ကမ္ဘာ့အကျော်ကြားဆုံး စာရေးဆရာကြီး ဝီလျံရှိတ်စပီးယား အကြောင်း

ကမ္ဘာ့အကျော်ကြားဆုံး စာရေးဆရာကြီး ဝီလျံရှိတ်စပီးယား အကြောင်း

အင်္ဂလန်စာဆိုတော်ကြီး ဝီလျံရှိတ်စပီးယားကို အင်္ဂလန်ဘာသာဖြင့် ရေးသားသောစာပေများတွင် အကျော်ကြားဆုံးသော စာရေးဆရာကြီးအဖြစ် သတ်မှတ်ထားကြသည်။

ရှိတ်စပီးယားကို ၁၅၆၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် အင်္ဂလန်နိုင်ငံ၊ ဝါးဝစ် ရှိုင်းယားနယ်တွင်မွေးဖွားခဲ့သည်။အသက် ၁၈ နှစ် အရွယ်တွင် အန်းဟီသာဝေး ဆိုသူအမျိုးနှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။သူမက ၎င်းထက် အသက် ၈ နှစ် ပိုကြီးသည်။

ရှိတ်စပီးယားကို အင်္ဂလန်၏ အမျိုးသားကဗျာဆရာကြီးအဖြစ် သတ်မှတ်ကြသည်။ ပြဇာတ်စာပေများ၊ ဘွန်းနက်ခေါ် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ကဗျာများနှင့် ကဗျာရှည်များ ရေးသားခဲ့သူ ဖြစ်သည်။

ရှိတ်စပီးယားသည် ၎င်း၏အကောင်းဆုံးလက်ရာအများစုကို ၁၅၈၉ ခုနှစ်နှင့် ၁၆၁၃ ခုနှစ်များအကြားတွင် ဖန်တီးခဲ့သည်။ အစောပိုင်းရေးသားခဲ့သည့် ပြဇာတ်များတွင် ဟာသနှင့်သမိုင်းအမျိုးအစားများ အဓိကပါဝင်ခဲ့သည်။

ထို့နောက်တွင် အလွမ်းဇာတ်များကို အဓိကထားပြီး ၁၆၀၈ ခုနှစ်အထိ ရေးသားခဲ့ပြီး ၎င်းတို့ထဲတွင် Hamlet၊ ရိုမီယိုနှင့် ဂျူးလီးယက်၊ အော်သဲလို၊ လီယာဘုရင်ကြီး နှင့် မက္ကဘက်စသည်တို့ ပါဝင်ခဲ့သည်။ ၎င်း ပြဇာတ်များအားလုံးမှာ အင်္ဂလိပ်စာပေတွင် အကောင်းဆုံးလက်ရာများအဖြစ် သတ်မှတ်ထားကြသည်။

ရှိတ်စပီးယား၏ဘဝတွင် မှတ်တမ်း မတင်နိုင်ခဲ့သော နေ့တစ်နေ့ရှိခဲ့ဖူးသည်။ သူ၏အမြွှာကလေး ၂ ဦး မွေးဖွားခဲ့သည့်‌နေ့ဖြစ်သည်။ ၁၅၈၅ ခုနှစ်နောက်ပိုင်း တွင်ဖြစ်သည်။ မှတ်တမ်းတင်သူများက ၎င်းကာလမှာ ပျောက်ဆုံး ခုနှစ်များဖြစ်ခဲ့ပြီး ရှိတ်စပီးယားသည် ၎င်းကာလတွင် တစ်စုံတစ်ရာလုပ်ကိုင်နေခဲ့သည်ဟု သိခဲ့ကြသည်။ လန်ကတ်ရှိုင်းယားဒေသတွင် လက်ထောက်ကျောင်းအုပ် လုပ်ကိုင်နေခဲ့သည်ဟုလည်း ဆိုကြသည်။

ရှိတ်စပီးယား၏ ပထမဆုံးပြဇာတ်များမှာ နေ့စဉ် သမားရိုးကျ နေထိုင်မှုပုံစံဖြင့် ရေးသားထားသည်။ ရှိတ်စပီးယား လွှမ်းမိုးခဲ့သော ဝတ္ထုရေးဆရာများမှာ သောမက်စ်ဟာဒီ၊ ဝီလျံဖော့ကနာနှင့် ချားလ်ဒစ်ကင်း တို့ဖြစ်ကြသည်။

၁၅၉၃ ခုနှစ်နှင့် ၁၅၉၄ ခုနှစ်တို့တွင် ပြဇာတ်ရုံမှာ ပလိပ်ရောဂါကြောင့် ပိတ်ထားရသောအခါ ရှိတ်စပီးယားသည် လိင်မှုဆိုင်ရာခံစားချက်ပါသော Venus and Adonis & The Rape of Lucrec ဟူသော ဇာတ်ကြောင်းပြော ကဗျာ ၂ ပုဒ်ကို ရေးသားခဲ့သည်။

၎င်း သည် အင်္ဂလန်ဘုရင် ချိန်ကလိန် ၏ ပြဇာတ်ဖျော်ဖြေသူများအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ၁၉၅၄ ခုနှစ်မှစ၍ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။ ၎င်း၏ စာရေးသားဟန်မှာ အလွန်ဆန်းသစ်တီထွင်မှုရှိပြီး ရိုးရာဟန်များကို ပေါင်းစပ်ထားသည်။ ၎င်းတို့အပြင် စကားလုံးသုံးနှုန်းမှုလည်း ကြွယ်ဝသည်ဟု သိရသည်။

၎င်းရေးသားခဲ့သောပြဇာတ်များ၏ ခုနှစ်အတိအကျကို ဆုံးဖြတ်ရန်ခက်ခဲသော်လည်း ၁၅၉ဝ ပြည့်နှစ် မှ ၁၆၁၃ ခုနှစ်အထိ ဆယ်စုနှစ် ၂ ခုကြာကာလအတွင်း သမိုင်း၊ အလွမ်းဇာတ်၊ ဟာသ စသည့် အမျိုးအစားများတွင် စုစုပေါင်းပြဇာတ် ၃၇ ပုဒ် ရေးသားခဲ့သည်ဟု သိရသည်။

ရှိတ်စပီးယားသည် ၁၆၇၈ ခုနှစ်နောက်ပိုင်း နှင့် ၁၇ ရာစုအစောပိုင်းကာလများတွင် ပြဇာတ်များ ရေးသားခြင်း၊ သရုပ်ဆောင်ခြင်းတို့တွင် လေးစားခံရသူ ဖြစ်ခဲ့သည်။ သို့သော် ပါရမီရှင်တစ်ဦးအဖြစ်ကိုမူ ၁၉ ရာစုတိုင်အောင် အသိအမှတ်ပြုခြင်း မခံရပေ။

၁၅၉၉ ခုနှစ်တွင် ရှိတ်စပီးယားနှင့် ၎င်း၏ စီးပွားရေးမိတ်ဖက်များက သိမ်းမြစ်ကမ်း တောင်ဘက်နံဘေးတွင် ၎င်းတို့၏ ကိုယ်ပိုင်ပြဇာတ်ရုံကို တည်ဆောက်ခဲ့ကြသည်။ ၎င်းပြဇာတ်ရုံကို Globe Theatre ဟုခေါ်ပါသည်။

၁၆ဝ၅ ခုနှစ်တွင် ရှိတ်စပီးယားသည် စထရက်ဖို့ဒ်အနီးရှိ အိမ်ရာများကို ပေါင် ၄၄၀ ဖြင့် ဝယ်ယူခဲ့ရာ တန်ဖိုး ၂ ဆမြင့်တက်ခဲ့ပြီး တစ်နှစ်လျှင် ပေါင် ၆ဝဝ ဝင်ငွေရရှိခဲ့သည်။ ထို့ကြောင့် ရှိတ်စပီး ယားကို စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ အနုပညာသမားနှင့် ပညာရှင်အဖြစ် သတ်မှတ်ခဲ့ကြပြီး ထိုသို့ရင်းနှီးမြှုပ်နှံ မှုများကြောင့် ၎င်း၏ ပြဇာတ်စာရေးသားချိန်များ ခေတ္တရပ်တန့်ခဲ့ရသည်။

ရှိတ်စပီးယားသည် ငယ်စဉ်က စထရက်ဖို့ဒ်ရှိ ဘုရင့်ကျောင်းတော်သစ် (King’s NewSchool)တွင် တက်ရောက်ခဲ့ပြီး ရေးသားခြင်း၊ ဖတ်ရှုခြင်းနှင့် ဂန္ထဝင်စာပေများကို လေ့လာသင်ယူခဲ့သည်။ ထို့ပြင် အခြားပညာသင်ယူခဲ့မှုများကို မှတ်တမ်းများ တွင် မတွေ့ရှိရပေ။

ရှိတ်စပီးယားသည် ၎င်း၏အသက် ၅၂ နှစ်ပြည့်ဖြစ်သည့် ၁၆၁၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် ကွယ်လွန် ခဲ့သည်ဟု ဆိုသော်လည်း ၎င်းအားမြှုပ်နှံခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှတ်တမ်းအရ ၁၆၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင် ကွယ်လွန်သည်ဟု တွေ့ရှိရသည်။

၎င်းကွယ်လွန်ခြင်း အကြောင်းအရင်းအတိအကျကို မသိရှိရသော်လည်း အဖျားရောဂါကြောင့်ဟု ဆိုကြသည်။ သူ၏သေတမ်းစာတွင် ရှိတ်စပီးယားက သူ၏ ပိုင်ဆိုင်မှုအများအပြားကို အကြီးဆုံးသမီး ဆူဆန်နာအား ပေးအပ်ထားခဲ့သည်။

ဇနီးဖြစ်သူအန်းမှာ သက်ရှိထင်ရှား ရှိသော်လည်း စည်းစိမ်ဥစ္စာများကို ဇနီးအား ပေးအပ်ခဲ့ခြင်း မပြုဟုသိရသည်။ အကြောင်းအရင်းကိုမူ သဲသဲကွဲကွဲ မသိရဟုဆိုသည်။

Source-Knowledge Light

Leave a Reply

Your email address will not be published.