အံ့ဘွယ် ဂျပန်လူနေမှုဘဝ

အံ့ဘွယ် ဂျပန်လူနေမှုဘဝ

ခုတင်ပြမှာကတော့ ဂျပန်လူမျိုးတို့ရဲ့နေ့စဉ်ဘဝ ဖြတ်သန်းမှုထဲက အများနဲ့မတူတဲ့ အရာတွေဖြစ်ပါတယ်။ ဒါတွေကတော့

( ၁ ) သင်ဟာ ဂျပန်လေဆိပ်ကိုရောက်တာနဲ့ ပထမဆုံးတွေ့ရမှာက သင့်ရဲ့ ခရီးဆောင်အိပ်ကို ရွေ့လျားခါးပါတ်( convayer belt ) ကထွက်လာတာနဲ့ သန့်ရှင်းရေးလုပ်ပေးတာကိုပါ။ ဒါက တခြားဘယ်နိုင်ငံမှာမှ တွေ့ရမှာမဟုတ်ပါဘူး။

( ၂ ) ဂျပန်ရဲ့ရထားတွေမှာ သင်ခြေဆေးနိုင်ပါတယ်။ ဒါက ခရီးစဉ်အတွင်း သင့်ကိုသက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။

( ၃ ) ဂျပန်ပြည်ရဲ့ မြောက်ပိုင်းဒေသတွေမှာ လူအများကို လမ်းပေါ်မှာလမ်းလျောက်စေပါတယ်။ အေးခဲနေတဲ့ ရေခဲနဲ့ နှင်းတွေဟာ လူရဲ့အပူရှိန်ကြောင့် အရည်ပျော်သွားစေခြင်လို့ပါတဲ့။

( ၄ ) ဂျပန်ဘူတာ‌တွေမှာ ရထားတွေရဲ့ဆိုက်ရောက်ချိန်ကို စက္ကန့်အထိ ဖေါ်ပြထားပါတယ်။ ဒါက သူတို့ဘယ်လောက်အချိန်တိကျတယ်ဆိုတာ ပြပါတယ်။

( ၅ ) ဂျပန်မှာ ဘယ်သူမဆို အသုံးပြုလို့ရတဲ့ ထီးများတင်ထားတဲ့စင်တွေကိုတွေ့နိုင်ပါတယ်။ တချို့ထီးတွေဟာ ရေမစိုတဲ့အလွှာပါတဲ့အတွက် အဆောက်အဦထဲကိုဝင်တဲ့အခါ ကြမ်းပြင်ပေါ် ရေမကျပါဘူးတဲ့။

( ၆ ) ဂျပန်မှာ ဘေ့စ်ဘော အားကစားနည်းဟာ ခေတ်စားပါတယ်။ အမေရိကန်နိုင်ငံအပြင် ဒီကစားနည်းကို နိုင်ငံအနည်းငယ်ကသာ စိတ်ဝင်စားကြပါတယ်။ဂျပန်အပါအဝင်ပေါ့။

( ၇ ) ဂျပန်အငယ်တန်းကျောင်းတွေမှာ အုပ်ထိန်းသူ လိုက်စောင့်စရာမလိုပါဘူး။ ကလေးတွေဟာ မိမိတကိုယ်ရည်သန့်ရှင်းရေးကို ကိုယ်တိုင်လုပ်ဆောင်တတ်အောင်သင်ကြားပေးပါတယ်။ဒါကြောင့်ကလေးများကို သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်စေတဲ့ အ‌လေ့အကျင့်ကို ရရှိစေပါတယ်။

( ၈ ) ဂျပန် အငှားကားတွေရဲ့ တံခါးတွေဟာ အလိုအလျောက် အဖွင့်အပိတ်စနစ် ပြုလုပ်ထားတဲ့အတွက် သင်ကိုယ်တိုင် ဖွင့်ပိတ်လုပ်စရာမလိုပါ။

( ၉ ) အိမ်သာတွေကလဲ အဆင့်မြင့်ပါတယ်။ သင်ကိစ္စဖြေရှင်းလို့ထွက်လာတဲ့ မနှစ်မြို့ဖွယ် အသံတွေကို အတွင်းမှာတပ်ထားတဲ့ရေပန်းပြွန်တခုက ပယ်ဖျောက်ပေးပါလိမ့်မယ်။ သင်ထိုင်တဲ့နေရာတွေကို အအေးဒါဏ်ကကာကွယ်ဖို့သင်လျော်တဲ့အပူချိန်ရအောင် ထဲ့သွင်းတည်ဆောက်ထားပါတယ်။

( ၁၀ ) စားသောက်ဆိုင်မှာနမူနာပြထားတဲ့ အစားအသောက်ပုံစံတူတွေဟာ အစစ်နဲ့ခွဲမရအောင်လုပ်ထားတဲ့ အတုတွေပါ။ ဒါပေမဲ့သင်စားချင်တဲ့ပုံစံကို အလွယ်တကူရွေးချယ်နိုင်ပါတယ်။

( ၁၁ ) တိုကျိုမြို့ဟာ ကမ္ဘာ့လုံခြုံမှုအရှိဆုံးမြို့လို့ ပြောလို့ရပါတယ်။ တခါတလေ အုပ်ထိန်းသူမပါတဲ့ကလေးငယ်တွေဟာ လမ်းပေါ်မှာလွတ်လပ်စွာ ဆော့ကစားနေကြပါတယ်။ သူတို့ဟာ အများသုံးခရီးသည်ပို့ဆောင်ရေးယာဉ်တွေကို အန္တရယ်ကင်းစွာစီးနင်းသွားလာနေကြပါတယ်။ဈေးဝယ်နိုင်ကြပါတယ်။

( ၁၂ ) ဂျပန်ရဲ့ရေမြောင်းတွေဟာ သန့်ရှင်းကြည်လင်နေတဲ့အတွက် ရောင်စုံငါးတွေ ကူးခတ်နေတာ သင်မြင်ရနိုင်ပါတယ်။

( ၁၃ ) ဂျပန်မှာပြိုင်ဖက်ကင်းတဲ့ ‌ဟိုတယ်တွေရှိပါတယ်။ ဟိုတယ် ဒီဇိုင်းကိုရေးဆွဲခဲ့တဲ့ Kisho Kurokawa ဟာ ၁၉၇၀ အိုဆာကာ ပြိုင်ပွဲမှာ ပထမရခဲ့ပါတယ်။ သူ့ပုံစံက သိပ္ပံ စိတ်ကူးယာဉ် ပုံစံဖြစ်လို့ပါ။

( ၁၄ ) ဂျပန်မှာ အချစ်ဟိုတယ်လဲ ရှိပါတယ်။ တမျိုးမထင်ပါနဲ့ ။ သမီးရည်းစားတွေချိန်းတွေ့ဖို့ပါ။ ဟိုတယ်‌တွေရဲ့အဓိကဆိုလိုရင်းတွေက အမျိုးမျိုးရှိပါတယ်။ တချို့က မူးယစ်သောက်စားဖို့နဲ့ တချို့ကတော့ ရေလွှာလျောစီးဖို့ပါတဲ့။ဧည့်သည်တွေဟာ စက်နဲ့ပဲငွေပေးချေရတာဖြစ်ပြီး ပိုင်ရှင်ကိုတွေ့ရမှာ မဟုတ်ပါဘူး။

( ၁၅ ) ဖေါက်ထွင်းခိုးယူမှုဆိုတာ မရှိပါဘူးတဲ့။ဂျပန်ဟာ သဘာဝဘေးကို မျိုးစုံခံစားရတဲ့နိုင်ငံ ဖြစ်ပါတယ်။ ငလျင် ဆူနာမီ နဲ့ မီတောင်ပေါက်ကွဲမှုတွေပါ။ ဒါကြောင့် အိုးအိမ်များကို စွန်ခွာထားခဲ့ရတာမျိုးရှိပေမဲ့ ပြန်လာတဲ့အခါ တစုံတခုမှ ပျောက်ရှတာမျိုး မရှိပါဘူး။

( ၁၆ ) ဂျပန်ဟာ စပါးစိုက်တဲ့နိုင်ငံဖြစ်ပါတယ်။ အနုပညာဓါတ်ခံရှိတဲ့ လယ်သမားတွေဟာ သူတို့ရဲ့စပါးခင်းတွေကို ပန်းချီကားတချပ်လို ပုံဖေါ်လေ့ရှိပါတယ်။နှစ်စဉ်ဧပြီလတိုင်းမှာ လယ်သမားကြီးတွေဟာ တွေ့ဆုံဆွေးနွေးပြီး ဘာပင်တွေစိုက်ကြမယ်ဆိုတာ ဆုံးဖြတ်ကြပါတယ်။

( ၁၇ ) ဂျပန်က ကျည်ဆံရထားကို သန့်ရှင်းရေးလုပ်ရသူများဟာ စူပါလူသားတွေပါ။ ရထားဟာ ဘူတာမှာ ဆယ်မိနစ်သာ ရပ်နားစဉ်အတွင်း အပြေးအလွှားလုပ်ဆောင်ကြရပါတယ်။

( ၁၈ ) ဂျပန်မှာ စက်ရုပ်လုပ်သားများက ဝန်ဆောင်မှုပေးတဲ့ စားသောက်ဆိုင်တွေရှိပါတယ်။ စက်ရုပ်တွေရဲ့ပုံစံကလဲမျိုးစုံပါ။ နဂါးပုံ နင်ဂျာပုံ စသဖြင့်ပေါ့။

( ၁၉ ) ရုံးလုပ်ငန်းခွင်မှာ အိပ်စက်ခြင်းဟာ ဂျပန်မှာတရားဝင်ခွင့်ပြုပါတယ်။၊သူ့ရဲ့ပင်ပန်းမှုဟာ လုပ်ငန်းခွင်အတွက် ပေးဆပ်မှုရှိခဲ့တယ်လို့ ယူဆပါတယ်တဲ့။

( ၂၀ ) ဂျပန်ရဲ့နေရာတော်တော်များများမှာ ဝယ်ရောင်းစက် တွေရှိပါတယ်။ ကြက်သွန်၊ ငြုပ်သီးကစလို့ အောက်ခံဝတ်ဆင်စရာအထည်တွေအထိ စက်ကဝယ်ရောင်းလုပ်နိုင်ပါတယ်။

( ၂၁ ) နောက်ဆုံးတချက်အနေနဲ့ကတော့ ငယ်ရွယ်သူမိန်းကလေးတွေအတွက်ပါ။ အလိုမတူပဲ အဓမ္မပြုကျင့်မှုဆိုတာ ဂျပန်မှာ မရှိပါဘူးတဲ့။

အခုဖေါ်ပြခဲ့တာတွေကတော့ ဂျပန်ရဲ့အများနဲ့မတူ တမူထူးတာတွေပါဘဲ။မိတ်ဆွေများ ဂျပန်ကိုသွားခဲ့ရင် အသုံးဝင်နိုင်ဖို့ ကြိုးစားရှာဖွေတင်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published.