အနောက်နိုင်ငံများက ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ လေယာဉ်ပစ် ပုခုံးထမ်းလောင်ချာများ

ယူကရိန်းစစ်တပ်မှာ အသုံးပြုနေတဲ့ ပုခုံးထမ်းလေယာဉ်ပစ် လောင်ချာများ

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာတဲ့ ရုရှားစစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ ယူကရိန်းစစ်တပ်ကို အမေရိကန်နှင့်အနောက်နိုင်ငံများက Stringer၊ Starstreak စတဲ့ ပုခုံးထမ်း လေကြောင်းကာကွယ်ရေးစနစ်များ၊ အစွမ်းထက် Javlein ပုခုံးထမ်း တင့်ဖျက်လက်နက်များနှင့် အခြားလက်နက်ခဲယမ်းအများအပြားကို ထောက်ပံ့ပေးထားပါတယ်။

ယူကရိန်းစစ်တပ်ဟာ ပုခုံးထမ်း လေကြောင်းကာကွယ်ရေးစနစ် (Man-Portable Defence Systems_ MANPADS)များဖြင့် ရုရှားရဲ့ တိုက်လေယာဉ်တွေနဲ့ ဟယ်လီကော်ပတာတွေကို ခုခံပစ်ချ‌နေတာကိုလည်း ယူကရိန်း လူမှုကွန်ရက်တွေမှာ တွေ့ရပါတယ်။

ပုခုံးထမ်း လေကြောင်းကာကွယ်ရေးစနစ် (Man-Portable Defence Systems_ MANPADS) များကို မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ(Surface-to-Air Missile _SAM)လို့လည်း ခေါ်ပါတယ်။

ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ နာမည်ကျော် ပခုံးထမ်း လေကြောင်းကာကွယ်ရေးစနစ်(Man-Portable Defence Systems_ MANPADS)ဖြစ်တဲ့ အမေရိကန်လုပ် FIM-92 Stringer နဲ့ ယူကေလုပ် Starstreak လေကာစနစ်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) FIM-92 Stinger ပခုံးထမ်း လေယာဉ်ပစ်လောင်ချာ

စတင်ဂါ (Stringer)ဟာ ရုရှားလေယာဉ်နဲ့ ဟယ်လီကော်ပတာတွေကို ခုခံပစ်ချနေတဲ့ ပုခုံးထမ်းလေယာဉ်ပစ်ဒုံးကျည်ထဲမှာတော့ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ FIM-92 Stinger ကို အမေရိကန်ကုမ္ပဏီ Raytheon က တီထွင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

FIM-92 Stinger လေယာဉ်ပစ်ဒုံးကျည်ဟာ အလျား ၅ ပေ၊ အလေးချိန် ၃၅ ပေါင်ရှိပါတယ်။ စစ်သည်တစ်ယောက်တည်းကနေ ပုခုံထမ်းပစ်လွှတ်ရင် ၁ နာရီ ကီလို ၂,၄၀၀ နှုန်းနဲ့ ကီလိုမီတာ ၄,၈၀၀ အဝေးထိ ပျံသန်းနိုင်ပါတယ်။

ဒီစတင်ဂါဒုံးဟာ အနီအောက်ရောင်ခြည် ထိန်းချုပ်မှုနဲ့ ပစ်မှတ်လေယာဉ်ရဲ့ အိတ်ဇောအပူငွေ့ကို အာရုံခံနိုင်ပြီး အမြင့်ပေ ၁ သောင်း ၁ ထောင်အောက် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို အေးအေးဆေးဆေး ပစ်ချနိုင်ပါတယ်။

စတင်ဂါဒုံးကျည်တွေရဲ့ အစွမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်တုန်းက ဆိုဗီယက်-အာဖကန်နစ္စတန်စစ်ပွဲမှာကတည်းက ပြသခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲတုန်းကလည်း စတင်ဂါဒုံကျည်တွေဟာ ရုရှားလေယာဉ်တော်တော်များကို မြေခအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

စတင်ဂါပုခုံးထမ်း လေယာဉ်ဖျက်ဒုံးကို ၁၉၈၁ ခုနှစ်နောက်ပိုင်းတွင် စတင်သုံးစွဲလာကြတာဖြစ်ပြီး မျိုးဆက်သစ်ဒုံးတွေကို အမေရိကန်နဲ့ မဟာမိတ် ၂၉ နိုင်ငံလောက်မှာ အသုံးပြုနေတယ်လို့ သိရပါတယ်။

စတင်ဂါဒုံးကျည်တစ်လက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃ သောင်း ၈ ထောင်ခန့် ရှိပါတယ်။ အမေရိကန်နှင့် နေတိုးနိုင်ငံများဟာ ယူကရိန်းကို စတင်ဂါ ပုခုံးထမ်းလေကြောင်းကာကွယ်ရေးစနစ် ၂၀၀၀ ကျော် ပေးပိုးထားပြီး ဖြစ်ပါတယ်။

(၂) Starstreak လေဆာ လေယာဉ်ပစ်လက်နက်

ယူကေက ယူကရိန်းကို ယူကေရဲ့ အကောင်ဆုံး Starstreak နောက်ဆုံးပေါ် လေဆာ လေယာဉ်ပစ်လက်နက်ကို ပေးပို့ထားပါတယ်။ ဒီလက်နက်ကို အသုံးပြုဖို့ကိုလည်း ယူကရိန်းစစ်ဘက်ကို လေ့ကျင့်ပေးထားပြီ ဖြစ်ကြောင်း သိရပါတယ်။

Starstreak နောက်ဆုံးပေါ် လေဆာ လေယာဉ်ပစ်လက်နက်ကို Thales Air Defence ကုမ္ပဏီက တီထွင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Starstreak လက်နက်ဟာ အလေးချိန် ပေါင် ၃၀ ရှိပြီး အလျား ၄ ပေ ၇ လက်မ ရှိကာ လုံးပတ်က ၅ လက်မ ရှိပါတယ်။

Starstreak လက်နက်ဟာ တစ်လုံးပစ်လောင်ချာ စနစ်နှင့် ၃ လုံးပစ်လောင်ချာစနစ်များ ရှိပါတယ်။ Starstreak လက်နက်ဟာ အသံထက် ၄ ဆ အမြန်နှုန်းနဲ့ အကွာအဝေး ၄.၃ မိုင်အထိ ပျံသန်းတိုက်ခိုက်နိုင်ပါတယ်။

Starstreak လေယာဉ်ပစ်လက်နက်ဟာ လေဆာရောင်ခြည်သုံး မြေပြင်မှ ဝေဟင်ပစ် ပခုံးထမ်းလောင်ချာစနစ်ဖြစ်ပြီး အမြင့်ပေ ၁၆၀၀၀ အထက်က လေယာဉ်နဲ့ ရဟတ်ယဉ်တွေကို ပစ်ချနိုင်ပါတယ်။ ဒီ Starstreak လက်နက်ကိုစစ်မြေပြင်မှာ ယခင်က အသုံးပြုခြင်း မရှိခဲ့ပါဘူး။

ယခု ယူကရိန်းစစ်ပွဲမှပဲ ရုရှားလေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို မြည်းစမ်းပြီး အကောင်းဆုံး လေယာဉ်ပစ်လက်နက်ဖြစ်တယ်ဆိုတာ သက်သေပြခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

Starstreak လေယာဉ်ပစ်လက်နက်ကို ၁၉၈၆ ခုနှစ်ကတည်းက တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဗြိတိန်အပါအဝင် ထိုင်း၊အင်ဒို၊မလေးနှင့် တောင်အာဖရိကစစ်တပ်များတွင် အသုံးပြုလျှက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *