ဂြိုဟ်သားတွေကို မြူဆွယ်ဖို့ ကိုယ်လုံးတီ:ပုံတွေ အာကာသထဲ လွှတ်တင်ထားမယ့် နာဆာ

ဂြိုဟ်သားတွေကို မြူဆွယ်ဖို့ ကိုယ်လုံးတီ:ပုံတွေ အာကာသထဲ လွှတ်တင်ထားမယ့် နာဆာ

အာကာသထဲမှာ ဂြိုဟ်သားတွေ ရှိတယ်၊မရှိဘူးဆိုတာကို ခေတ်အဆက်ဆက် သိပ္ပံပညာရှင်တွေအကြား ပဟေဠိဆန်ဆန် ရှိနေခဲ့ကြတာဟာ ယနေ့အထိတိုင်အောင် ဖြစ်ပါတယ်။

ဂြိုဟ်သားတွေ တွေ့တယ်ဆိုတဲ့ ကောလဟာလစကားတွေ၊ ထူးဆန်းတဲ့အရာဝတ္ထုတွေတွေ့တာနဲ့ ဒါတွေဟာ ဂြိုဟ်သားတွေလုပ်တာလို့ သိပ္ပံပညာရှင်တွေကမှတ်ချက်​ပေးကြသလို ရုပ်ရှင်ဇာတ်လမ်းတွေကလည်း ဂြိုဟ်သားတွေ တကယ်ရှိ၊မရှိဆိုတဲ့ အရာနဲ့ပတ်သက်ပြီး လူတွေရဲ့ သိလိုစိတ်ကို အမြဲနိုးဆွနေကြပါတယ်။ သိပ္ပံပညာရှင်တွေကလည်း ဂြိုဟ်သားရှာဖွေရေးလုပ်ငန်းတွေကို အမြဲလုပ်ဆောင်နေကြပါတယ်။

ယခုလည်း နာဆာ သိပ္ပံပညာရှင်တွေဟာ ဂြိုဟ်သားတွေကို တွေ့နိုင်ဖို့ ၊ ဂြိုဟ်သားတွေကို ဆွဲဆောင်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်လုံ:တီး လူသားပုံတွေကို အာကာသထဲကို လွှတ်တင်ထားထားဖို့ စီစဉ်နေကြပါတယ်။

‌ဖော်ပြချက်ထဲမှာတော့ ဒီ ကိုယ်လုံ:တီးပုံတွေကို အသိဉာဏ်ရှိတဲ့ ဂြိုဟ်သားမျိုးနွယ်စုတွေတွေ့တဲ့အခါ ပုံတွေကနေ ဂြိုဟ်သားတွေကို ပြန်လည်တုံ့ပြန်ဖို့ ဖိတ်ခေါ်ချက်‌ တွေလဲ ပါဝင်မှာ ဖြစ်ပါတယ်။

ကိုယ်လုံ:တီး လူသားများရဲ့ ပုံဟာ ဂရပ်ဖစ်ဓါတ်ပုံတော့ မဟုတ်ပါဘူး။ DNA နဲ့ သရုပ်ဖော်ဖန်တီးထားတဲ့ အဝဝာ်မပါတဲ့ အမျိုးသားနဲ့အမျိုးသမီးဟာ ဟယ်လို ဆိုပြီး လက်ကိုဝှေ့ယမ်းနှုတ်ဆက်နေပုံ ဖြစ်ပါတယ်။

နာဆာသိပ္ပံပညာရှင်များဟာ Beacon in the Galaxy (BITG) လို့ခေါ်တဲ့ ပရောဂျက်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အာကာသကို ပို့လွှတ်မဲ့ ကိုယ်တုံ:လုံး လူပုံများကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ BITG ရောဂျက်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဂြိုဟ်သားမျိုးနွယ်စုထံ သတင်းစကားပေးပို့ရန် ဖြစ်ပါတယ်။

ဟယ်လိုဆိုပြီး လက်ကို‌ဝှေ့ယမ်းနှုတ်ဆက်နေတဲ့ အဝဝာ်မပါတဲ့ အမျိုးသားနဲ့ အမျိုးသမီးပုံကနေ နောက်ဆုံးမှာ ဂြိုဟ်သားတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်များက ယူဆထားပါတယ်။

သိပ္ပံပညာရှင်များဟာ ကိုယ်လုံးတီ: လူပုံတွေနဲ့အတူ ကွန်ပျူတာကုဒ် စာသားတွေကိုလည်း ပေါင်းထည့်ပြီး အာကာသကို လွှတ်တင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာကုဒ် စာသားတွေကို ဂြိုဟ်သားတွေ နားလည်နိုင်ဖွယ်ရှိတယ်လို့ ယူဆထားတာကြောင့်ဖြစ်ပါတယ်။

ကိုယ်လုံ:တီးလူသားတွေရဲ့ သရုပ်ဖော်ပုံတွေကို အာကာသထဲကို ပို့လွှတ်တဲ့ အယူအဆဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၉၇၂ ခုနှစ်က Pioneer 10 နဲ့ ၁၉၇၃ ခုနှစ်က Pioneer 11 မစ်ရှင်များကနေ အာကာသကို ပို့လွှတ်ခဲ့တဲ့ Pioneer ကဗ္ပည်းပြားမှာလည်း ကိုယ်လုံ:တီး လူသားများရဲ့ ပုံများ ပါရှိပါတယ်။

ကိုယ်လုံ:တီး လူသားပုံတွေကနေ ဂြိုဟ်သားတွေကို တကယ်ပဲ ဆွဲဆောင်နိုင်ပြီး ဂြိုဟ်သားတွေကို တွေ့ရှိနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *