယ်လို့ပြောထားတာကြောင့် ဒီကနေ တတိယ ကမ္ဘာစစ်အထိ ရောက်လာမလားဆိုတာ ခန့်မှန်းရခက်ပါတယ်။

နိုင်ငံအသီးသီးကလဲ မိမိနိုင်ငံရဲ့ စစ်လက်နက်များကို အပြိုင်အဆိုင်ထုတ်ပြပြီး ကြိုတင်ပြင်ဆင်နေကြတာ သိသိသာသာရော မသိမသာနဲ့ပါ မြင်တွေ့ရပါတယ်။

အခုတင်ပြချင်တာကတော့ တရုတ်ရဲ့ ဖိုက်တာလေယာဥ်အသစ်တစ်မျိုးဖြစ်တဲ့ J-35 အကြောင်းပါ။ ဂြိုလ်တုဓါတ်ပုံများမှာတွေ့ရတာကတော့ တရုပ်ရဲ့ J-35 လေယာဥ်တွေဟာ J-15 flying shark လေယာဥ်များဘေးမှာ စီတန်းရပ်နားထားပါတယ်။

ဒါဟာ နှစ်စီးထဲရှိတဲ့ တရုပ်ရဲ့လေလေယာဥ်တင်သင်္ဘောပေါ်မှာ ဖြစ်ပါတယ်။ ပထမဆုံးတွေ့မြင်ရတာလဲ ဖြစ်ပါတယ်။ ဒီဓါတ်ပုံကို ၂၂ ရက် ၄ လပိုင်း ၂၀၂၂ ခုနှစ် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

J-35 ဟာ အမေရိကန်ရဲ့ F-35 ကို တုံ့ပြန်နိုင်ဖို့ J-20 Fighter များကို ထုတ်လုပ်အပြီးမှ ဆက်လက်ထုတ်လုပ်ခဲ့တဲ့ အမျိုးအစားတစ်ခုပါ။ပဉ္စမမျိုးဆက် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ကိုယ်ပျောက်နည်းပညာသုံးထားပါတယ်။

ပုံအရတော့ အင်ဂျင်တစ်လုံးတပ်လို့ ယူဆစရာ ရှိပါတယ်။ အမေရိကန်က F-22 raptor, F-117 nighthawk F-35 lightining ll တို့ ထုတ်လုပ်ခဲ့သလို ရုရှားကလဲ SU-57 Felon တို့ကို အပြိုင်ထုတ်လုပ်ခဲ့ပါတယ်။

ဒါ့ကြောင့်လဲ တရုပ်ဟာ J-20 Mighty Dragon အပြင် ဒီ J-35 ကကို ထုတ်လုပ်ခဲ့တာ ဖြစ်ပုံရပါတယ်။

သူ့ရဲ့အမည်ကတော့ J-35 Gyrfalcon ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သူ့ကို တိုက်ပွဲ၀င်လေ့ကျင့်ခန်းများ လုပ်ဆောင်ဖို့ သုံးပါတယ်တဲ့။

တိကျတဲ့အချက်အလက်များရရှိဖို့ ခက်ခဲလို့ ဒီလေယာဥ်အကြောင်း သေချာမသိရသေးပေမဲ့ တရုပ်ရဲ့နည်းပညာသူလျိုလုပ်နိုင်မှု အစွမ်းကြောင့် ထိုက်သင့်သလောက် စွမ်းရည်မြင့်မားမယ်လို့ ယူဆရပါတယ်။

ယူကရိန်းအရေးကြောင့် တရုပ်က ကျူးကျော်လာနိုင်မလားလို့ ပူပန်မှုမြင့်တက်နေတဲ့ ထိုင်၀မ်အတွက်ကတော့ တရုပ်ရဲ့ အပြုအမူဟာ စိတ်အနှောင့်အယှက် ဖြစ်စရာပါ။

ကျနော်တို့အတွက်တော့ ကမ္ဘာမြေငြိမ်းချမ်းပါစေလို့ ဆုတောင်းယုံဘဲ တတ်နိုင်ပါတယ်လို့တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.